ဓညဝတီ ရေတပ်စခန်းက သိမ်းယူသွားသော လယ်မြေ၁၀၇ဧကအတွက် လျော်ကြေးရလို ကြောင်း ကျေးရွာသားများ အသနားခံ

ဓညဝတီ ရေတပ်စခန်းက သိမ်းယူသွားသော လယ်မြေ၁၀၇ဧကအတွက် လျော်ကြေးရလို ကြောင်း ကျေးရွာသားများ အသနားခံ
by -
နိရဥ္စရာ သတင်းဌာန

ကျောက်ဖြူမြို့နယ် စစ်တော ကျေးရွာမှရွာသား များက ဓညဝတီ ရေတပ်စခန်းအတွက် သိမ်းယူ သွားသော လယ်မြေ ၁၀၇ ဧက အတွက်လျာ် ကြေး ရလိုကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ အောက်တိုဘာလ ၂၆ ရက်နေ့က စာရေးပြီး မေတ္တာရပ်ခံလိုက်ကြောင်း သတင်း ရရှိသည်။

Kyauk-Pru-jetty-Port
" စုစုပေါင်း အသိမ်းခံရတဲ့ လယ်မြေက ၁၀၇ ဒဿမ ၅၀ ဧက ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက လျော်ကြေး တပြား တချပ်မှ မပေးဘဲ သိမ်းယူသွားတာ ဖြစ်ပါတယ်။ အခု အဲဒီ လယ်မြေတွေ အတွက် လျော်ကြေး ရလိုကြောင်း ပြည်နယ် ၀န်ကြီးချုပ်ကို ရွာသား ၄၃ ဦးကို စာရေးပြီး မေတ္တာရပ်ခံထားပါတယ်။ အကြောင်းပြန်ကြားချက်တော့ မရသေးပါဘူး" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့ လျော်ကြေး ရလိုကြောင်း လျှောက်ထားရခြင်းမှာ ကျေးရွာသားများ အနေဖြင့် လယ်သိမ်းခံ ရသဖြင့် လုပ်ကိုင်စားသောက်စရာ မရှိဘဲ အခက်အခဲ ဖြစ်ကြရ၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ရေတပ် ဌာနချုပ် အတွက်ဆိုတော့ လယ်တွေကို ပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် လယ်မြေ တွေဟာ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်မြေတွေ ဖြစ််တဲ့ အတွက် ပိုင်ဆိုင်တဲ့ လယ်သမားတွေ အနေနဲ့ တန်ရာ တန်ကြေးကို လျော်ကြေး ရသင့်တယ်လို့ ယူဆတဲ့ အတွက် အခုလို စာရေးပြီး အသနား ခံတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

စစ်တော ကျေးရွာမှ လယ်သမားများမှာ လယ်မြေများ အသိမ်းခံရပြီးနောက် အလုပ်လက်မဲ့ ဖြစ်သွားကာ အများစု ကျေးရွာသားများမှာ စားဝတ်နေရေး အထူး ဒုက္ခ ဖြစ်နေကြောင်း သိရသည်။

ကျေးရွာသားများ လယ်မြေများ ပြန်ရလိုကြောင်း အသနားခံစာ မိတ္တူအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် ရုံးသို့ ပို့ပေးထားကြောင်း ကျောက်ဖြူပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ ကလည်း အတည်ပြု ပြောကြားသည်။

" စုစုပေါင်း တိုင်ကြားတာက ၄၃ ဦး ဖြစ်ပါတယ်။ စာထဲမှာရေးထားတာကို ပြောရရင် အထက်ပါ အကြောင်း အရာနဲ့ ပတ်သက်၍ ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအုပ်စုမှ လယ်မြေဧက ၁၀၇ ဒဿမ ၅၀ ကို ၁၉၉၇ -ခုနှစ်က ဓညဝတီ ရေတပ်စခန်းအတွက် သိမ်းပိုက်ခဲ့ရာ မည်သည့် လျော်ကြေးမှ မရရှိဘဲ အသိမ်း ခံခဲ့ရပါသည်။ ဤလယ်မြေများသည် ကျွန်တော်များ၏ မိဖဘိုးဘွားလက်ကပင် လုပ်ကိုင်စား သောက်လာ သော လယ်မြေများဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤလယ်မြေများ အတွက်နစ်နာကြေးရပါလို ကြောင်းလျှောက် ထား အပ်ပါသည်ဆိုပြီး ပါရှိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ စာရေးပြီး အသနားခံထားသော်လည်း ရခိုင်ပြည်နယ် အစိုးရထံမှ တစုံတရာအကြောင်းပြန်ကြား ခြင်း မရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။

Most read this week