အိန္ဒိယ ဆိပ်ကမ်းသစ်ကြောင့် စစ်တွေ ဆေးရုံးကြီးနှင် ့မြို့ကို ထိခိုက်နေ

အိန္ဒိယ ဆိပ်ကမ်းသစ်ကြောင့် စစ်တွေ ဆေးရုံးကြီးနှင် ့မြို့ကို ထိခိုက်နေ
by -
နိရဥ္စရာ သတင်းဌာန

စစ်တွေတွင် တည်ဆောက်နေသော အိန္ဒိယ ဆိပ် ကမ်းသစ်အတွက် ပင်လယ်ကမ်းစပ်မှ သဲများကို သယ်ယူနေရာတွင် စည်းမဲ့ကမ်းမဲ့ ကားများဖြင့် နေ့ည မပြတ် သယ်ယူနေသဖြင့် ဆေးရုံကြီးနှင့် မြို့အား အကြီးအကျယ် ထိခိုက်နေကြောင်း သတင်း ရရှိသည်။

စစ်တွေ ဆေးရုံကြီးအား ထိခိုက်နေကြောင်းကို ဒေသခံ ပညာတတ် လူငယ် တစ်ဦးက ယခုလို ပြောသည်။
Sittwe-port-construction-Arakan-Burma
" ဆိပ်ကမ်းက အခု သဲတွေဖို့နေတယ်လေ။ သဲတွေဖို့နေတော့ လေတိုက်တော့ လွင့်တာပေါ့။ဆိပ်ကမ်းနဲ့ ဆေးရုံက လမ်း တလမ်းဘဲ ခြားတယ်။ လမ်း ဟိုဘက ်ဒီဘက်ပေါ့။ ကပ်နေတဲ့အဆောင်ကလည်းမျက်စိ ဆောင်ဖြစ်နေတယ်ဗျ။ အဲဒီ သဲတွေလွင့်တော့ မျက်စိဆောင်နဲ့ အဆင်မပြေဘူးပေါ့။မျက်စိလူနာ တွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ နောက်ပြီးတော့ အဲဒီဆိပ်ကမ်းက စက်သံတွေ၊ဘိလပ်မြေဖျော်တဲ့အသံ တွေ ဆူညံနေတော့ လူနာတွေက ဆေးရုံတက် ရာတာ စိတ်မချမ်းသာဘူးပေါ့" ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်တွေဆေးရုံကြီးအား မေးမြန်းရာ တာဝန်ကျဆရာဝန် တစ်ဦးကဆိပ်ကမ်း က သဲများကြောင့် စစ်တွေ ဆေးရုံကြီးကို ထိခိုက်မူ မရှိကြောင်း ဖြေကြားသည်။

သဲများကို ပရမ်းပတာ ပြောင်းရွှေ့နေမူကြောင့် စစ်တွေမြို့ကို ထိခိုက်မူများ ရှိနေကြောင်းကို တခြားကျေးပင် ကြီးရပ်ကွက်မှ လူကြီး တစ်ဦးက ပြောသည်။

" အဲဒါကတော့ အဆိုးဆုံးပေါ့ဗျ။ သူတို့က သဲတွေကို အဓိက စစ်တွေဟိုတယ် ဆောက်ထားတဲ့စစ်တွေ ကမ်းခြေက သယ် ယူလာတာပေါ့။ အဲဒီနေရာက ဆိပ်ကမ်း တည်ဆောက်တဲ့ နေရာနဲ့တော်တော်ဝေး တယ်။ ဝေးတော့ အဲဒီ သဲတင်တဲ့ ကားတွေက မြို့ထဲ မှာ စည်းမဲ့ကမ်းမဲ့ မောင်းနေကြတယ်။ အဲဒါကြောင့် သဲတွေက တမြို့လုံးကို လွင့်နေတာပေါ့။ လမ်းပေါ်မှာ သဲတွေ ထနေ တော့ ဆိုင်ကယ်တွေ၊ကားတွေဖြတ် သွားရင် သဲတွေလွင့်ပြီးတော့ လူတွေ ကသိကအောက် ဖြစ်တာပေါ့။ အခုက သဲတွေနဲ့စစ်တွေဖြစ်နေပြီး ဗျာ"ဟု ပြောသည်။

၎င်းပြင် လမ်းများပျက်စီးနေပုံကို သူက အခုလို ဆက်ပြောသည်။

"နောက်ပြီးတော့ သဲတွေကို စည်းမဲ့ကမ်းမဲ့သယ်နေတော့ လမ်းတွေက ပျက်စီးတယ်ဗျ။ ကျွန်တော်တို့ စစ်တွေ ကမ်းနားလမ်း၊ ပွိုင့်ကို သွားတဲ့လမ်းပေါ့၊ အဲဒီလမ်းမှာ ဆိုရင် သဲတွေတင်ဆောင်ပြီးမောင်းနေတဲ့ အတွက် တံတားတွေ ပျက်သွားတယ်။ အဲဒါကို သူတို့ (အိန္ဒိယ ကုမ္ပဏီ)က မလုပ်ပေးဘူးဗျ။ပျက်စီးသွား တဲ့ လမ်းတွေကို သူတို့ မလုပ်ပေးသလို စည်ပင်ကလည်း မလုပ်ပေးဘူး။ ကမ်းနားလမ်းဟာ အရင်တုန်းက အကောင်းဆုံးလမ်းတွေပါ။ အခုကတော့ အိန္ဒိယ ဆိပ်ကမ်းဆောက် ကတည်းက ပျက်စီးပြီးတော့ဘာမှ လည်း လုပ်မပေးတော့ သွားလာလို့ မရတော့ဘူးပေါ့" ဟု ပြောသည်။

