အသိမ်းခံရ လယ်မြေ ပြည်နယ်လွှတ်တော်တင်၍ အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ

အသိမ်းခံရ လယ်မြေ ပြည်နယ်လွှတ်တော်တင်၍ အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးအား လယ်သိမ်းခံရသည့် ကိစ္စကို ပြည်နယ်လွှတ်တော်ထိ ရောက်အောင် တင်ပြခဲ့သဖြင့် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့နယ် အုပ်ချုပ်ရေးမှူးက နိုဝင်္ဘင်္ာလ ၄ ရက်နေ့က ခေါ်ယူ ကြိမ်းမောင်းခဲ့သည်ဟု သိရသည်။

land-signboard" ကြိမ်းမောင်ခံရတာက သင်းပုန်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံရွှေမောင်ကို မြို့နယ်အုပ်ချုပ်ရေး မှူး ဦးခင်မောင်လွှင်က မြို့နယ်ရုံးကို ခေါ်ယူ ကြိမ်းမောင်းတာပါ။ ကြိမ်းမောင်းတဲ့ အဓိက အကြောင်းအရင်း တာကတော့ မြို့နယ် အုပ်ချုပ်ရေးမှူး လုပ်စားနေတဲ့ လယ်မြေဧက ၁၀၀ ကျော်ကို ပြန်ရလိုကြောင်း ပြည်နယ် လွှတ်တော်မှာ ပေါက်တောမြို့နယ် အမတ်က တင်ပြ တောင်းဆိုခဲ့တဲ့ အတွက် ဖြစ်ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်တွင် ပေါက်တောမြို့နယ် သင်းပုန်း ချောင်း ကျေးရွာ အုပ်စု သင်းပုန်းချောင်းကျေးရွာမှ လယ်မြေနှင့် စားကျက် ဧက (၁၀၀) ကျော်ကို နဝတ စစ်အစိုးရ လက်ထက်ကတည်းက မည်သည့် အစိုးရ အဆောက်အဦးများ ဆောက်လုပ်ရန်မှ မဟုတ်ဘဲ အကြောင်းမဲ့ သိမ်းယူထားသည့် ကိစ္စကို ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးမောင်ကျော်သိန်းက တင်ပြခဲ့သည်။

" အဲဒီ လယ်မြေနဲ့စားကျက်က အစိုးရ အဆောက်အဦးတွေအတွက်၊ စီမံကိန်းအတွက် သိမ်းတာမဟုတ် ပါဘူး။ သက်သက် သူတို့ အတွွက် သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အခု အဲဒီ မြေတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးက ဌားရမ်းပြီး လုပ်ကိုင် စားသောက်နေပါတယ်။ ဒါကြောင်း ရွာသားတွေက အစည်းအဝေး လုပ်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးမောင်ကျော်သိန်းကို တင်ပြတယ်။ ဦးမောင်ကျော်သိန်းက ဒါကို ပြည်နယ် လွှတ်တော်မှာ တင်ပြတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ခေါ်ယူ ကြိမ်းမောင်းတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံရွှေမောင်နှင့် ဦးစံဌေးတို့မှ ဦးဆောင်ပြီး သင်းပုန်းချောင်း ကျေးရွာသားများ အား အစည်းအဝေး ခေါ်ယူပြီး ၎င်းမြေများ ပြန်လည် ရရှိရန် ဦးဆောင် စည်းရုံးခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအား လက်မှတ်ထိုး တိုင်ကြားခဲ့သည်။

ဤသို့ တိုင်ကြားခဲ့ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက နောက်နောင် ကျေးရွာတွင် အစည်းအဝေးခေါ်ယူ မည်ဆိုပါက မိမိ၏ ခွင့်ပြုချက် လိုကြောင်းနှင့် မိမိခွင့်ပြုချက်မရဘဲ မပြုလုပ်ရန် ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းအပြင် ကျေးရွာ ကိစ္စများကို မိမိကို ကျော်လွန်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသို့ တိုင်ကြားမှု မလုပ်ရန်နှင့့် ဆက်လက် လုပ်ဆောင်ပါက အလုပ်မှ ဖြုတ်ပစ်မည်ဟုခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

Most read this week