အိန္ဒိယ နိုင်ငံသည် ၁၉၉၄ နောက်ပို်င်းမှ စပြီးမြန်မာ စစ် အစိုးရနှင့် စီးပွားရေးအရ ဆက်ဆံမှုပိုမိုပြုလုပ် လာခဲ့သည်။ တချို့ ကတော့ အိန္ဒိယ ၏အရှေ့မျှော် ပေါ်လစီ လို့ပြောကြတာပါ။
အိန္ဒိယ အစိုးရ၏ မြန်မာနှင့်ဆက်ဆံရေး လုပ်ရပ်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ စိုးမိုးနေသည့် တရုတ်နိုင်ငံက မိမိတို့ အိန္ဒိယလုံခြုံရေးအား ထိပါးလာမည်ကို စိုးရိမ်သဖြင့် စီးပွားကုန် သွယ်မှုကို ဟန်ပြပြီး ဆက်ဆံ ခြင်းဖြစ်သည်ဟု အိန္ဒိယ နှင့် မြန်မာ့ နိုင်ငံရေး ၊ စစ်ရေး သုံးသပ်သူများက ဆိုကြသည်။
၁၉၉၀ အထိ မြန်မာ့ဒီမိုကရေစီရေးကို အားပေးလာခဲ့သော ကမ္ဘာ့ အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယ သည် ၁၉၉၀ ခုနှစ် မြန်မာ့ ဒီမို ကရေစီရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား စစ်အစိုးရမှ အာဏာလွှဲ မပေးသည့်အခါ အပေါ်ယံနှမ်း ဖြူး သဘောသာ အားပေးပြီး စစ်အစိုးရကို မျက်စိစုံမှိတ် ဆက်ဆံမှုပြုလုပ် လာ သည်ကို တွေ့ရှိရသည်။
၁၉၉၄ ခုနှစ်တွင် အိန္ဒိယ နှင့် မြန်မာစစ်အစိုးရသည် နယ်စပ်အခြေစိုက် နှစ်နိုင်ငံလူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းကိစ္စ၊ ထောက်လှမ်းရေး ကိစ္စ၊ နယ်စပ်ဒေသလုံခြုံရေးကိစ္စအတွက် Memorandum of Under standing ( MoU) ကို နယူး ဒေလီတွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
အကျိုးဆက်အဖြစ် ချင်းလူမျိုးစု လက်နက်ကိုင် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယ ဥက္ကဌ ဟောင်း၊ ဗဟို တရားသူကြီး ဥက္ကဌ ပူး ဆန်းလွမ် ( Sang Hlun )နှင့် ရဲဘော် ထောင်မန်း ( ThawngMang) တို့အား ၁၉၉၅ ခုနှစ် မတ်လတွင် ဖမ်းဆီးပြီး အဆုံးစီ ရင်ခဲ့သည်။ ထို့အပြင် ၁၉၉၆ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦး ဥက္ကဌ ဟောင်း ပူး နိုးထန်ကပ်ကို ဖမ်းဆီးပြီး စစ်အစိုးရ လက်ထက် လွှဲပြောင်းခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်လည်း ချင်းအမျိုးသားတပ်မတော်မှ ရဲဘော် မန်ဒုတလိန်း( Mangduhtling) အား ဖမ်းဆီးကာ ချင်း ပြည်နယ် မြို့တော် ဟားခါးအခြေစိုက် ခလရ ၂၆၆ တပ်ရင်းထံ လွှဲအပ်ခဲ့ပြန်သည်။ ၂၀၀၅ ခုနှစ်တွင် နှစ်နိုင်ငံဖိအား ကြောင့် စီအဲန်အက်ဖ် ၏ ဗဟို စစ်ဌာနချုပ်ဖြစ်သော ၀ိတိုရိယစခန်း ကျဆုံးခဲ့ရသည်။
