KIA နှင့် စစ်ပွဲအကြား ရွာသားတွေကို ကင်းစောင့်ခိုင်း

KIA နှင့် စစ်ပွဲအကြား ရွာသားတွေကို ကင်းစောင့်ခိုင်း
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့အကြား စစ်ဖြစ်နေသည့် သျှမ်းပြည် (မြောက် ပိုင်း) မူစယ် ခရိုင် တီးမားကျေးရွာအုပ်စု အတွင်းရှိ ဒေသခံရွာသားများကိုဒေသခံ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ ဝင်များက ကင်းသမားအဖြစ်စေခိုင်း နေကြောင်း သိရသည်။

11myanmar2_600
ရပ်ရွာလုံခြုံရေးအတွက်ဟု ဆိုကာ တီးမားကျေးရွာ အုပ်စု မှ တီးမား ၊ ကုန်းဆာ ၊ မန်ဟိုင်းနှင့် မန်စန့်ရွာသား များအား ညစဉ်ကင်းစောင့်ခိုင်းကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွာသားတွေကို နမ့်တီးချောင်းနားမှာ လူအယောက် ၂၀ စာလောက် ဆန့်တဲ့တဲ တစ်လုံး ထိုးခိုင်းတယ် အဲဒီမှာ စုအိပ်ပြီး အလှည့်ကျပေါ့ သူတို့ပြည်သူ့စစ်တွေနဲ့အတူ ညတိုင်းကင်းစောင့်နေရတယ် ” ဟု သူကဆိုသည်။

ထို့အပြင် ၎င်းကျေးရွာသားများပိုင်ထော်လာဂျီများ မြန်မာစစ်တပ်အတွက် နေ့စဉ် ချောထည့်ပေးနေရပြီး လုံထန်၊ ရှောက်ဟော်နှင့် တက်နိုင်းကျေးရွာများသို့ ရိက္ခာနှင့် လိုအပ်သည့် ပစ္စည်းများကိုပို့ဆောင်ပေးရ ကြောင်း သိရသည်။