မင်းပြား မြို့မစျေးတခုလုံး မီးလောင်ပြာကျ၊ သိန်းပေါင်း သောင်းချီ၍ ဆုံးရှံုး

မင်းပြား မြို့မစျေးတခုလုံး မီးလောင်ပြာကျ၊ သိန်းပေါင်း သောင်းချီ၍ ဆုံးရှံုး
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ (နိုဝင် ဘာလ ၁၂ရက်နေ့) ညနေ ရနာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာမင်းပြားမြို့မစျေးကြီး တခုလုံးမှာ မီးလောင်ပြာကျသွားကြောင်းသိရ သည်။

မီးလောင်ကျွမ်းပုံနှင့် ပတ်သက်ပြီး စျေးအနီးအနားတွင် နေထိုင်သူ ဒေသခံအမျိုးသမီးတဦးက ယခုကဲ့သို့ ပြောသည်။

"စျေးမီးလောင်တယ်လို့ စသိရတာက ညနေ ရနာရီလောက် ရှိမယ်ထင်ပါတယ်။ မီးအားကပြင်းတော့ ဘယ်လိုမှ ငြိမ်းမရပါဘူး။ အခု (ည ၁၀နာရီ ဒေသစံတော်ချိန်) ထိ မီးက လောင်းကျွမ်းနေတုန်းပါပဲ။ စျေးကြီးတခုလုံးလည်း ပြာကျသွားပါပီ။"

မည်ကဲ့သို့ စတင်လောင်ကျွမ်းသည်ကိုမူ သူမအနေဖြင့် အတိအကျမသိရှိကြောင်းလည်း ပြောသည်။

"ဘယ်လို စတင်လောင်ကျွမ်းတယ်ဆိုတာကတော့ ကျမလည်း အတိအကျမပြောတတ်ပါဘူး။ လူတွေက တော့ အမျိုးမျိုးပြောနေကြတာပါပဲ။ ကျမတို့လည်း စျေးနဲ့ နီးတယ်ဆိုတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး လူတွေ ဘေးလွတ်ရာကို ပြေးလွားနေရင်း မသိလိုက်ပါဘူး။ မီးသတ်ကား ရောက်လာခဲ့လား မရောက်လာခဲ့ဘူးလား ဆိုတာတောင် ကျမတို့ မသိလိုက်ပါဘူး။ အခုတော့ စျေးကြီးတခုလုံးပြာကျသွား ပါပြီ။" ဟု ဆက်ပြောသည်။

မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည်ကို အတိအကျပြေဆိုရန် ခက်ခဲ့သော်လည်း လျှပ်စစ်ပစ္စည်း ရောင်း ဝယ်သည့် ဆိုင်တဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု တခြား ဒေသခံတဦးက ဆိုသည်။

"လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တဆိုင်က စလောင်တာပါ။ ဘယ်လို လောင်ကျွမ်းတာလဲ့တော့ မသိပါဘူးခင်ဗျား။ စျေးက တခုလုံးနီးပါး လောင်ကျွမ်းသွားပါတယ်။ အကောင်းစားရော အညံ့စားရော အဝတ်အထည်ရောင်းတဲ့ ဆိုင်တန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တန်းတွေ၊ငါးခြောက်တန်း တွေ၊ စက်အင်ဂျင်တွေနဲ့ စက်ပစ္စည်းအပိုပစ္စည်းရောင်းတဲ့ ဆိုင်တန်းတွေ အကုန်းလုံးလောင်ကျွမ်းသွားပါ တယ်။ အိုးဆိုးခွက်ဆိုးတွေ ရောင်းဝယ်တဲ့ ဆိုင်ခန်းတွေပဲ ကျန်ခဲ့ပါတယ်။ စျေးထဲမှာက ဓာတ်ဆီ၊ ဒီဇယ် အရောင်းဆိုင်တို့ ရှိတယ်ဆိုတော့ မီးလောင်ကျွမ်းအားကောင်းသွားတာပေါ့။"

အဆိုပါ စျေးကြီးမှာ မင်းပြားမြို့၏ အဓိက မြို့မစျေးကြီးဖြစ်ပြီး စျေးတခုလုံး လောင်ကျွမ်းသွားသောကြောင့် ကာလပေါက်စျေးတန်ဖိုးအားဖြင့် အနည်းဆုံး သိန်းပေါင်း တသောင်းခန့် ရှိနိုင်ကြောင်းမြို့ခံများအပြော အရ သိရှိရသည်။

မင်းပြားမြို့ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

Most read this week