မြန်မာအစိုးရတပ်က ကချင် ခရစ်ယာန်သင်းအုပ်ဆရာအား ဖမ်းဆီး

မြန်မာအစိုးရတပ်က ကချင် ခရစ်ယာန်သင်းအုပ်ဆရာအား ဖမ်းဆီး
by -
ကချင်သတင်းဌာန

နိုဝင်ဘာလ (၆) ရက်၊ ယမန်နေ့တွင် မြန်မာစစ် အစိုးရတပ်က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်မှ ကချင် ခရစ်ယာန်ဘုရားကျောင်းတခုကို ဖျက်ဆီးပြီး သင်းအုပ်ဆရာနှင့်အတူ ရွာသား ၄ ဦးကို ဖမ်းဆီး လိုက်ကြောင်း ဒေသခံများပြောသည်။

dsc00823
၀ိုင်းမော်မြို့နှင့် ၆ မိုင်အကွာ၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ပစ်ခတ်ကြပြီးနောက်် ယခု လုပ်ရပ် ဖြစ်လာပြီး အိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မျက်မြင်သက်သေများပြောသည်။

၀ိုင်းမော်မြို့မှ မော်တော်ယာဉ်ဖြင့် စစ်သည်အင်အား ၂၀၀ ကျော်နှင့် ခြေလျင်ခရီးဖြင့် ၀ါးရှောင်ဆည် မြောင်းအတိုင်း မြင်းအကောင် ၁၀၀ ခန့်နှင့်အတူ စစ်သား အနည်းဆုံး ၁၀၀ ရှိမြန်မာအစိုးရတပ်များ ၀ါးရှောင်ဆည်ဖက်သို့ ချီတက်လာစဉ် ၀ိုင်းမော်သမ္မာကျမ်းစာကျောင်းအလွန် နံနက် (၈) နာရီတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားသည်။

နံနက် ၁၀ နာရီကျော်အထိ နှစ်ဖက်ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြပြီးနောက် မြန်မာအစိုးရတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ အိမ်ခြေ ၈၀ ကျော် နေထိုင်သည့် မုတ်ကြိတ်ကျေးရွာ ရပ်ကွက် (၁) ထဲသို့ မသင်္ကာသူများကို ၀င်ရောက်ရှာဖွေလာသည်။
mukchyik
“အေဂျီ်ဘုရားကျောင်းတစ်ခုဖျက်ဆီးခံရတယ်။ မျက်နှာစာပျဉ်ချပ်တွေမရှိတော့ဘူး။ စတိတ်စင်တွေ၊ အလှူငွေသေတ္တာတွေ။ အဲက သင်းအုပ်ဆရာ ယေဂျောင်လွမ်းခေါင် (Yejawng Lum Hkawng)ကို ဖမ်းသွားတယ်။ ဘုရားကျောင်းထဲမှာပဲ ဖလောင်လွမ်းခေါင် (Hpalawng Lum Hkawng) သေနတ််ပစ် စစ်ဆေးခံရတော့ ခြေထောက်မှာ တစ်ချက်မှန်တယ်။ နှစ်ချက်ပစ်တာ” ဟု ဒေသခံတစ်ဦးကချင်သတင်း ဌာနသို့ပြောသည်။

မြန်မာအစိုးရတပ်က ဂျွမ်ဖောက်မိသားစု အိမ်ကို မီးတင်ရှို့လိုက်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်းမွှေနှောက် ရှာဖွေရာ ‘ဆယ်တစ်ဖို့အလှူငွေသေတ္တာများ’ နှင့် ငွေစုငွေချေး(UNDP နှင့် မေတ္တာဖောင်ဒေးရှင်း၏ စီမံကိန်း) သေတ္တာများကို ဖျက်ဆီးသည့်အပြင် ငွေစက္ကူနှင့် အဖိုးတန်ပစ္စည်းများကို လုယူသွားကြသည် ဟုလည်း သိရသည်။

“ပြင်းပြင်းထန်ထန် နှိပ်စက်ခံရတာက လဟောင်ခေါင်ဟောင်း (Lahawng Hkawng Hawng)နဲ့ ရှယူလွမ်း ဟော (Shayu Lum Hawng) သူတို့ကို လက်၊ ခြေထောက်နဲ့ လည်မျို ကြိုးတုပ်ထားတယ်၊ အကျႌမပါဘူး။ နောက်တစ်ယောက် ဆန်စက်ပိုင်ရှင် မောင်မောင်” ဟု ဆက်ပြောသည်။

မောင်မောင်အား ၀ိုင်းမော်နယ်မြေခံ ခလရ (၅၈) သို့ခေါ်ဆောင်သွားကာ ကျန် ၄ ဦးအား ၀ါးရှောင်ဆည် မြန်မာအစိုးရတပ်စခန်းသို့ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

“တနင်္ဂနွေနေ့မို့လို့ စိတ်လက်ချမ်းသာနဲ့ ခရစ်ယာန်ရွာဖြစ်တယ်လိို့သိထားတဲ့အတွက် ဖြတ်လာတာခရစ်ယာန် ဖြစ်ပေမဲ့ တနင်္ဂနွေနေ့ ပစ်တယ်။” ဟု စစ်ဆေးမေးမြန်းစဉ် မြန်မာအစိုးရတပ်က ဆိုလာကြောင်း ညနေပိုင်း ပြန်လွတ်လာသူ ဆရာလွမ်းခေါင် ပြောပြချက်အရ သိရသည်။

တိုက်ပွဲတွင် မြန်မာအစိုးရဘက်မှ ရ ဦးကျဆုံးသည်ဟု KIA ပြောသည်။

Most read this week