ရခိုင်ပါတီနှင့် ကြံ့ခိုင်ရေး မျက်စေ့ဝေနာ ရှင်များကို အပြိုင်ဧည့်ခံ ကျွေးမွေး

ရခိုင်ပါတီနှင့် ကြံ့ခိုင်ရေး မျက်စေ့ဝေနာ ရှင်များကို အပြိုင်ဧည့်ခံ ကျွေးမွေး

ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ရခိုင် ဆရာတော် ဣန္ဒ္ဒပါလ နှင့် ဖါးကန့်မှ ရခိုင်သူဌေး ဦးမျိုးဇေယျာမင်းတို့၏ အကူအညီဖြင့် ရခိုင် ပြည်နယ် ကျောက်ဖြူမြို့တွင် မျက်စေ့ လူနာရှင် ၃၀၀ ကျော်ကို ခွဲစိတ်ကုသ ပေးနေရာ ရခိုင်ပါတီ RNDP နှင့် ကြံ့ခိုင်ရေး USDP တို့မှ အကျွေးအမွေး များဖြင့် တည်ခင်း ဧည့်ခံကာ ပြည်သူလူထုအား အပြိုင် စည်းရုံးနေကြကြောင်း သတင်း ရရှိသည်။

" မျက်စေ့ ဝေဒနာရှင်တွေကို မနေ့က ရခိုင်ပါတီက လဘက်ရည် မုန့်တွေနဲ့ နံနက် တစ်ကြိမ်၊ နေ့လည် တစ်ကြိမ် တည်ခင်း ဧည့်ခံ ကျွေးမွေးပါတယ်။ အခုတစ်ခါ ကြံ့ခိုင်ရေး ပါတီကလည်း အားကျမခံ နိုဝင်္ဘာလ ၂၄ ရက်နေ့မှာ မျက်စေ့ ဝေဒနာရှင်တွေကို လဘက်ရည် မုန့်တွေနဲ့ တည်ခင်း ဧည့်ခံ ကျွေေးမွးမယ်လို့ သိရပါတယ်" ဟု ကျောက်ဖြူမှ လူငယ် တစ်ဦးက ပြောသည်။

ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သော ရခိုင်ဆရာတော် အရှင် ဣန္ဒ္ဒပါလ နှင့် ကျောက်ဖြူမြို့နယ် ဂုံးချိန် ကျေးရွာမှ ကျောက်အောင်၍ သူဌေး ဖြစ်လာသူ ဦးမျိုးဇေယျမင်းနှင့် ဇနီး ဒေါ်ဇောင်လမ် မိသားစုတို့၏ ကမကထ ပြုမူကြောင့် မျက်စေ့ဝေဒနာရှင် ၃၀၀ ကျော်ခန့်အား ကျောက်ဖြူမြို့တွင် ခွဲစိတ်ကုသပေးနေ ကြောင်း သိရသည်။

" ခုလို ကျွေးမွေး ဧည့်ခံတာက ကောင်းပါတယ်။ နိုင်ငံရေး ရည်မှန်းချက်မပါဘဲ လုပ်ကြရင်တော့ကောင်းပါ တယ်။ အခုက ရခိုင်ပါတီက ကျွေးမွေးတော့ ကြံ့ခိုင်ရေးလည်း ကျွေးမွေးမယ်ဆိုပြီး ဖြစ်လာတော့ အပြိုင်လုပ်တဲ့ သဘောဖြစ်နေတာကြောင့် လူတွေရဲ့ ဝေဖန် ပြောဆိုမူ ထွက်လာပေါ်လာတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ မျက်စေ့ ဝေဒနာရှင်များအား အခမဲ့ နိုဝင်္ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကုသပေးမည် ဖြစ် ကြောင်းနှင့် ယခုအခါ ဒေါက်တာ အေးထွန်း ဦးဆောင်သော ဆရာဝန်များမှ ကျောက်ဖြူ ဆေးရုံတွင် မျက်စေ့ဝေဒနာရှင်များအား ကုသပေးနေကြောင်း သိရသည်။

အဆိုပါ အခမဲ့ မျက်စေ့ ခွဲစိတ်ကုသပွဲသို့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်ဘက်မှ မျက်စေ့ ဝေဒနာရှင် ၄၀၀ နီးပါး ရောက်ရှိနေကြောင်း သိရသည်။

မျက်စေ့ဝေဒနာရှင်များ အတွက် ကုန်ကျစရိတ်နှင့် အစားအသောက် စရိတ်များကို ဆရာတော် ဣန္ဒ္ဒပါလနှင့် ဦးမျိုးဇေယျာမင်း မိသားစုမှ ထောက်ပံ့ ကူညီမည် ဖြစ်သော်လည်း ကျောက်ဖြူ ဒေသခံများကလည်းတတ် နိုင်သလောက် ပါ၀င် လှူဒါန်း ကူညီနေကြကြောင်း သတင်း ရရှိသည်။

Most read this week