NLD တည်ထောင်သူ များတွင် အမျိုးသမီး ထက်ဝက်ကျော်ပါဝင်

NLD တည်ထောင်သူ များတွင် အမျိုးသမီး ထက်ဝက်ကျော်ပါဝင်
by -
ကိုဝိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီ တည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက် ကျော် ပါဝင်သလိုကယားပြည်နယ်မှ လွဲ၍နယ်စုံမှ ပါဝင်သည်ကို တွေ့ရသည်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည် နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။

၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထား သည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။
nend1
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင်ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်းခေါ်ဝေါ် လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။

“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။ 

နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ်ဦးဉာဏ် ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေး သွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါ မည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။

ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စားလှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)nldelectionamoun