ကမ်းနားလမ်းအား လုပ်ပေးမည်ဆိုကာ ဒီဇိုင်းရေးထားသည်ဟု အဆိုပါ စီမံကိန်းမှ တာဝန်ရှိသူကပြောကြား သော်လည်း နှစ်လ သုံးလကြာမည် ဖြစ်ကြောင်း သူက နိရဥ္စရာသို့ ပြောသည်။

စစ်တွေ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ တစ်ဦးကလည်း သဲများကို စည်းမဲ့ ကမ်းမဲ့ တူးယူနေသဖြင့် ပွိုင့်ကမ်းခြေ ပျက်စီးနေကြောင်းကို ယခုလို ပြောသည်။

" သဲတွေကို စစ်တွေကမ်းနားက စက်တွေနဲ့တူးပြီးတော့ သယ်တယ်ဆိုတော့ အဲဒီမှာ ကမ်းခြေက အင်းတွေ၊ ချောက်တွေ ဖြစ်သွားတာပေါ့။ နောက်ပြီးတော့ စိုက်ထားတဲ့ သစ်ပင်တွေက သဲတွေမရှိတော့ အဲဒီအပင်တွေက ဘယ် ရှင်သန်နိုင်ပါ့မလဲ။ သစ်ပင်တွေမရှိတော့ မြေပြိုမယ်။သဘာဝပတ်ဝန်းကျင်ကို လည်း ထိခိုက်နိုင်တယ်။ စစ်တွေမြို့ထဲ လမ်းတွေမှာလည်း ပျက်စီးနေတယ်။ ကားတွေ စည်းမဲ့ကမ်းမဲ့ မောင်းနေကြတော့ ဆူညံတာ၊ သဲတွေလွင့်တာနဲ့ လူတွေက ကသိကအောက် ဖြစ်နေကြတယ်။ ဌာနဆိုင်ရာ လူတွေကလည်း ဘာမှ မပြောဘဲ ဖြစ်နေတာ" ဟု ပြောသည်။

သဲတွေ လွင့်တဲ့အတွက် ကျန်းမာရေး အတွက် ထိခို်က်တာတွေကော မရှိဘူးလားဟု မေးမြန်းရာ သူမက ယခုလို ဆက်ပြောသည်။

" ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နိုင်တာပေါ့။ ဥပမာ၊ သဲတွေ၊ အမှုတွေ လေမှာလွင့်နေတော့ အဲဒါကို ရှူသွင်းမိရင် အဆုပ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပြီး ကျန်းမာရေးထိခိုက်နိုင်တာပေါ့။ နောက်ပြီးတော့ အက်စမာလို့ခေါ်တဲ့ ရင်ကြပ် ပန်းနာ သမားတွေပေါ့။ အဲဒီရောဂါသည်တွေက ဖုန်မှုန့်တွေနဲ့ မတည့်ဘူးရှင် ။ ဖုန်တွေ သဲတွေ လွင့်နေတော့ အဆုပ် ရောဂါသမားတွေ၊ ပန်းနာရင်ကြပ်သမားတွေ ရောဂါပြန်လို့ထလာ နိုင်တာပေါ့။ လေထုပါ ညစ်ညမ်းနေတဲ့ အတွက် စစ်တွေ တစ်မြို့လုံးက ဒုက္ခဖြစ်နေပါတယ်ရှင်" ဟုပြော သည်။

အဆိုပါ အိန္ဒိယ ဆိပ်ကမ်းမှ သဲများ သယ်ယူနေသော ကားများကြောင်း စစ်တွေမြို့ကို ထိခိုက်မူ ရှိနေသဖြင့် ပြည်နယ် အစိုးရကို အကြောင်းကြားထားသော်လည်း ယနေ့ အချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက် မှု မရှိသေးကြောင်း စစ်တွေမြို့နယ် ရတပ ပါတီ ဥက္ကဌနှင့် စစ်တွေ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

" ဆိုးဆိုးရွားရွားကို ဖြစ်နေတာပါ။ သဲတွေက ဆောင်းဆိုတော့ မြောက်လေပြန်တဲ့ အခါ အကုန်လုံး စစ်တွေမြို့ ထဲဘက်ကို လွှင့်လာတယ်။ စစ်တွေမှာ နေရာတိုင်းမှာ သဲတွေ ဖြစ်နေတယ်။ ကျန်းမာရေး အရလည်း ထိခိုက်သလို မြိုကအလှကို ပျက်စီးစေပါတယ်။ ဒါကြောင့် ဒီလို ဖြစ်နေတာကို မဖြစ်အောင် စီစဉ် ဆောင်ရွက်ပေးဖို့ ပြည်နယ် အစိုးရအဖွဲ့ကို ကျွန်တော်က သွားပြောတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှ လုပ်ဆောင် ပေးတာ မရှိ်သေးဘူး" ဟု ပြောသည်။

စစ်တွေ ဆိပ်ကမ်းသစ် အတွက် သဲများကို စစ်တွေ ဟိုတည် နောက်ဘက် ပင်လယ်ကမ်းခြေမှ သဲများကို တူးယူကာ မြေသယ်ကားများဖြင့် နေ့ညမပြတ် သယ်ယူနေသဖြင့် ဖိတ်စဉ်ကျလာသော သဲများကြောင့် စစ်တွေကို ထိခိုက်မူ ရှိနေခြင်း ဖြစ်သည်။

Most read this week