မြောင်းမြ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုစိုးသီဟ လူမဆံစွာ ရိုက်နှက်ခံရ

မြောင်းမြ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုစိုးသီဟ လူမဆံစွာ ရိုက်နှက်ခံရ
by -
နိရဥ္စရာ

ဧရာဝတီတိုင်း မြောင််းမြ အကျဉ်းထောင်မှ ထောင် တသက် လွှတ်ရက် မရှိ ကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ကိုစိုးသီဟ (ခေါ်) ကိုကျော်ဇင််သက်ကို များမကြာမှီက ထောင် အာဏာပိုင် တစ်ဦးက ရိုက်နှက်ခဲ့သဖြင့် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Prison" သူခေါင်းက ကွဲသွားတယ်။ လက်ကျိုးသွားတယ်။ ဆက်ပြီး နှိပ်စက်ခံရတယ်။ သတိမေ့လု မတတ် ဖြစ်သွားပါတယ်" ဟု များမကြာမှီက မြောင်းမြထောင်မှ လွှတ်လာသူ တစ်ဦးက ပြောသည်။

အဆိုပါ အခင်းမှာ ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၂၃ ရက်နေ့က မြောင်းမြ အကျဉ်းထောင် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ကိုစိုးသီဟက ထောင်ပိုင်ကြီးကို လိုလားချက်တွေကို တင်ပြနေချိန်မှာ ဒုထောင်မှူး ရဲမင်းအောင် (က ၃၈၈၉)နဲ့ သူ့နောက်လိုက် နောက်ပါတွေက တုတ်တွေနဲ့ ၀င်ရိုက်ပါတယ်။ ရိုက်တာကိုမှ ရန်သူလို သဘောထားပြီး ရိုက်တာပါ"ဟု သူက ပြောသည်။

ကိုစိုးသီဟမှာ ထိုသို့ ရိုက်နှက်ခံခဲ့ရသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သော်လည်း ဆေးရုံ တက်ရောက် ဆေးကုသခွင့် မရခဲ့သလို ထိုကဲ့သို့ ရိုက်နှက် အနိုင်ကျင့်သူ ဒုထောင်မှူး ရဲမင်းအောင်အားလည်း အထက် အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူ အပြစ်ပေးခြင်း မရှိကြောင်း သိရသည်။

ကိုစိုးသီဟမှာ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ရွှေဘိုမြို့နယ် ဥယျာဉ်တော်ကျေးရွာ ဇာတိ ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦး ဖြစ်ကာ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမိုးသီးဇွွန်နှင့် ရင်းနှီးသူ လုပ်ဖေါ်ကိုင်ဘက် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ကိုစိုးသီဟမှာ ရန်ကုန်မြို့တော်ခန်းမ ဗုံးဖေါက်ခွဲရန် ကြံစည်မူဖြင့် သေဒဏ်ချမှတ်ခံခဲ့့ရပြီး ၂၀၁၁ ခုနှစ် မေလတွင် လွှတ်ငြိမ်းချမ်းသာခွင့့်ဖြင့် သေဒဏ်မှ ထောင်တသက် လွှတ်ရက်မရှိ ပြစ်ဒဏ်သို့ချမှှတ်ခံထား ရသူ ဖြစ်သည်။

ကိုစိုးသီဟသည် သူ့အား ယခုကဲ့သို့ ထောင်အာဏာပိုင်များက လူမဆံစွာ ရိုက်နှက် ညှဉ်းပမ်းနှိပ်စက်မူ အပေါ် ကဗျာရေးဖွဲ့ကာ ပြင်ပမှ သူ၏ လုပ်ဖေါ်ကိုင်ဘက်များ၊ မိတ်ဆွေများ၊ ဒီမိုကရေစီအရးလူပ်ရှားသူ များကို ပေးပို့ခဲ့သည်။

သူရေးသား ပေးပို့ခဲ့သောကဗျာမှာ အောက်ပါ အတိုင်း ဖြစ်သည်။

(သိုးမဲများနှင့် ရင်ဆိုင်ခြင်း)

+ မိစ္ဆာတမာန်ရဲ့ ရိုင်းပြခြင်းက ကြမ်းရှရှပေါ့။

+ ရိုက်စမ်းပါ၊ ရိုက်စမ်းပါ၊ ရိုက်လိုက်စမ်းပါ၊ ငါ၏ ဦးခေါင်းကွဲကြေ။

+သို့ဖြစ်ငြားလည်း အရှုံးမပေး၊ ဒို့မကြောက် ဒူးမထောက်ပါ။

+ကြည့်စမ်းပါ၊ ကြည့်စမ်းပါ၊ ကြည့်လိုက်စမ်းပါ။ ငါ့ကိုယ်အရှင်ရဲ့ သွေးတွေ သွေး….. သွေး…. သွေး

+ ခွပ်ဒေါင်းသခင်ရဲ့ သွေးတွေ တဝေါဝေါကျ

+ ကမ္ဘာမြေပေါ် စီးဆင်းသွား၊ သြဇာမြေဆီ ဖြစ်စေလို့၊ ပန်းမျိုးတရာ ဝေဆာစေဖို့ပ။

(အမှတ်တရ ၂၀၁၁ စက်တင်္ဘာ ၂၃ ကို ဖွဲ့ကျူးခြင်း)

Most read this week