ရွှေသဘာဝဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု ရခိုင်ပြည်နယ်တွင် ပြုလုပ်

ရွှေသဘာဝဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု ရခိုင်ပြည်နယ်တွင် ပြုလုပ်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်က ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ပိုစတာ ကမ်းပိန်းလူပ်ရှား မူ တစ်ခုကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် တန်ဆောင်မုန်းလပြည့်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

24-Hours-Action-Groups--Rakhine-State
အဆိုပါ ပိုစတာကပ် လူပ်ရှားမူအား ၂၄ နာရီ လှုပ်ရှားမှု အင်အားစု (ရခိုင်ပြည်)မှ ဦးဆောင် လူပ်ရှားခဲ့ခြင်း ဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ။ တောင်ကုတ်နှင့် တခြား မြို့များတွင် နိုဝင်္ဘာလ ၁၀ ရက် တန်ဆောင်မုန်း လပြည့်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

" အဓိက ဇာတ်ပွဲ သဘင်တွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ တပြိုင်တည်း၊တချိန်တည်း အချိန်ကိုက် ချိတ်ဆက် လူပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒီ လှုပ်ရှားမှုကို ပြုလုပ်ရတာက မြန်မာ အစိုးအနေနဲ့ ရခိုင်ကမ်းလွန် ရွှေသဘာဝ ဓါတ်ငွေ့သိုက် မှ ထွက်တဲ့ သဘာဝ ဓါတ်ငွေ့များကို အသုံးပြုပြီး ရခိုင်ပြည်နယ် တဝန်း ကျေးလက်၊ မြို့ပြ ဒေသများ အားလုံးကို ချက်ချင်း (၂၄) နာရီ လျှပ်စစ်မီးရရှိအောင် လုပ်ပေးဖို့ တောင်းဆို တိုက်ပွဲ ၀င်လိုက်တာ ဖြစ်ပါတယ်" ဟု လူပ်ရှားသူ တစ်ဦးက ပြောသည်။

ချက်ချင်း (၂၄) နာရီ လျှပ်စစ်မီး ရရှိရေး အတွက် ရေးဆွဲထားသော ပိုစတာများကို လမ်းဘေး ဓါတ်မီး တိုင်များ၊ အစိုးရ အဆောက်အအုံများ၏ ၀င်းခြံ တံခါးများတွင် ကပ်ခြင်း၊ လူအများအပြားသွားလာရာ လမ်းများပေါ်တွင် ဖြန့်၊ကြဲခြင်းများ ပြုလုပ်ပြီး အများပြည်သူများ သိရှိအောင် လှုပ်ရှားခဲ့ကြသည်ဟု သိရသည်။

လက်ရှိ အစိုးရမှ ရခိုင်ပြည်နယ်မှ ထွက်ရှိမည့် သဘာဝဓါတ်ငွေ့များအား အစိုးရမှ တရုတ်သို့ တင်ပို့့ ရောင်းချထားပြီး သဘာဝဓါတ်ငွေ့ ထွက်ရှိရာ ရခိုင်ပြည်နယ်တွင် အဆိုပါ ဓါတ်ငွေ့အား တစ်စုံတရာ သုံးစွဲရန် ရည်ရွယ်ချက် မရှိကြောင်း သိရသည်။
sign-board-24-Hours-Action-Groups--Rakhine-State

" အခု အစိုးရက ထွက်ရှိတဲ့ သဘာဝ ဓါတ်ငွေ့ ၉၀ ရာခိုင်နုန်းကို တရုတ်ကို တင်ပို့မယ်။ သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း ၄၀၀ နှစ်စဉ် တရုတ်ကို ရောင်းချမယ်။ တနှစ်ကို အဲဒီ ဓါတ်ငွေ့ ရောင်းရငွေက အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၇၀ နှစ်စဉ် ရရှိမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ရောင်းချသွားမယ်ဆိုတော့ဘယ်လောက် ထိ အကျိုး အမြတ် ရရှိမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်တယ်။ ဒေသခံပြည်သူတွေက တော့ ဘာမှ အကျိုး အမြတ် ရရှိ ခံစားကြရမှာ မဟုတ်ဘူး။ ဒါကြောင့် ခုလို တိုက်ပွဲ တောင်းဆိုနေရတာပါ"ဟု သူက ဆက်ပြောသည်။

၎င်းပြင် သူက " ကျနော်တို ့ ရခိုင်ပြည်မှာ သဘာဝဓါတ်ငွေ့ အများအပြားထွက်နေတယ်။ ဒါပေမယ့်ကျနော် တို ့ ရခိုင် လူမျိုးများဟာ ဖေါင်းစီးရင်းရေငတ် ဆိုတဲ့ ဘဝအခြေအနေကို ရင်ဆိုင်နေရတယ်။ ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့တော် မှာတောင် တစ်နေ့ကို လျှပ်စစ်မီး (၅)နာရီခန့်သာရတယ်။ လျှပ်စစ်ဓါတ်အား တစ်ယူနစ်(၁ ကီလိုဝပ် နာရီ )ကို ၅ဝဝ ကျပ်နှုန်းပေးနေ ရတယ်။ ရန်ကုန်၊ မန္တလေး၊နည်ပြည်တော် စတဲ့ မြန်မာနိုင်ငံပြည်မ မှ မြို့များမှာ လျှပ်စစ် ဓာတ်အား တယူနစ်ကို (၂၅) ကျပ်နှုန်းသာ ပေးရတယ်။ နိုင်းယှဉ် ကြည့်ရင် ကျနော်တို ့ ရခိုင်ပြည်သူတွေ အဆ(၂ဝ) ပိုပေးနေရတယ်။ ဒါတွေဟာ လုံးဝ မတရားတဲ့ လုပ်ရပ် ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ လူပ်ရှားမူကို ဦးဆောင်၂၄ နာရီ လှုပ်ရှားမှုကို ဦးဆောင် ပြုလုပ်နေသူ ၂၄ နာရီ လူပ်ရှားမူ အင်အားစု - ရခိုင်ပြည် (24 Hours Action Groups -Rakhine State) က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ထံသို့လည်း နိုဝင်္ဘာလ ၁၀ ရက်နေ့က ရခိုင်မှ သဘာဝဓါတ်ငွေ့ဖြင့် ၂၄ နာရီ မီးရရှိအောင် ဆောင်ရွက်ပေးရေး စာရေး တောင်းဆိုလိုက်သည်ဟု သိရသည်။

Most read this week