လျှပ်စစ်ဓါတ်အားစက်ရုံ မတည်ဆောက်မှီ ဒေသအတွင်းလူ့အခွင့်အရေး ချိုးဖေါက်မှု ကိစ္စကို စုံစမ်းရန်လိုနေ

လျှပ်စစ်ဓါတ်အားစက်ရုံ မတည်ဆောက်မှီ ဒေသအတွင်းလူ့အခွင့်အရေး ချိုးဖေါက်မှု ကိစ္စကို စုံစမ်းရန်လိုနေ
by -
ဆူးပန်း

မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက်(BRN) နှင့်အတူ ကရင်နီဖွ့ံဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG) တို့ကနေ ဂျပန်အစိုး ရကနေ လောပီတရေအားလျှပ်စစ်ဓါတ် အားစီမံ ကိန်းကို အကူညီပေးမယ်လို့ ပြောဆိုမှုအပေါ် အခြေခံပြီး ဒီကနေ့မှာအရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

ဂျပန်အစိုးရအနေနဲ့ ဒီလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးအကူညီမပေးခင်မှာ ဒီစီမံကိန်း ဒေသ တွေမှာပြန်လည်စုံစမ်းစစ်ဆေးဖို့လုပ်ဆောင်သင့်တယ်လို့ ကရင်နီဖွ့ံဖြိုးတိုးတက်ရေးသုတေသနအဖွဲ့ (KDRG)ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မအဲလီလီကအခုလိုပြောပါတယ်။

ဂျပန်အစိုးရနေပြီးမှ အမှတ်(၂)စက်ရုံကိုပြုပြင်ဖို့အတွက်အကူညီမပေးခင်မှာပေါ့နော်။ ဒေသမှာရှိနေ တဲ့လူထု တွေရဲ့အခြေအနေကို သူတို့အနေနဲ့ပြန်မှဒီစုံစမ်းစစ်ဆေးမှု တွေလုပ်ဖို့လိုအပ်တယ်ပေါ့နော်။ ပြီးတော့ နောက်ထပ်လူ့အခွင့်အရေးချိုးဖေါက်မှုကော ရှိနိုင်မှာလားပေါ့နော်။ ကူညီဖို့မကူညီဖို့ဆိုတာက နောက်မှ ပြန်ပြီးမှစဉ်းစားဖို့လိုအပ်တာပေါ့။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ်ကိုပြောင်းလဲလာပြီးလို့ရှူ့မြင်လာတဲ့အတွက် ကယားပြည်နယ်မှာရှိတဲ့ လောပီတ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံအမှတ်(၂)ကိုပြန်လည်ပြုပြင်ဖို့ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အကူ အညီပေးဖို့စဉ်းစားနေတယ်လို့ အောက်တိုဘာလ(၂၁)ရက်နေ့က ဂျပန်ဝန်ကြီးဌာနကနေထုတ်ဖေါ်ပြော ကြားခဲ့ပါတယ်။

လက်ရှိလောပီတရေအားလျှပ်စစ်စက်ရုံရှိရာဒေသတဝိုက်မှာ မြန်မာစစ်တပ်တွေကနေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေဆဲလို့ မြန်မာနိုင်ငံမြစ်ချောင်းအင်းအိုင်ကွန်ယက်တာဝန်ခံ ကိုစိုင်းစိုင်းကပြောပါတယ်။

အခုနောက်ဆုံးအခြေအနေက ဒေသလူထုအတွင်းမှာဆိုရင် ပထမဆုံးတော့ မြေမြုတ်မိုင်း တွေအခုရှိနေတုန်းဘဲ ပေါ့နော်။ ဒီဒေသခံလူထုကလဲ လျှှပ်စစ်ကြိုးတစ်လျှောက်ကို ကင်းစောင့်ခိုင်းတာတို့ အတင်းအဓမ္မလုပ်ခိုင်းတာ ဒီလူ့အခွင့်အရေးတွေကျူးလွန်နေတာရှိတာပေ့ါနော်။ နောက်အဆိုးဆုံးကတော့ ဒီမိုးဗြဲရေကာတာက ရေမထိမ်း နိုင်တဲ့အတွက် ရေလွှတ်တဲ့အကြောင်းကို ပြည်သူလူထုကိုကြိုတင်မပြောဘဲနဲ့ မိုးဗြဲရေကာတာအောက်ရှိ နေတဲ့ရွာတွေဆိုရင် ရေလွှမ်းမိုးခံရတယ်။ နောက်အဆိုးဆုံးကတော့ ဒေသလူထု တွေရဲ့စိုက်ခင်းတွေပေါ့နော်။ အဓိကစပါးစိုက်ထားတဲ့ နေရာတွေအကုန်လုံးရေလွှမ်းမိုးခံရတယ်ပေါ့နော်။

