ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ခရီးစဉ်နှင့် နတ်ရုပ် တူးဖေါ်မှု အရှုပ်တော်ပုံ

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ခရီးစဉ်နှင့် နတ်ရုပ် တူးဖေါ်မှု အရှုပ်တော်ပုံ
by -
ထွန်းထွန်း

မြန်မာ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ကော့စ်ဘဇားသို့ လာရောက် လည်ပတ်မည့့် ခရီးစဉ် တစ်ရက် အလို ယမန် နေ့က ဗိုလ်ချုပ်ကြီး အဓိကထား လာရောက် လည်ပတ်မည့် မဟာသိမ်တော်ကြီး ပရဝုဏ်အတွင်း ရှိ ရှေးဟောင်း နတ်ရုပ်ထု တစ်ခုအား တူးဖေါ်မူ ပေါ်ပေါက်ခဲ့သည်။

Coxsbazar-Soe-win-visited-templeထိုကဲ့သို့ တူးဖေါ်ခဲ့သော်လည်း အဆိုပါ နတ်ရုပ် အောက်ခြေ ကျောက်တိုင်မှာ မြေအောက်တွင် အနက်ပေ မြောက်များစွာ မြုပ်ထားသဖြင့် တူးဖေါ်၍ ရရှိခဲ့ခြင်း မရှိကြောင်းနှင့် ယခုအခါ ဒေသခံ ပြည်သူများ အကြားတွင် အဆိုပါ တူးဖေါ်မူကြောင့် ပြဿနာများ တိုးပွားနေကြောင်း သိရသည်။

" နတ်ရုပ်ကို တူးဖေါ်တယ်။ ဒါပေမယ့် တူးဖေါ်လို့ ရမသွားပါဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုုးဝင်းက ဒီကနေ့ နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ဖလောင်းချိတ်က မဟာသိမ်တော်ကြီး လာတယ်ဆိုတော့ မနေ့က တူးတာပါ။ ဘာကြောင့် တူးတယ်။ ဘယ်သူတွေက တူးတယ် ဆိုတာကိုတော့ ဒီနေ့ စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ၈၈ မျိုးဆက် ကိုနိုင်နိုင်က ပြောသည်။

ဖလောင်းချိတ်မှာ ကော့စ်ဘဇားမြို့ကို ရခိုင်လို ခေါ်ဆိုခြင်းဖြစ်ပြီး အဆိုပါ မြို့ရှိ မဟာသိမ်တော်ကြီး ပရဝုဏ် အတွင်း လူဝင်ပေါက်ကို နောက်ခိုင်းပြီး ဘုရားကို မျက်နာပြုထားသော ထိုင်နေဟန်ပြုလုပ် ထားသော နတ်ရုပ်မ ရုပ်ထု တစ်ရုပ် ရှိသည်။

" ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ဖလောင်းချိတ် ခရီးစဉ် အတွင်း မဟာသိမ်တော်ကြီးမှာ ထူးခြားမူ နှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။။ တစ်ခုကတော့ နှစ်ပေါင်းရာနဲ့ ချီပြီး ရှိနေတဲ့ မဟာသိမ်ကျောင်းထဲမှာရှိတဲ့ နတ်ရုပ်ကို တူးဖေါ်မှုရယ်။ နောက်တစ်ခုက သိမ်ကွင်း ထဲမှာရှိတဲ့ ဇရပ်ဟောင်း တဆောင်ကို ဖြိုဖျက်မူတွေ ဖြစ်ပါတယ်" ဟု ကိုနိုင်နိုင်က ဆက်ပြောသည်။

ထိုသို့ ဖြစ်ပျက်မူများ ပေါ်ပေါက်ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကော့စ်ဘဇား မြို့သို့ ရောက်ရှိလာပြီး ယနေ့ နံနက် ၉ နာရီခွဲတွင် မဟာသိမ်တော်ကြီးသို့ လာရောက် လည်ပတ်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် မဟာသိမ်တော်ကြီး ရင်ပြင်တော်သို့ လာရောက် လည်ပတ်စဉ် မဟာသိမ်တော်ကြီး အတွင်းရှိ ဘုရားများကို ဖူးမျှော်ခြင်း၊ ပင့်ဖိတ် ထားသော သင်္ဃာ ၉ ပါးအား ပစ္စည်းများလှူဒါန်း ဆက်ကပ်ခြင်း၊ အမျှဝေ ရေစက်ချပြီးနောက် နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာ သွားခဲ့သည်။
Soe-win-visited-Cosxbazar-temple
ကော့စ်ဘဇား မဟာသိမ်တော်ကြီးမှာ အထိကရိများ ရှိသည်ဟု ဒေသခံ ပြည်သူများက ယုံကြည် နေကြပြီး အဆိုပါ ယုံကြည်မူမှာ သိမ်တော်ကြီးသို့ လာရောက်လည်ပတ်သူ တိုင်းပြည်၏ ထိပ်တန်း အရာရှိကြီးများ အနေဖြင့် သိမ်တော်ကြီးမှ ပြန်လျှင် အလုပ်ပြုတ်သွားလေ့ရှိသည် ဆိုသော ယုံကြည်မူ ဖြစ်သည်။

မြန်မာနိုင်ငံမှ အလုပ်မှ ဖြုတ်ထုတ်ခံလိုက်ရသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်နှင့် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ထွန်းကြည်တို့မှာလည်း ဘင်္ဂလာဒေချ့်နိုင်ငံသို့ ချစ်ကြည်ခရီး လာရောက်စဉ် ကော့စ်ဘဇားမြို့ မဟာ သိမ်တော်ကြီးသို့ လာရောက် လည်ပတ်ပြီး များးမကြာမှီက အလုပ်က ပြုတ်သွားခဲ့ကြောင်း သိရသည်။ ဘင်္ဂလာဒေချ့် သမ္မတ မူဟာမတ် အာရှတ်မှာလည်း သိမ်တော်ကြီးသို့ လာရောက်လည်ပတ်ပြီး များမကြာမှီ သမ္မတ ရာထူးမှ ပြုတ်သွားခဲ့ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖြစ်ပျက်မူများ ရှိသဖြင့် သိမ်တော်ကြီး ပရဝုဏ်အတွင်းရှိ နတ်ရုပ်ကြောင့်ဟု ယူဆကာ အဆိုပါ နတ်ရုပ်ကို ဖယ်ရှားရန် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြို့သူ မြို့သားများက ပြောဆိုနေကြကြောင်း သိရသည်။

ယနေ့ မဟာ သိမ်တော်ကြီးရင်ပြင် ဧရိယာတစ်ခုလုံးတွင် ဘင်္ဂလားဒေ့ချ် စစ်သားများနှင့် ထောက် လှမ်းရေး အများအပြားကို တင်းကျပ်စွာ ချထားခဲ့သည်။ ဒေသခံများ ရာနှင့်ချီ၍ ဗိုလ်ချုပ်ကြီး စိုးဝင်းအား လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

သူတို့ လာရောက်လည်ပတ်စဉ် ၈၈ မျိုးဆက်သစ် အမျိုးသားရေးကိုနိုင်နိုင်က မြန်မာ့ စစ် ခေါင်းဆောင်သို့ မြန်မာ နှင့် ဘင်္ဂလီ နှစ်ဘာသာဖြင့် ရေးသားထားသော အိတ်ဖွင့်ပေးစာများကို လူစည်ကားသည့်နေရာများ တွင် ကပ်ထားခြင်း၊ ဒေသတင်းထောက်များသို့ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week