မလေးရှားရောက် ရခို်င်အမျိုးသား ၁၀၀ ခန့်က ဗြိတိသျှ သံရုံးရှေ့တွင် ဘီဘီစီကို ဆန္ဒပြ

မလေးရှားရောက် ရခို်င်အမျိုးသား ၁၀၀ ခန့်က ဗြိတိသျှ သံရုံးရှေ့တွင် ဘီဘီစီကို ဆန္ဒပြ
by -
မောင်ရမ္မာ

မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသားများ ၁၀၀ ခန့်က ကွာလာလမ်ပူမြို့ ရှိ ဗြိတိသျှ သံရုံး ရှေ့သို့ သွားရောက်ပြီး ဘီဘီစီ (အာရှပစိဖိတ်ဌာန)မှ ရခိုင်ပြည် နယ် မြေပုံပေါ် ရေးသားဖေါ်ပြသော သတင်းနှင့် ဓါတ်ပုံ အပေါ် မကျေနပ်သဖြင့် သွားရောက် ဆန္ဒပြတောင်း ဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

Arakanese-in-Malaysia-protest-in-British-Embassy
ဆန္ဒပြ တောင်းဆိုရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါ၀င်သူ တဦးဖြစ်သူ ကိုမျိုး ခိုင် နိရဥ္စရာသို့ ပြောသည်။

" ရည်ရွယ်ချက်ကတော့ BBC အင်္ဂလိပ် Web Site မှာ အင်နာဂျံုးက ကျွန်တော်တို့ ရခိုင် နယ်မြေဒေသမှာ ကျွန် တော်တို့ ရခိုင်လူမျိုးမဟုတ်တဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့ ပုံကို ထည့်သွင်းထားတဲ့ အပေါ်မှာကျွန်တော် တို့အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ အခုလို လုပ်လိုက်တာဟာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ အတွက် သာမက မြန်မာ နိုင်ငံထဲမှာ နေထိုင်နေကြတဲ့ တခြားတိုင်းရင်းသားတွေကိုပါ စော်ကားရာ ရောက်ပါတယ်။ အဲဒီအတွက်ကြောင့် ခုလို သမိုင်းမှား၊ သတင်းမှားတွေကို ကမ္ဘာက သိအောင် BBC ကလုပ်ပေးတဲ့ အတွက် ကြောင့် ဒါဟာ မလုပ်သင့် မလုပ် ထိုက်တဲ့ကိစ္စဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ကကန့်ကွက်ဆန္ဒ ပြရတာ ဖြစ်ပါတယ်။"

ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည့် အချက်များကိုလည်း သူက ယခုလို ပြောသည်။

" အင်နာဂျံုးအနေဖြင့် ကျွန်တော်တို့ကို တရားဝင် တောင်းပန်မှုပြုဖို့ နောက်ပြီးတော့ BBC အနေနဲ့ သူမလို သတင်းမှားတွေကို တင်ပြပေးတဲ့ သတင်းထောက်၊ ၀န်ထမ်းတွေကို အလုပ်ဖြုတ်ပေးဖို့ အတွက်ကျွန်တော် တို့ တောင်းဆိုခဲ့ပါတယ်" ဟု ဆက်ပြောသည်။

ဆန္ဒပြတွင် သံရုံးမှ တစုံတရာ ဟန့်တားခြင်း မပြုသည့်အပြင် ဆန္ဒပြသူများက သံရုံးထဲကိုဝင်ပြီး စာများ ပေး အပ်ခဲ့သည်ဟု သိရသည်။

" ကျွန်တော်တို့ သံရုံးထဲထိ ၀င်ပြီးတော့ သံအမတ်ကြီးကို သွားတွေ့ကြပါတယ်။ သံအမတ်ကြီး ကတော့ သံရုံးမှာ မရှိတဲ့အတွက် သူရဲ့လက်ထောက် ပထမအတွင်းဝန် တယောက်က ကျွန်တော်တို့ ပေးတဲ့စာကို လက်ခံယူသွားပါတယ်။ သူ့အနေနဲ့ သံအမတ်ကြီးကို ပို့ပေးမယ်လို့ ပြောပါတယ်။"

ဆန္ဒပြပွဲကို မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသား ၁၀၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့ပြီး ပိုစတာများကိုင်ကာ (၁)အန်နာဂျံုး -ချက်ချင်းဖြုတ်၊ ချက်ချင်းဖြုတ် ) (၂)လုပ်ကြံသတင်းမှား- အလိုမရှိ၊ အလိုမရှိ ) (၃)ရခိုင်မြေသည် -ငါရို ့မြေ၊ ငါရို့မြေ) ဟု ကြွေးကြော်် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

လွန်ခဲ့သော နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသားဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံ အတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက်မြန်မာ များက ပြန် လည် ဖြေရှင်းတောင်းပန်ရန် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

ယခုကဲ့သို့ နိုင်ငံတကာတွင် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက် နေ့က Asia-Pacific ဌာနမှ သတင်းထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့်အတူ အငြင်းပွားဖွယ်ရာ ဓါတ်ပုံကို ရခိုင်ပြည်နယ် မြေပုံတွင် ပူးတွဲ ဖော်ပြခဲ့သည့်အတွက်ကြောင့် မကျေနပ်များ တိုးပွားလာရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆန္ဒပြပွဲကို နံနက် ၁၀ နာရီမှ စတင်ပြီး ၁၀ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

Most read this week