၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ကော်မီတီ ဖွဲ့စည်း

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ကော်မီတီ ဖွဲ့စည်း
by -
မောင်အေး

ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တဝန်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ကော်မီတီ တစ်ရပ်ကို စစ်တွေမြို့တွင် နိုဝင်္ဘာလ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိ သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ကြီးမှူးပြီး ရခိုင်ကထွက်သည့် ဂတ်စ်ဖြင့် ရခိုင်တပြည်လုံး လျှပ် စစ်မီးရရှိရေး အမည်ရှိ ဆွေးနွေးပွဲတခုကို ကျင်းပ ပြုလုပ် အပြီးတွင် ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင် တပြည် နယ်လုံး လျှပ်စစ်မီး ရရှိရေး ကော်မီတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို စစ်တွေမြို့ရှိ RNDP ဗဟိုရုံးတွင် နိုဝင်္ဘင်္ာလ ၁၉ ရက် နေ့လည် ၁ နာရီတွင် ပြုလုပ်ခြင်းဖြစ်ပြီး ကော်မီတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အဖွဲ့ဝင် တစ်ဦး အဖြစ် ပါ၀င်သူက ယခုလို ပြောသည်။

"အဓိကတော့ ဂတ်စ်နဲ့ ရခိုင်တပြည်လုံး လျှပ်စစ်မီးရဖို့ ဆွေးနွေးကြတာပါ။ တခြားမြို့နယ်တွေက ကိုယ်စား လှယ် တွေလည်းပါတယ်။ ကော်မီတီမှာတော့ မြို့မိမြို့ဘတွေနဲ့ လူငယ် ၂၀ လောက် ပါ၀င်ကြတယ်။ အားလုံးက ကိုယ့်သဘောနဲ့ ကိုယ်ဝင်ကြတာပါ။ အားရဖို့ကောင်းပါတယ်။"ဟု ပြောသည်။

ဆွေးနွေးပွဲတွင် RNDP ပါတီမှ ဒုဥက္ကဌ ဦးတင်ဝင်းနှင့် အထွေထွေအတွင်းရေးမှူး ဦးဦးလှစော (မောင်ခိုင်အောင်) တို့က အဓိက ဦးဆောင် ဆွေးနွေးခဲ့ကြပြီး တခြားမြို့ နယ်များမှ ကိုယ်စားလှယ်များ ကလည်း ဆွေးခဲ့ကြခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တတ်သိ ပညာရှင်များနှင့် လူငယ် ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

" ကော်မတီအနေနဲ့တော့ ဥပဒေ ဘောင်အတွင်းကနေပြီး လုပ်ဆောင်သွားမှာပါ။ အဓိကတော့ လျှပ်စစ်မီး မရတဲ့ အတွက် ဖွံ့ဖြိုး တိုးတက်မူ အနောက်ကျဆုံး ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက် အစိုးရ အပါအဝင် တခြား သက်ဆိုင်သူတွေကိုပါ တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ပြည်သူ တရပ်လုံး ပါ၀င်လာအောင် လက်မှတ်ထိုး ကမ်ပိန်း လုပ်သွားမယ်။ ဒေးဝူးကုမ္ပဏီနဲ့တိုက်ရိုက် ဆွေးနွေးမယ်။ ပြီးတော့ လွတ်တော်မှာလည်း ဒီကိစ္စကို အဆက်မပြတ် တင်ပြနိုင်အောင် ကြိုးစားသွားမယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြ တယ်" ဟု သူက ဆက်ပြောသည်။

ဆွေးနွေးပွဲသို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် တခြားမြို့နယ်က ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့ကြပြီး ညနေ ၃ နာရီတွင် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြသည်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ကော်မီတီကို ပြည်နယ် တခုလုံး အတိုင်းအတာအားဖြင့် စနစ်တကျဖွဲ့စည်းသွား မည် ဖြစ်ပြီး ပြည်သူတရပ် လုံး ပါ၀င်လာအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လည်း သူက ပြောသည်။

ယခုလ (နိုဝင်္ဘာလ) ၁၃ ရက်နေ့ကလည်း RNDP ပါတီမှ ဒုဥက္ကဌ ဦးတင်ဝင်းမှ ရခိုင်ပြည်နယ်တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် နည်းလမ်းရှာသည့် စာတန်းတစောင်ကို ဖတ်ကြားခဲ့သည်။

Most read this week