နစက ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦး မြန်မာ အနောက်ဘက် နယ်စပ်တွင် အသတ်ခံရ

နစက ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦး မြန်မာ အနောက်ဘက် နယ်စပ်တွင် အသတ်ခံရ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ် ရသေ့တောင်မြို့ နယ်တွင် နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေးကွပ် ကဲမူ အဖွဲ့ (နစက)မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦး နိုဝင်္ဘာလ ၁ ရက်နေ့ က အသတ်ခံခဲ့ရ ကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ နစက အဖွဲ့ဝင်များမှာ ရသေ့တောင် မြို့နယ် အရှေ့တောင်ပို်င်းတွင် တည်ရှိသော အငူမော် တပ်စခန်းမှ ဖြစ်ကြောင်း သရက်ချောင်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

" အငူမော် တပ်စခန်းကပါ။ သူတို့က လောင်ချောင်းကျေးရွာ အနီးမှာ တည်ရှိတဲ့ ကြက်ရိုးကုန်တန်း ကုလားရွာမှာ အင်္ဂါနေ့က အသတ်ခံခဲ့ရပါတယ်။ သူတို့က ဘာကြောင့် အဲဒီရွာကို သွားတယ် ဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး" ဟု သူက ပြောသည်။

အဆိုပါ ရွာသို့ သွားရောက်သူများမှာ နစက တပ်ဖွဲ့ဝင် (၃) ဦး ဖြစ်ပြီး အဆိုပါ ကျေးရွာသို့ အရောက်တွင် (၂) ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

"ရွာသားတွေကတော့ တရွာလုံးက ၀ုိင်းပြီး သတ်လိုက်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က ဆိုင်ကယ် မောင်းတော့ အဲဒီရွာကို လူတွေကို သွားပို့စဉ် နစက တပ်ဖွဲ့ဝင်တွေ အများအပြား ရောက်ရှိနေပြီးရွာသား တွေကို စစ်ဆေးနေတာကို တွေ့ခဲ့ရတယ်။ သတ်တဲ့ အထဲမှာ ပါတဲ့ ရွာသားတွေကတော့ အကုန်လုံးထွက် ပြေးသွားကြပြီ ဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ အိုနာခါးကုန်း ကုလားတွေဘဲ ကျန်ပါတယ်" ဟု သူက ပြောသည်။

ယနေ့တွင် နစက တပ်ဖွဲ့ဝင် ရာချီ ရောက်ရှိနေပြီး လူသတ်ရာတွင် ပါ၀င်သူများ တဘက်နိုင်ငံထွက်မပြေး ရအောင် နယ်စပ် တောင်ကျော်လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။

သေဆုံးသွားသူ နစက အရာရှိများ၏ အလောင်းကို ယနေ့ (နိုဝင်္ဘာလ ၂ ရက်နေ့) က ရသေ့တောင်သို့ ယူဆောင်သွားကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျေးရွာမှ ကျန်နေခဲ့သူ တချို့ကိုလည်း နစကမှ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

Most read this week