ထောက်ပြရလျှင် အိန္ဒိယ – မြန်မာ စီးပွားကုန်သွယ်ရေးဆက်ဆံမှုသည် ချင်းအမျိုးသားများ၏အမျိုးသား နိုင်ငံရေး လှုပ်ရှားမှု အတွက် အင်မတန် အန္တရာယ်ရှိပြီး စစ်အစိုးရ၏ ယုံကြည်မှုရယူရာတွင်ချင်းလူမျိုးစု အရေးလှုပ်ရှားမှုကို စစ်အစိုးရအလိုကျ တသဝေမတိမ်းလိုက်လျောပေးနေသည်။ နှစ်နိုင်ငံသဘောတူညီ ချက်အရ ချင်းပြည်နယ်အတွင်းရှိ အိန္ဒိယ လူမျိုးစုလက် နက်ကိုင် များ မောင်းထုတ်ပေးရေးကိုမူမြန်မာစစ် အစိုးရက ဆောင်ရွက်မပေးခဲ့ပေ။
ချင်းပြည်သူလူထုသည် နအဖ စစ်တပ် နှင့် အိန္ဒိယလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖိနှိပ်မှုကို ခံနေကြရသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး မီဇိုရမ်ပြည်နယ် ထောက်လှမ်းရေးတဦးက “စီအဲန်အက်ဖ် ဟာ နအဖ စစ်တပ်နဲ့ တိုက်ပွဲဖြစ် ယင် အိန္ဒိယ က လက်ခံမှာ မဟုတ်ဘူး၊ အိန္ဒိယ သူပုန်တွေ မောင်းထုတ်ပေးရေးဆိုတာက အိန္ဒိယက မြန်မာအစိုးရအလိုကို လိုက်လျောနေတော့ မဖြစ်ပါဘူး” ဟု ပြောပြခဲ့ဘူးသည်။
အိန္ဒိယ နှင့် မြန်မာအစိုးရသည် ၁၉၉၅ ခုနှစ်မှ စပြီး တဖက် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဖြတ်သန်းပြီး အမှတ် (၂) အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်လှစ်အကောင်အထည် ဖော်ခဲ့ကြသည်။ အိန္ဒိယက ရူပီး ငွေ သိန်း ၁၄၆ တန် အရှည်ပေ ၁၇၀ ခန့်ရှိသည့် နီ ၀ါ ရောင်ချယ်နှစ်နိုင် ငံကူး ရိဒ် တံတားကို ဆောက် လုပ်ပေး ခဲ့သည်။ ကားလမ်းဖောက်လုပ်ရာတွင် စစ်အစိုးရသည်ချင်းပြည်သူလူ ထုနှင့် ရဲဘက် အကျဉ်းသားများအား အတင်း အဓမ္မ လုပ်အားပေးခိုင်းစေခဲ့သည်။
ကမ္ဘာတွင် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံး မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်ခြင်း ကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များသို့ မူးယစ်ဆေးဝါး၊ စစ်လက်နက်များ တရားမဝင် ပိုမို၀င်ရောက် ာကြောင်း မှတ်တမ်းများအရ သိရှိနိုင်သည်။
ယင်းကိစ္စအတွက် ၁၉၉၉ ခုနှစ် ဇူလိုင်လအတွင်း နယူးဒေလီမြို့တွင် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီး နှစ်ဦးသည် နှစ်နိုင်ငံ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ နှိမ်နင်းရေး၊ မူးယစ်ဆေးဝါး လျော့ချရေးအတွက်ပူးပေါင်း ဆောင်ရွက်ရန် သဘော တူ ဆွေးနွေးခဲ့ကြသည်။
နှစ်နို်င်ငံကုန်သွယ်ရေးလမ်းကြောင်းဖြတ်သန်းသည့် ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် ပြည်သူလူထုအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး ပိုမို အဆင်ပြေရုံမှ အပ မည်သည့် အကျိုးအမြတ်တစုံတရာမရရှိသည့် အပြင် ချင်းပြည်သူများသည် စစ်တပ်၏ အတင်းအဓမ္မကားလမ်းဖောက်လုပ်စေခိုင်းခြင်းကိုသာ ခံခဲ့ကြရသည်။ ထို့အပြင် ချင်းပြည်နယ်စပ် တလျှောက် တွင် စစ်တပ်စခန်းများ တိုးချဲ့လာပြီး ဒေသခံများသည် စစ်တပ်မှ ပေါ်တာထမ်း၊ တပ်စခန်းဆောက်၊ အိမ်မွေး တိရိစ္ဆာန်များ လုယက်ခြင်း ဒုက္ခကို ခံခဲ့ကြရသည်။
နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းနှင့် ပါတ်သက်ပြီး ၁၉၉၉ ခုနှစ်မေလအတွင်း မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ဦး ဇိုရမ်းထန်း ငါ (Zoramthanga) က သတင်းစာရှင်းလင်းပွဲတခုတွင် ယခုကဲ့သို့ ပြောကြားခဲ့သည်။
“ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ ရန်ကုန်နဲ့ နယူးဒေလီ စက်မှုထုတ်ကုန်များကိုသာ ရောင်းဝယ်နေတာပါ၊ မီဇိုရမ်ပြည် သူအတွက် ကားလမ်းဖောက်လုပ်ပေးတဲ့ အကျိုးခံစားခွင့်မှ အပ တခြား အကျိုးတစုံတရမရှိပါ၊ ဒါပေမဲ့ မီဇို နဲ့ ချင်း ညီအကိုတွေ အချင်းအချင်းအကြား ရင်းနှီးမှု၊ နားလည်မှုအတွက် တော့အလားအလာ ကောင်းတယ်၊ စိုးရိမ်တာက မူးယစ်ဆေးဝါးတွေ မီဇိုရမ်အတွင်း ပိုမိုများပြားလာမှာကိုပဲ၊ အဲဒီအတွက် စနစ်ကျတဲ့ ကာကွယ်မှုမျိုး ပြုလုပ်သင့်တယ်” ဟု ပြောခဲ့သည်။
ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ပြီးနောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါး ကုန်သွယ်မှု ပိုမို ထူပြောလာပြီး အဆိုပါ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုတွေမှာချင်းလူမျိုးများပါ၀င်ပါတ်သက်မှုများ ပြားလာခဲ့သည်။ အကျိုးဆက်အဖြစ် မီဇိုရမ်ရောက်ချင်းလူမျိုးများ နှင့် မီဇိုလူမျိုးများအကြားနားလည်မှု ပိုမိုလွဲစေခဲ့သည်။
ထို့ကြောင့် ၂၀၀၁ ခုနှစ် မေလတွင် အမေရိကန်အစိုးရက မီဇိုရမ်အစိုးရအား အမေရိကန်ဒေါ်လာ ရ၀၀၀၀ သောင်း တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးပစ္စည်းများပ့ံပိုးခဲ့သည်။ တဖက်တွင် ယနေ့ချင်းပြည်နယ် မြောက်ပိုင်း ဒေသ အတွင်း အိန္ဒိယအရှေ့မြောက်လက်နက်ကိုင်သူပုန်များက တရား ၀င် ဘိန်းစိုက်နေသည်မှာ အားလုံးအသိ ပင်ဖြစ် သည်။ သို့ဆိုလျှင် ချင်းပြည် နယ်အစမှ အဆုံးအထိ နယ်စပ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်သူများအတွက် မူးယစ်ဆေး ၀ါးနှိမ် နင်းရေးပ့ံပိုးမှုသည် လက်တွေ့ကျသလားမေးစရာဖြစ်နေ သည်။
ယခုနှစ် အောက်တိုဘာလ ယခုလ ၁၈ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာ အရာရှိများ တွေ့ဆုံပွဲတွင် မီဇိုရမ်ပြည်နယ်အတွင်း လက်နက်မှောင်ခို၊ လူသတ်မှု နှင့် မကောင်းမှု ဒုစရိုက် အမျိုး မျိုးကျိုးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသူဟု ယူဆရသည့် ပုဂ္ဂိုလ် ၂၆ ဦး၏ အမည်စာရင်းကို မြန်မာ အစိုးရထံပေးအပ်ခဲ့ပြီး မြန်မာအစိုးရဘက် မှ လည်း ၎င်းတို့အလိုရှိနေသော ပုဂ္ဂိုလ်တဦး၏ အမည်စာရင်းကို မီဇိုရမ် အစိုးရ ထံပေးအပ်ခဲ့ကြသည်။
