ခွေးရူး အကိုက်ခံရသည့် မောင်တောမှ ကလေး ၂၀ နီးပါး ဆေးဝါး မလုံလောက်၍ စိုးရိမ်ရ

ခွေးရူး အကိုက်ခံရသည့် မောင်တောမှ ကလေး ၂၀ နီးပါး ဆေးဝါး မလုံလောက်၍ စိုးရိမ်ရ
by -
မောင်အေး

ရခိုင်ပြည်နယ်မှ တောဆင်ရိုင်းများ အဓိက ကျက် စားရာ မေယူတောင်တွင် သစ်များကို ပရမ်းပတာ ခုတ်လှဲ ထုတ်ယူနေမူကြောင့် တောဆင်ရိုင်းများမှာ တစ တစ ခိုးကိုးရာမဲ့ ဖြစ်လာနေကြောင်း သတင်း ရရှိသည်။

မေယူတောင်တန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင််တောနှင့် ရသေ့တောင်မြို့နယ်များ အကြားတွင် တည်ရှိပြီး သဘာဝ အလျောက်ပေါက်ရောက်သော သစ်မာပင်များ အကြီးအကျယ် ဖြစ်ထွန်း တည်ရှိကာ တောဆင်ရိုင်းများ အဓိိက ကျက်စားရာ မြန်မာနိုင်ငံထဲမှ တောင်တန်း တစ်ခု ဖြစ်သည်။
Maungdaw-Rakhine-State-Western-Burma
ယခင်က ဖမ်းဆီးရမိခဲ့သော ဆင်ဖြူ (၆) ကောင်မှာလည်း ဤတောင်တန်းမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုုအခါ သစ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုမှ သစ်တောဌာန၏ ခွင့်ပြုချက်ဖြင့် စက်ယန္တရား များကို အသုံးပြုကာ သစ်များကို ထုတ်လုပ်နေသဖြင့် သစ်တောများ ပါးလာပြီး တောဆင်ရိုင်း များမှာလည်း နေစရာ နေရာ မရှိ ဖြစ်လာကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

" အခု မေယူတောင်တန်းမှာ နေထိုင် ကျက်စားနေတဲ့ ဆင်ရိုင်းတွေက နေစရာ နေရာ မရှိ ဖြစ်လာတော့ လူတွေနေတဲ့ နေရာတွေကို ဆင်းလာတယ်။ သီးနှံ စိုက်ခင်းတွေကို ဖျက်ဆီးလာတယ်။ လူတွေကို ရန်မ ူတာတွေလည်း လုပ်လာတာကို တွေ့နေရတယ်။ သစ်ပင်တွေကိုအရင်တုန်းကဆို ဒေသအတွင်းက လူတွေ အိမ်ဆောက်ဖို့ အတွက် ခုတ်လှဲတာလောက်ဘဲ ရှိတယ်။ ခုတော့ သစ်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနဲ့ သစ်တောဌာနက လူကြီးတွေပူး ပေါင်းပြီး စက်ယန္တရားတွေနဲ့ နေ့စဉ်နဲ့အမျှ ခုတ်လှဲနေတော့ သစ်တောတွေ တအားပြုန်းတီးလာနေပါတယ်။" ဟု ပြောသည်။

တောဆင်ရိုင်းများသည် ယခုအခါ လူနေဒေသများသို့ ဆင်းလာပြီး စိုက်ခင်းများကို ၀င်ရောက်စားသောက် သဖြင့် ဒေသအတွင်းရှိ တောင်သူများ အတွက် အထူး အခက်အခဲ ဖြစ်နေရကြောင်း မေယူတောင်ခြေရင်း တွင် တည်ရှိသော ရသေ့တောင်မြို့နယ် စူးခွင်ကျေးရွာမှ တောင်သူ တစ်ဦးက ပြောသည်။

" မေယူတောင်မှာ အရင် ငှက်ပျောခင်းတွေ၊ ဆောင်းသီးနှံတွေ ဖြစ်တဲ့ ဖရဲတို့၊ ငရုတ်တို့၊ ပဲတောင့်တို့ စိုက်ပျိုးကြတယ်။ ခုတော့ မရတော့ဘူး။ ဆင််တွေက လာဖျက်တယ်။ အစောင့် ထားရင်လည်း မနိုင်ဘူး" ဟု သူက ပြောသည်။

