အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ

အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ
by -
မင်းဆက်ခိုင်

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ဖော်ပြခဲ့သည့် သတင်း နှင့် ဓာတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

demonstration-in-UK

ဆန္ဒပြရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ ကိုလူမောင်က ယခုကဲ့သို့ နိရဥ္စရာ သို့ပြောသည်။

"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမြေပုံက ရခိုင်ဒေသမှာ ရခိုင်လူမျိုးကို ဖော်ပြခြင်းမရှိပဲနဲ့ ဒီ ရိုဟင်ဂျာလို့ ဆိုတဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ ဓာတ်ပုံကို ဖော်ပြတာက ဒီလူမျိုးတွေ နေထိုင်တယ်ဆိုတာကို ပြောတာနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေပဲရှိတယ်။ ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဆိုတာ မရှိဘူး။ မှားနေတဲ့ ကိစ္စ တခုကို မှားနေ တယ်လို့ ကျနော်တို့က ထောက်ပြတာပါ။ သူတို့က အမှန်တရားကို လက်ခံ တယ်ဆိုရင်အမှန်အ တရား အတွက် သူတို့ ဖြေရှင်းရပါလိမ့်မယ်။ ဒီကိစ္စက မြန်မာလူထု တရပ်လုံးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီအတွက် ဒါကို ဘီဘီစီ အနေနဲ့ ပြန်လည် တောင်းပန်ရမယ်ဆိုပြီးတော့ ဘီဘီစီ ဌာနချုပ် ရုံးရှေ့မှာ ကျနော်တို့ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။"

ဆန္ဒပြပွဲကို နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ဘီဘီစီ ဌာနချုပ်ရုံးရှေ့တွင် ရခိုင်အပါအဝင် တခြား မြန်မာတိုင်းရင်းသားများက စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဘီဘီစီဌာနမှ တာဝန်ရှိသူတဦးမှလည်း ဆန္ဒပြသူများအား လာရောက် တွေ့ဆုံခဲ့ကြောင်း သူက ဆက်ပြောသည်။

"ဘီဘီစီ အာရှ ပစိဖိတ်ရေးရာ မန်နေဂျာလို့ ပြောတဲ့ သူတယောက် ရုံထဲက ထွက်လာခဲ့ပါတယ်။ ကျနော်တို့ ကလည်း ဒီက ရဲအကူအညီနဲ့ အဲဒီလူဆီကို Arakanese Community UK ကိုယ်စား အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ဆိုတာ ကလည်း ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုး နဲ့သာ သက်ဆိုင်တယ်ဆိုတဲ့အကြောင်း၊ အဲဒါနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထားတွေ ရေးသားထားတဲ့ စာရွက်စာတမ်းတွေ ပေးခဲ့ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု ၁၃၅မျိုးထဲမှာလည်း ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိဘူး ဆိုတာကိုလည်း သူတို့ကို ပြောခဲ့ပါတယ်။ ပြီးတော့ ဒီသတင်းအမှားကိုရေးတဲ့ ဘီဘီစီက Anna Jone ဆိုတဲ့ အမျိုးသမီးနဲ့ ဘီဘီစီက မြန်မာလူထုကို တောင်းပန်ဖို့အတွက်လည်း စာရေးသားပေးခဲ့ပါတယ်။ ဒီအတွက် မန်နေဂျာဆိုတဲ့သူက ဒီကိစ္စကို အမြန်ဆုံးသူတို့ လုပ်ပေးမယ်၊ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ကတိ ပေးခဲ့ပါတယ်။"

အဆိုပါ ဆန္ဒပြပွဲတွင် 1( Burma ) ( Burma )---- ( Not for Sale )( Not for Sale ) 2( Arakan State ) ( Arakan State ) ---( Not for Sale ) ( Not for Sale ) 3( Anna Jones )---- ( Out ) ( Out ) 4 ( Anna Jone stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 5(BBC stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 6( Anna Jones stop creating conflict in Burma ) ----- ( Now ) ( Now ) 7(BBC stop creating conflict in Burma ) ----- ( Now ) ( Now ) စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ယခုကဲ့သို့ ဆန္ဒပြရခြင်းကြောင့် ဘီဘီစီအနေဖြင့် တစုံတရာ တန့်ပြန်လာလိမ့်မည်ဟု သူတို့ အနေဖြင့် မျှော်လင့် ကြောင်း၊ အကယ်၍ တုန့်ပြန်မှုများ မရှိခဲ့သော်လည်း Anna Jones အပါအဝင် ဘီဘီစီဌာနမှ ရခိုင်လူထုနှင့် မြန်မာ လူထုကို တရားဝင် တောင်းပန် ဖြေရှင်းသည့် အထိ တိုက်ပွဲဝင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak Outlook for Burma's ethnic Groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ရခိုင်အမျိုးသားများ အပါအဝင် မြန်မာတိုင်းရင်းသားများကလည်း ကန့်ကွက် ရှုပ်ချ လာကြခဲ့သည့်နောက် ယခုနှစ် အောက်တိုဘာလ အတွင်းတွင် အဆိုပါ ဓါတ်ပုံ ကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။

ထို့နောက်ပိုင်း ဘီဘီစီ သတင်းဌာနမှ အဆိုပါ ဓာတ်ပုံနေရာတွင် ရခိုင်အမျိုးသမီးငယ်များ ဓါတ်ပုံ တစ်ပုံကို ထည့်ပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာဆိုသည့် လူမျိုးကိုမူ ထည့်သွင်း ဖော်ပြထားဆဲဖြစ်သည်။

Most read this week