ဒေလီ ချင်းဒုက္ခသည် အမျိုးသမီး (၃) ဦး နှင့် ယောကျင်္ား တဦး အိန္ဒိယ လူမျိုးများက ကိုယ်ထိလက်ရောက် စော်ကား

ဒေလီ ချင်းဒုက္ခသည် အမျိုးသမီး (၃) ဦး နှင့် ယောကျင်္ား တဦး အိန္ဒိယ လူမျိုးများက ကိုယ်ထိလက်ရောက် စော်ကား
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံမြို ့တော် နယူးဒေလီတွင်ချင်းဒုက္ခသည် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့သည် ၄င်းတို့လုပ် ငန်းခွင်မှအပြန် လမ်း ပေါ်တွင် ဒေသခံ အိန္ဒိယလူမျိုးများက ကိုယ်ထိလက်ရောက်စော်ကား ခံခဲ့ကြသည်ဟု သိရသည်။

eee

“အရင်ဆုံး ကျတော့ကို ထိုးတာ၊ ကျတော့ကိုထိုးကြတော့ အမျိုးသမီးတွေအော်တာပေါ့၊ ဒါနဲ့အမျိုးသမီးတွေ ကို လည်း လိုက်ထိုးကြတယ်၊ တယောက်ကတော့ ခြေထောက်မှာ ဒဏ်ရာရတယ်၊ သူတို ့ဘယ်လိုလုပ် သလဲတော့မသိဘူး၊ ခြေထောက်ရောင်သွားတာပေါ့”ဟု အထိုးခံရသူ မောင် Mr. Tluang Bawih ကဆိုသည်။

အရိုက်ခံရသူများမှာ Mr. Tluang Bawih, Miss. San Cing (18), Miss. Mawi နှင့်နယူးဒေလီတွင် ချင်းဒုက္ခသည်များ အလုပ်လုပ်နေသည့် Don Bosco Ashalayam တွင် ဘာသာပြန်အလုပ်လုပ်သူ Miss. Mang Nuတို ့ဖြစ်ပြီး Miss. San Cing သည် ခြေထောက်တွင် ဒဏ်ရာရသူဖြစ်သည်။

အိန္ဒိယအမျိုးသားများထဲမှ တစ်ဦးကို ဒေလီမြို ့ Budella Market, Vikaspuri ရှိ ၄င်း၏နေအိမ်တွင်ဒေသခံ ရဲများက ဖမ်းဆီးခဲ့သော်လည်း ပြန်လည်လွတ်ပေးခဲ့ ကြောင်း Mr. Tluang Bawih ကအခုလိုပြောပြပါ ခဲ့သည်။

“မနေ ့ညက သူ့နေအိမ်မှာ ဖမ်းတာဖြစ်တယ်။ ဒါပေမဲ့မကြာဘူး မနေ ့ညကဘဲ ပြန်လွတ်လာတယ်။ ဒီကိစ္စကို ကျတော်တို့ ဆက်လက် ဆောင်ရွက် နေတယ်” ဟုခိုနူမ်းထုန်ကို ရှင်းပြခဲ့သည်။

အခင်းဖြစ်ပွားပြီး အနီးအနားရှိ တရားခံနေအိမ်ရှေ ့တွင် ချင်းဒုက္ခသည်များတချို ့စုရုံးကြပြီး တရားခံအား အိမ်အပြင်ထုတ်ပေးရန်နှင့် တရား ဥပဒေအတိုင်း ရင်ဆိုင်ရန် ဒေသခံ ရဲစခန်းကို ဆက်သွယ်ခဲ့သည်။ များမကြာမီ ရဲများကရောက်လာပြီး တရားခံအားဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်သည်။

ဤအကြောင်းနှင့်ပတ်သက်ပြီး Burmese Women Delhi မှ Voilent Agaist Women incharge Mss. Cherry က” ရဲတွေက ဒေသခံတွေဘက်က အမြဲရပ်တည်ကြတယ်၊ သူတို ့ကို အမြဲတမ်းအကာအကွယ်ပေး ကြတယ်၊ အိန္ဒိယလူမျိုး အချင်းချင်းဆိုတော့လေနော်၊ ဒါကိုစဉ်းစားရင် စိတ်နာဖို ့ကောင်းတယ်၊ ကျမတို ့အတွက် လုံခြုံမှု မရှိတော့ဘူး” ဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဒေလီမှာအခြေစိုက် အမျိုးသမီးများအတွက် လှုပ်ရှားနေကြသည့် အဖွဲ့အစည်း များ နှင့်ညှိနှိုင်းပြီး ယင်းသဘော တူညီချက်နှင့်အညီ လိုအပ်ရင်လိုအပ်သလို နယူးဒေလီမြို ့ရှိသက်ဆိုင် ရာအမျိုးသ မီးများနှင့် ပူးပေါင်းကာ လှုပ်ရှားမှုတခုခုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ဒေလီရှိချင်းဒုက္ခသည်များသည် ၂၀၁၀ခုနှစ်မှစ၍ UNHCR မှလစဉ်ထောက်ပံ့ကြေး ဖြတ်တောက်ပြီး ကြုံရာ လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ယင်းသို ့လုပ်ကိုင်ရာတွင် ဒေသခံ အိန္ဒိယလူမျိုးများက နည်းမျိုးစုံဖြင့် နှိပ်စက် ခြင်းကိုခံနေကြရသည်။

ဒေလီရှိချင်းဒုက္ခသည်များသည် အများအားဖြင့် Vikaspuri, Aslatpur, Jeevan park နှင့် Sitapuri ဒေသမျာ တွင်နေထိုင်ကြပြီး ယခုအထိ ချင်းဒုက္ခ သည်ပေါင်း ၁၀၅၀၀ ရှိပြီဖြစ်ကြောင်းချင်းဒုက္ခသည်များ ကော်တီမီ တာဝန်ရှိသူများက ခန် ့မှန်းကြသည်။

Most read this week