၂၀၀၀ ခုနှစ် နို၀င်ဘာလတွင် အိန္ဒိယ အစိုးရသည် နအဖ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး ( MaungAye) အား ကော် ဇောနီခင်း ( Red Carpet) ပြီး ကြိုဆိုဂုဏ်ပြုခဲ့သည်။ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မောင်အေးသည် အိန္ဒိယ အရှေ့မြောက်ပြည်နယ်မြို့တော် ရှီးလ်လောင်း မြို့ ( Shillong) တဝိုက်တွင် စိုက်ပျိုးအောင်မြင်နေသော လက်ဖက်ခင်း များကို တွေ့ရှိသွားလေရာ ၄င်းကို ပုံတူကူးယူပြီး ချင်းပြည် နယ်အား လက်ဖက်ပြည်နယ်ဖြစ်စေရမည်ဟု ဆိုကာ ချင်းပြည် သူလူထုအား လက်ဖက်ပင်ဖြင့် နှိပ်စက်ပါလေ တော့သည်။
၂၀၀၁ ခုနှစ်မှ စပြီး ချင်းပြည်နယ် တနံတလျားတွင် ပုဂ္ဂလိက ပိုင် ဥယာဉ်ခြံများ၊ မြေနေရာများကို လက်နက်ပြ သိမ်းပိုက်ပြီး ပြည်သူလူထု နှင့် အစိုးရ ၀န်ထမ်းများအား လက်ဖက်ပင်ကို အတင်းအဓမ္မစိုက်ခိုင်းခဲ့တော့သည်။ အဆိုးဆုံးမှာ လက်ဖက် မျိုးစေ့များကို ထုတ်ပေးခြင်းမရှိပဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ရှာဖွေစိုက်ခိုင်းခဲ့ကြခြင်း ဖြစ်သည်။
စစ်အစိုးရ၏ ၂၀၀၆ ခုနှစ် မှတ်တမ်းအရ ချင်း ပြည်နယ်တွင် လက် ဖက် Acre ပေါင်း ၁၄၁၈၈စိုက်ပျိုးခဲ့သည် ဟု သိရသည်။ သို့သော် ချင်းပြည် နယ်တွင် ယနေ့အထိ လက်ဖက်မည် မျှဖြစ်ထွန်းသည်၊အကျိုးအမြတ် မည်မျှရရှိသည် မသိရပေ။ အစိုးရ ၀န်ထမ်းများခင်ဗျာ မိမိတို့ ဌာနဆိုင်ရာ လက်ဖက် စိုက်ကွက်များမအောင် မြင် သောကြောင့် အထက်မှ ဆူဆဲခြင်းကို နေ့စဉ်နှင့် အမျှ ခံနေကြရသည်။
ယနေ့တွင် ကုလားတန်ရေကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း နှစ်နိုင်ငံမှအကောင်အထည်ဖော် နေပြီဖြစ်ပေရာ ကုလား တန်မြစ်ကြောင်းတလျှောက်ရှိ ချင်းပြည်သူများအနေဖြင့် လူမှုဒုက္ခများရင်ဆိုင်ကြုံ တွေ့ရအုံးမည်သာ။
ချုပ်ရပါကအိန္ဒိယ - မြန်မာ ဆက်ဆံရေးသည် စစ်အုပ်စုအကျိုးစီးပွားအတွက် ဒေလီ နှင့်နေပြည်တော် အကြား တိုက်ရိုက် ဆက်ဆံရေးသာဖြစ်ပြီးချင်းပြည်သူများအတွက်မူ လူမှုဒုက္ခ သယ်ဆောင်လာသည့် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသာ ဖြစ်သည်။ တနည်းအားဖြင့် အိန္ဒိယ – မြန်မာဆက်ဆံရေးသည်အိန္ဒိယ အနေဖြင့် တရုတ်ထိပါးလာမည့်အရေးကို ကြောက် ပြီး မိမိနိုင်ငံလုံခြုံရေးအတွက် ဟန်ပြ ဆက်ဆံမှုသာ ဖြစ်သည်။