SSA-N အား စည်းရုံးရန် ဗိုလ်ချုပ်ဆေထဲန့်ကို အစိုးရက ကားသုံးစီးပေး

SSA-N အား စည်းရုံးရန် ဗိုလ်ချုပ်ဆေထဲန့်ကို အစိုးရက ကားသုံးစီးပေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်မြောက်ပိုင်းဟု လူသိများ သည့် SSPP-SSA အား စည်းရုံးမျှားခေါ်ရန် မကြာခင်က ထောင်မှ လွှတ် မြောက်လာသည့် ဗိုလ်ချုပ်ဆေထဲန့် ကို ကားသုံးစီးပေးကြောင်း ၎င်းမိသားစုနှင့် ရင်းနှီး သည့် လားရှိုး သူ/သား များက ပြောပါသည်။

“ထောင်ကနေလွှတ်လာပြီး တပတ် နှစ်ပတ်လောက်ပဲရှိသေးတယ် တရုတ်လုပ် ဆလွန်းကားအမျိုးအစား ၃ စီး ပေးလာတာ။ ကားတစ်စီး တန်ဖိုး သိန်း ၅၀ လောက်ရှိမယ်။ ” - မိသား စုဝင်နှင့်အမျိုးတော်စပ်သူတဦး က ပြောပါသည်။
Sao_Hso_Ten
နိုဝင်ဘာ အစောပိုင်းက နေပြည်တော်အမိန့်နှင့် ဗိုလ်ချုပ်ဆေထဲန့်အား ရမခ (အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်) က တရုတ်လုပ်စလွန်းကား ၃ စီးပေးကြောင်း၊ ဗိုလ်ချုပ်ဆေထဲန့်အတွက် ၁ စီး၊ ဗိုလ်ချုပ်ဆေထဲန့် တပည့် နှစ် ယောက် အတွက် တယောက်တစီး ပေးခဲ့သည်ဟု စစ်တိုင်းရုံးနှင့် နီးစပ်သူတဦးက ပြောပါသည်။

“ယူရအခက်မယူရအခက်ပေါ့။ အဘလည်း အသက်ကြီးပြီလေ။ ဒီကိစ္စတွေအတွက် မရှုပ်ချင်တော့ဘူး။ ဗိုလ်ချုပ် ပန်ဖှ အဖွဲ့ကို ပြည်သူ့စစ်လုပ်ဖို့များခေါ်ခိုင်းတာမှန်တယ်။ ဒါပေမယ့် သိထားဖို့က ဗိုလ်ချုပ်ပန်ဖှ မပြောနဲ့တချို့ ပြည်သူ့စစ် ပြောင်းသွားတဲ့သူတွေတောင်မှ ပြန်ထွက်ချင်နေပြီ။ အပစ်ရပ်တာလွယ်ပေမယ့်၊အသွင်ပြောင်း ဖို့မလွယ်ဘူး။ ဝမ့်ဟိုင်း ဌာနချုပ်နားက မြန်မာတပ်တွေလဲတစ်တပ်မှမရုပ်ဘူးဆိုတော့ဖြစ်ချင် တဲ့ဘောင်တွင်း ကိုတော့ရောက်နိုင်မှာ မဟုတ် ဘူး” - ဟု ဗိုလ်ချုပ်ဆေထဲန့်နှင့် နီးစပ်သူတဦးကပြောပါသည်။

အောက်တိုဘာ ၂၉ ရက် စဝ်နော်လိတ်ဦးဆောင်သည့် ဝမ့်ဟိုင်းဌာနချုပ်ကိုယ်စားလှယ် အဖွဲ့က နေပြည် တော် ကိုယ်စား လှယ် များနှင့်တွေ့ဆုံစဉ် နှစ်ဘက်ငြိမ်းချမ်းရေးအတွက် ဦးစွာ SSPP-SSA ဌာနချုပ်အနီးရှိ အဓိက တပ် စခန်း ၄ ခု ရုပ်သိမ်းပေးရန်တောင်းဆိုခဲ့၏။ သို့သော် ယနေ့တိုင် အစိုးရတပ်၏တပ်ရုပ်ပေးခြင်း မရှိသည့် အပြင် တပ်စခန်းပြင်ဆင် တည်ဆောက် မှုနှင့် အင်အားတိုးချဲ့ချထားမှုများလည်း လုပ်ခဲ့သည်။

ထိုအခြေအနေများကြားတွင် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ အသွင်ပြောင်းလာရန်ဗိုလ်ချုပ် ဆေထဲန့် က တာဝန်ယူမျှားခေါ်ရန် အစိုးရဘက်က ကားသုံးစီးဖြင့် စည်းရုံးခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ဆေထဲန့် ၏ တပည့် များက ပြော ကြသည်။

၁၉၈၉ ခုနှစ်၌ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တခုလုံး နဝတ အစိုးရနှင့် အပစ်ရပ်လာရန် ဗိုလ်ချုပ် ဆေထဲန့် က ဦးဆောင်ခဲ့၏။ ၂၀၀၄ - ၅ ခုနှစ်၌ သျှမ်းပြည်ပညာရှင်များအတိုင်ပင်ခံ ဖွဲ့စည်းမှုကို အစွဲပြုပြီး ‘ သျှမ်းပြည်အား ပြည် ထောင်စုမှ ခွဲထွက်လိုမှု’  စွပ်စွဲကာ ဗိုလ်ချုပ်ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ်ဖြင့် နအဖ စစ်အစိုးရက ဖမ်းဆီး ပြစ် ဒဏ်ပေးခဲ့၏။ ၆ နှစ်နီးပါး ထောင်ချခံရပြီး ပြီးခဲ့သည့်သီတင်းကျွတ်လပြည့် နေ့က ထောင်ဒဏ်မှ လွတ်ငြိမ်းချမ်း သာခွင့် ပေးလိုက်သည်။ ဗိုလ်ချုပ်ပန်ဖှအားပြန်လည်စည်းရုံးသိမ်း သွင်းစေလို၍ဖြစ် ကြောင်း သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အရာရှိတချို့ကဆိုသည်။