မေယူတောင်တန်း တလျှောက်ရှိ သစ်တောများမှာ ယခင်နှစ်များထက် တစ တစ ပြုန်းတီးလာနေရာ တောဆင်ရိုင်းများ နေစရာမဲ့ ဖြစ်လာနေသဖြင့် မောင်တောမြို့နယ်တွင်လည်း ဆင်များကြောင်း အလုပ်အကိုင်များ ထိခိုက်မူ ရှိနေကြောင်း အောင်ဗလ ရွာသား တစ်ဦးက ပြောသည်။

"သစ်တောတွေနည်းလာတော့ လူတွေ စိုက်ထားတဲ့ဥယာဉ်ခြံမြေတွေ ဘက်ကို ဆင်တွေက ဦးတည်လာ တယ်။ သီးပင်စိုက်ခင်းတွေထဲကို ၀င်ရှာစားလာတော့ ဆင်နဲ့လူအကြား မကြာခဏ ထိပ်တိုက် တိုးလာတော့ လူတွေ အတွက် အသက်အန္တရာယ် စိုးရိမ်လာရတယ်ပေါ့ နော်။ လွန်ခဲ့တဲ့လတွေကလည်း ဆင်နှင်း သတ်လို့ လူတွေသေဆုံးတာ ရှိတယ်လေ။ အဲဒါကြောင့် ကိုယ့်ရဲ့ ဥယာဉ်ခြံ မြေနဲ့ စိုက်ပျိုးထားတဲ့ စပါးခင်း၊ဟင်းခင်း တွေကို သွားဖို့တောင် ကြောက်လာ ကြပါတယ်" ဟုဆက်ပြောပြသည်။

ဒေသအတွင်း နေထိုင်သူများ အနေဖြင့် မေယူတောင်တန်းတွင် သစ်များ ထုတ်လုပ်ခြင်းအပေါ် သဘော မကျကြောင်းနှင့် ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်ကြောင်း ရှု့မြင်ကြသည်ဟု သူက ဆက်ပြောသည်။

မြန်မာ အစိုးရသစ် လက်ထက်တွင် သစ်တောများ မပြုန်းတီးရေးနှင့် သဘာဝ ပတ်ဝန်းကျင် သာယာ လှပရေး အတွက် "အစိမ်းရောင် စီးပွားရေး စီမံကိန်း " အဖြစ် သစ်ပင် စိုက်ပျိုးရေးကို နိုင်ငံတကာနှင့်ပူး ပေါင်းလုပ် ဆောင် နေသည်ဟု ကြေညာနေသော်လည်း လက်တွေ့မှာ အဆိုပါ စီမံကိိန်းကို မေယူဒေသ၌ အရေးတယူ အကောင်အည်ဖေါ် လုပ်ဆောင်ခြင်းမျိုး မမြင်တွေ့ရ ကြောင်း ဒေသခံများက ပြောဆိုသည်။

=====================

ခွေးရူး အကိုက်ခံရသည့် မောင်တောမှ ကလေး ၂၀ နီးပါး ဆေးဝါး မလုံလောက်၍ စိုးရိမ်ရ
Font size: Decrease font Enlarge font

မောင်အေး
-----------
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့တွင် တစ်နေ့တည်း၌ ကလေး ၂၀ နီးပါး ခွေးရူးအကိုက် ခံရပြီး အဆိုပါ ကလေးများကို ကုသရန်မောင်တော ဆေးရုံတွင် ဆေးဝါး အလုံလောက် မရှိသဖြင့်သူ တို့အတွက် စိုးရိမ်ရကြောင်း မိသားစု အသိုင်း အဝိုင်းက ပြောသည်။

" ကလေး (၄) ဦးအတွက်ဘဲ ခွေးရူးကုတဲ့ ဆေးရှိတယ်။ ဒါကြောင့် အများစု ကလေးတွေက ဆေးကုသမှု မခံယူရဘဲ ဖြစ်နေတယ်။ အခုသူတို့ အတွက် စိုးရိမ်နေရပါတယ်" ဟု ပြောသည်။

Maungdaw-Rakhine-State-Western-Burma

မောင်တောမြို့တွင် ခွေးရူးအကိုက်ခံရမည်ကို လူတိုင်း စိုးရိမ်နေကြပါသည်။ ခွေးရူးကိုက်ခံရသည့်ကလေး များမှာ မောင်တောမြို့ပေါ်နှင့် သုံးမိုင်၊ လေးမိုင်နှင့် ဝေသာလီကျေးရွာမှ ဖြစ်ကြသည်။

