မြန်မာ့ နိုင်ငံခြားငွေလဲနှုန်း စနစ်အတွက် ပူးပေါင်း ဆောင်ရွက်မည်ဟု IMF ပြော

မြန်မာ့ နိုင်ငံခြားငွေလဲနှုန်း စနစ်အတွက် ပူးပေါင်း ဆောင်ရွက်မည်ဟု IMF ပြော
by -
အေးလဲ့

ချင်းမိုင် (မဇ္စျိမ) ။       ။ “မြန်မာနိုင်ငံ နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်ကို  မူဝါဒများ ချမှတ်ဆောင်ရာ၌ ပူးပေါင်း ဆောင်ရွက်မည်” ဟု မြန်မာအစိုးရနှင့် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏  သီတင်းပတ် နှစ်ပတ် ခန့်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီးတွင် ပြောဆိုလိုက်သည်။

currency-exchange-policy
IMF အဖွဲ့မှ Mr. Ake Lonnberg ခေါင်းဆောင်သော ငွေကြေးစျေးကွက်နှင့် အရင်းအနှီး စျေးကွက်ဌာန၊ ဥပဒေဌာန နှင့် အာရှ-ပစိဖိတ်ဌာနတို့ ပါဝင်သော မစ်ရှင်အဖွဲ့သည်  အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ အထိ အစိုးရ အရာရှိများ၊ ဘဏ်များ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတို့မှ ကိုယ်စားလှယ်များတို့အားနေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်  တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံတွင် တခုတည်း နိုင်ငံခြားငွေလဲလှယ်နှုန်း အသုံးပြုသည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းစနစ် ဆောင်ရွက်ရန် သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်ဖြစ်သော ဥပဒေမူဘောင်နှင့် စျေးကွက်၌ အမှန်တကယ် ကျင့်သုံး ဆောင် ရွက်နေမှု များ၊ တည်ဆဲ နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ် တားမြစ်မူများ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း အမျိုးမျိုး အသုံးပြုသောငွေကြေးဖလှယ်မူ အစီအစဉ်များတို့နှင့် ပတ်သက်သည့် ပြဿနာ ဇစ်မြစ်ကို ကနဦး လေ့လာ သုံးသပ်ရန် ဖြစ်သည် ဟု အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင်  အဖွဲ့ဝင်နိုင်ငံဖြစ်လာလျှင် IMF အဖွဲ့၏ သဘောတူ ခွင့်ပြုချက်မရရှိဘဲ “နိုင်ငံတကာ ငွေပေး၊ ငွေယူ ကိစ္စရပ်များအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုး အသုံးပြူသော ငွေကြေးဖလှယ်မူ အစီအစဉ်ကျင့် သုံး ခြင်းမှရှောင်ရန်လိုသည်ကို ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို IMF ဌာနချုပ်မှ ဆက်လက် ဆောင်ရွက် မည် ဖြစ်ပြီး အဆိုပါ မစ်ရှင်အဖွဲ့သည် လာမည့် ၂ဝ၁၂ အစောပိုင်း၌ မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်နိုင်မည်ဟုမျှော်လင့်ကြောင်း သတင်းစာတွင်ပါရှိသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် IMF တွင် အဖွဲ့ဝင် ၁၈၇ နိုင်ငံ ပါဝင်ကာ ကမ္ဘာ့နိုင်ငံ အသီးသီး၏
ငွေကြေးနှင့် ဘဏ္ဍာရေး မူဝါဒ တည်ငြိမ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပေါ်ပေါက်ရေး၊ ရေရှည် စီးပွား တိုးတက်ရေး၊ ဆင်းရဲမှု လျော့ချရေးတို့အတွက် ငွေကြေးနှင့် နည်းပညာများ အကူအညီ ပေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတုတ္ထ အကြိမ် တွေ့ဆုံ ရာတွင် ‘တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်း ရောင်းဝယ်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ ငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၏ အရေးကြီးမှုနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်’ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ၁၉၅၂ ခုနှစ်ကတည်းက အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအား IMF က ငွေကြေးထောက်ပံ့မှု ရပ်စဲထားသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူမှု မူဝါဒအရ “အဖွဲ့ဝင်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆွေး နွေးခြင်း၊ စီးပွားရေးဆိုင်ရာ တောင်းဆိုခွင့်ရှိသကဲ့သို့ ငွေကြေးစီမံခန့်ခွဲမှု စနစ်၊ ငွေလဲနှုန်းတည်ငြိမ်စေရေး တို့အတွက် နည်းပညာနှင့် အကြံဉာဏ်များ ပေးခွင့်ရှိ”နေသည်။

Most read this week