တိုက်ပွဲအတွင်း ကချင်ရွာတစ်ရွာကို အစိုးရစစ်တပ် မီးရှို့ဖျက်ဆီး

တိုက်ပွဲအတွင်း ကချင်ရွာတစ်ရွာကို အစိုးရစစ်တပ် မီးရှို့ဖျက်ဆီး
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ပရန်ကုတုံ ကျေးရွာ အုပ်စု ဖကွန်ရွာအနီးတွင် ယမန်နေ့က KIA နှင့်အစိုးရ စစ်တပ်တို့ နှစ် ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ယမန်နေ့ညနေပိုင်းတွင် တပ်မ ၈၈လက်အောက် ခံ ခလရ ၈၃ က ဖကွန် ကျေးရွာကို မီးရိူ့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း အပါအဝင် နေအိမ် ၅ လုံးခန့် မီးလောင်ပျက်စီးသွားကြောင်း ရှေ့တန်းရောက် KIA စစ် ဘက်အသိုင်းအဝိုင်းကို ကိုးကား၍ လိုင်ဇာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တိုက်ပွဲတွေက အဲဒီနေရာမှာ မနေ့ကအပြင်းအထန်ဖြစ်နေတာ ။ခလရ ၈၃ နဲ့ဖြစ်တာ။ညနေပိုင်းမှာ အဲဒီတပ်က ဖကွန်ရွာ ကို မီးရှို့လိုက်တယ်။ ဘုရားကျောင်းတစ်ကျောင်းနဲ့ အိမ် ၅ လုံးလောက်မီးလောင် သွားတယ် ” ဟု သူက ဆိုသည်။

နှစ်ဘက်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း အစိုးရစစ်တပ်ဘက်မှဓါတုလက် နက် များ အသုံးပြုခဲ့ကြောင်း သူက ဆက်ပြောသည်။

“ကျနော်နဲ့ ဖုန်းပြောနေတဲ့အချိန်မှာကို ဘေးနားမှာ ဓါတုလက်နက်တစ်လုံးလာကျတယ် ။ အသံက တခြား လက်နက်ကြီး သံနဲ့ မတူဘူးဝုန်းကနဲ ပေါက်ကွဲတာမျိုးမဟုတ်ဘူး။ ဖုတ်ကနဲမြည်ပြီး အငွေ့တွေက အနီ အဝါ အမဲ ထွက်လာတယ်လို့ ပြောတယ် ။ ဒီမနက်လည်း လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုနေတယ်လို့ ပြောတယ် ” ဟု ဆိုသည်။

၎င်းတိုက်ပွဲများအတွင်း နှစ်ဘက်စလုံးအထိအခိုက် ရှိသော်လည်း အစိုးရဘက်မှ အနည်းဆုံး ၃၀ ခန့် ထိခိုက် သေဆုံးမှုရှိ ကြောင်း သူက ဆိုသည်။

လတ်တလော မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အစိုးရစစ်တပ်ဘက်မှ တပ်မ ၈၈ ၊ ရ၇ နှင့် ၃၃ လက်အောက်ခံတပ်များ ပါ၀င်တိုက်ခိုက်နေကြောင်း သိရသည်။

ကျန်းမာရေး မကောင်းသူ သုံးဦးမှ မန္တလေးတိုင်းမှ ဒေါက်တာသိန်းလွင်သည် ကြာသာပတေးနေ့၌လေဖြတ် သွားခြင်း ဖြစ်သည်။

ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းတို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ကယား ပြည်နယ် NLD မှ ဆက်သွယ်ရေးကိုယ်စား လှယ်အဖြစ် တက်ရောက်သည်။

“ကယားကလည်း ထူးထူးခြားခြား ဒီတခါ ဆက်သွယ်ရေး ကိုယ်စားလှယ် အဖြစ်နဲ့ တက်တယ်။ ကယားမှာ ကျနော် တို့ ရုံးမရှိသေးဘူး။ ပြည်နယ်စည်း မဖွဲ့နိုင်သေးဘူး။ ကြာပြီ။” ဟု ဦးအုန်းကြိုင်က ပြောသည်။

အထုတ်ပယ်ခံရသူ၊ ကွယ်လွန်သွားသူ အမတ်များနှင့် ဗဟိုအစိုးရနှင့် ပြည်ထောင်စု အဆင့်အဖွဲ့များအတွင်း ရာထူး လက်ခံရယူလိုက်သော အမတ်များ၏ မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပလိမ့်မည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

Most read this week