ကလေးများမှာ လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့က တရက်တည်းတွင် အကိုက်ခဲ့ရခြင်းဖြစ်ကြောင်း မောင်တော မြို့ခံတဦးကလည်း အတည်ပြု ပြောသည်။ သို့သော်လည်း ခွေးရူးကိုက်ရာတွင် ပုံမှန် ခြေအောက်ပိုင်းကို ကိုက်ခြင်း မဟုတ်ဘဲ မျက်နာနှင့် ဦးခေါင်းကို ကိုက်သည်ဟု သိရသည်။

အကိုက်ခံရသည့် ကလေးများကို သူက ယခုလို ပြောသည်။

" သုံးမိုင်နဲ့ လေးမိုင် ရပ်ကွက်က ၁၂ ယောက်၊ မောင်တောမှာ ၈ ယောက်ခန့် အကိုက်ခံရတယ်။ တနေ့တည်းမှာ အ ကိုက်ခံရတာ။ ကျွန်တော်အိမ်က ခွေး လည်းရူးလို့ မနေ့က သတ်ပစ်လိုက်ရတယ်။ အကိုက်ခံရတဲ့ ကလေးတွေက ဆေရုံတက်နေကြတယ် ။လေးမိုင်ကလေးတွေနဲ့ ဝေသာလီက ကလေးတွေ အားလုံး က မျက်နှာမှာ အကိုက်ခံရတယ်။ မောင်တောမှာတော့ စံပြရွာနဲ့ ရွာသစ်ရွာက ကလေးတွေ အကိုက် ခံရတယ်။"

ယခုကဲ့သို့ ဆေးရုံသို့ ခွေးရူးအကိုက်ခံရသည့် ကလေးများ ဆေးကုသရန် တက်ရောက်နေကြ သော် လည်း ဆေးရုံတွင် ဆေးမရှိသည့်အတွက် ကလေး ၂၀ ယောက်တွင် ၄ ဦးသာ ခွေးရူးဆေးထိုး ရပြီး ကျန်ကလေး များမှာ ယခုအချိန်ထိ ဆေးမထိုးရသေးကြောင်း၊ သူတို့ အနေဖြင့် မည်သို့ လုပ်ကိုင်ရမည်ကို မသိကြောင်း လေးမိုင် ရပ်ကွက်မှ မိဘ တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောဆေးရုံသို့ ဆက်သွယ်မေးမြန်ရာ တာဝန်ကျဆရာဝန် တဦး က ယခုကဲ့သို့ ပြောသည်။

" အခု ဆေးရုံအုပ်ကြီး အစည်းအဝေး တက်နေပါတယ်။ ဆေးရုံအုပ်ကြီးလာမှ မေးပါ။ သူဘဲ ပြောခွင့်ရှိ တယ်။ ပြီးတော့ ဆေးရုံ သတင်းကို ဆေးရုံ အုပ်ကြီးမှ အပ ဘယ်သူမှ မပြောရဆိုပီး ကျန်းမာရေးဝန်ကြီး ဌာနက တားထားပါတယ်" ဟု ပြောသည်။

မောင်တော လေးမိုင်ရှိ ဆေးခန်းတခုကလည်း ကလေးများ ခွေးရူး ကိုက်ခံရပြီး ဆေးရုံ တင်ပို့ထားသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အရေအတွက် အတိအကျကို သူ့အနေနှင့် မသိရှိကြောင်း ပြောသည်။

ယခုအခါ ကလေးများကို ကိုက်ခဲ့သည့်ခွေးရူးတချို့ကို ကျေးရွာသားများက သတ်ပစ်ပြီးဖြစ်သော်လည်း မောင်တောမြို့တွင် ခွေးလေခွေးလွင့်များ ပေါများနေပြီး သက်ဆိုင်ရာ ဌာနများမှ တစုံတရာ အရေးယူ လုပ်ဆောင်ခြင်း မရှိသည့်အတွက် လမ်းသွားလမ်းလာများနှင့် ကလေးမိဘများက ခွေးရူးအကိုက် ခံရမည့် အန္တရာယ်ကို အထူး စိုးရိမ်နေကြကြောင်း အဆိုပါ မောင်တောမြို့ခံကပြောသည်။

Most read this week