ယမန်နေ့က ကျရောက်သော ၉၁ နှစ်မြောက်အမျိုး သား အောင်ပွဲနေ့၌ အကျဉ်းကျ သျှမ်းခေါင်းဆောင် တဦး အပါအဝင် ၄ ဦးအား ဒုတိယအကြိမ် မြောက် အညတရ သူရဲကောင်းဆု ချီးမြင့်ခဲ့ကြောင်း ရန်ကုန်မှ သျှမ်းမိသားစုများသတင်းရပ်ကွက်က သိရသည်။
“ဒီမိုကရေစီအရေး အားပေးတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းကမကထ တဲ့ ဟာကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားပြု ပေးအပ် တာဖြစ်ပါတယ်။ ကျောက်ဖြူ ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကျနော်တို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် စိုင်းလှအောင် လဲ ဆုချီးမြင့်ခံရတယ်။ ကိုယ်တိုင် မတက် ယူနိုင်ပေမယ့် ဇနီးဖြစ်သူ နန်းခမ်းအောင်က ကိုယ်စားတက်ယူတယ်။ နန်းခမ်းအောင်နဲ့အတူ ကျနော်တို့ SNLD ကအတွင်းရေး မှူးအဖွဲ့ကစိုင်းတင် လှိုင်နဲ့ စိုင်းရွှေကြူးတို့ လဲ လိုက်ပါတက်ရောက်ခဲ့ပါတယ်” ဟု SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ကသျှမ်းသံတော် ဆင့်အားပြောသည်။
အဆိုပါ ဒုတိယအကြိမ် အညတရဆုပေးအပ်ပွဲအခမ်းအနားအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်စားပြု တက် ရောက်ပေးအပ်ခြင်းဖြစ်၏။ ဖန်သားဖြင့်ပြုလုပ်သော ဆုတံဆိပ်နှင့် အတူ ငွေသားကျပ် ၁၀ သိန်းစီ အား ချီးမြင့်ပေးအပ်ခဲ့ သည်ဟု သိရသည်။
“အများအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့သူ အထူးသဖြင့် အဲဒီပုဂ္ဂိုလ်တွေကိုကနေ့ခေတ် လူငယ် တွေက သိပ် မသိကြဘူး။ ဒီပုဂ္ဂိုလ်တွေကို လူငယ်တွေသိလာအောင် သူတို့ရဲ့ ဂုဏ်ကျေးဇူးကို လူငယ်တွေသိလာ အောင်ရည်ရွယ်ပြီး ပေးတဲ့ဆုလို့ သိရပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။
ယခုတကြိမ် အညတရဆုကို အကျဉ်းကျခံနေရသည့် နိုင်ငံရေးသမား ၄ ဦးအား ပေးခြင်းဖြစ်ပြီး ကျောက်ဖြူ ထောင် ၌ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် စိုင်းလှအောင်၊ မြစ်ကြီးနားထောင်မှ ဦးဝိဓူရ၊သရက် ထောင်က ကိုသန်းဇော်၊ဗန်းမော် ထောင်က မမာမာဦး တို့ဖြစ်ကြကြောင်း သိရသည်။
CEC နှစ်ပတ်လည် အစည်းအဝေး တက်ရောက်ရန် တောင်ကြီးမှ ရန်ကုန်သို့ အဆင်း သျှမ်းတိုင်းရင်း သားများ ဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် စိုင်းလှအောင်အား နအဖ အစိုးရက ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက တောင်ငူ၌ ကြားဖြတ် ဖမ်းဆီးခဲ့သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်ကမိသားစု အား အသိမပေးဘဲ အင်းစိန် တရားရုံးမှ ထောင်ဒဏ် ရ၉ နှစ် ချမှတ်ပေးခဲ့သည်။
စိုင်းလှအောင်တွင် ဆီးချိုနှင့်သွေးတိုးရောဂါကြောင့် အရေပြားယားယံမှုမှဖြစ်ပေါ်သော အနာများအတွက် ဆေးသောက် နေရ ကာ ဦးရေပြားယားယံမှုကြောင့် ခေါင်းလုံးကျွတ်နီးပါး ဆံပင်ကျွတ်နေကြောင်းလည်း သိရသည်။