လျှပ်စစ်ဓါတ်အားစက်ရုံကိုပြန်လည်တည်ဆောက်ပေးမယ်ဆိုပေမဲ့ ဒေသခံကယားပြည်သူတွေအတွက် အကျိုး ခံစားခွင့်ရှိနိုင်မယ်မမျှော်လင့်ဘူးလို့ ကရင်နီဖွ့ံဖြိုးတိုးတက်ရေးသုတေသနအဖွဲ့ (KDRG)ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မအဲလီလီကအခုလိုပြောပါတယ်။

လျပ်စစ်မီးရရှိတာက မြို့နေလူထုလောက်ဘဲရတယ်။ စစ်တပ်တွေရှိတဲ့နေရာလောက်မှာဘဲ။ တကယ့် ဒေသခံ စက်ရုံတွေတည်ရှိတဲ့လောပီတမှာကျေးရွာမှာတောင်မှ ဒီလျှပ်စစ်မီးတွေမရရှိဘူးပေါ့နော်။ ဒီလျှပ်စစ်မီးတွေဟာ ဆိုရင် မြန်မာနိုင်ငံရဲ့ပြည်မဘက်ကိုဘဲရောက်ရောက်သွားတယ်ပေါ့နော်။

လောပီတရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်အစိုးရကနေ စစ်လျော်ကြေး ပေးတဲ့အနေနဲ့တည်ဆောက်ပေးထားပါတယ်။

လောပိတရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြည်သူပေါင်း(၁၂၀၀၀) အိုးအိမ်ကနေပြောင်းရွှေ့ခံရသလို စက်ရုံစီမံကိန်းလုံခြံုရေးအတွက် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအပါအဝင် ဒေသတွေမှာရေပြတ်လပ်မှု ကောက်ပဲသီးနှံတွေပျက်စီးဆုံးရှံုးမှုတွေရှိခဲ့တယ်လို့မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက် (BRN) နှင့်အတူ  ကရင်နီဖွ့ံဖြိုးတိုးတက်ရေးသုတေသနအဖွဲ့(KDRG)တို့ကနေ ဒီကနေ့မှာအရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။ ဒါ့အပြင်လျှပ်စစ်သွယ်တန်းရာမျှော်စင်အနီးတစိုက်မှာမြေမြုတ်မိုင်းခန့်မှန်းခြေ(၁၈၀၀၀) မြုတ်နှံထားသလို ဒေသခံပြည်သူ (၈၀)ရာခိုင်နှုန်းဟာ ယနေ့အထိလျှပ်စစ်မီးမရသေးတဲ့အခြေ အနေမှာရှိ နေတယ်လို့အဖွဲ့ရဲ့ အရေးပေါ် ကြေညာချက်ထဲမှာထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပြည်တွင်းစစ်ဖြစ်ပွား နေတဲ့ကြားကနေ အကူအညီတွေရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ရန်စဉ်းစားနေတဲ့ နိုင်ငံများထဲမှတနိုင်ငံ အပါအဝင်ဖြစ်ပါတယ်။

ENC ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီအဖွဲ့သည် ပြည်နယ်အလိုက် တိုင်းရင်းသားအဖွဲ့အစည်း များနှင့် စုဖွဲ့ထားသလို နိုင်ငံရေး လူမှုရေးပညာရေးအဖွဲ့အစည်းများတွင်လည်း နိုင်ငံတကာရေးရာလှုပ်ရှားမှု များလည်းပြုလုပ်နေသည်ဟု တွဲဘက်အတွင်းရေးမှူးနိုင်ကဆော့မွန်မှပြောပါသည်။ ၄င်းအပြင် တိုင်းရင်းသား လူမျိုးစုများ၏လက်နက်ကိုင်တော်လှန်ရေး အနေအထားကိုလည်း နိုင်ငံတကာမှသိရှိနားလည်သဘောပေါက် အောင် ENCမှ ကြိုးပမ်းလုပ်ဆောင်နေသည်ဟု နိုင်ကဆော့မွန်မှယခုလိုပြောပါသည်။

တစ်ချို့ကနေပြီတော့ ကျွန်တော်တို့ရဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်းလူပ်ရှားမူ၊ အကြမ်း ဖက်သမား လိုလို နောက်ပီး တရားမဝင်သောင်းကျန်းမူလုပ်နေသလိုလို နိုင်ငံရေးအရ မမြင်တဲ့အခြေနေမှာရှိပါ တယ် အဲဒါကို နိူင်ငံတကာမှာ အီးအန်စီ ခေါင်ဆောင်တွေသွားရောက်ပြီတော့မှ ဒီနိုင်ငံတကာ အသိုင်းဝိုင်းကနိုင်ငံ တကာ အစိုးရအနေနဲ့ဖြစ်ဖြစ် နိုင်ငံတကာ လူမူအဖွဲ့စည်းအနေနဲ့ရောအန်ဂျီအိုတွေပဲဖြစ်ဖြစ် ကျွန်တော် တို့တိုင်းရင်းသားတွေရဲ့ အရေးဘာလဲဆိုတာ ပါဝင်လာအောင် ပြောဆိုလာပါတယ်။

နောက်တစ်ချိန်ထဲမှာပဲ ဘာကြောင့် ဒီတိုင်းရင်းသားတွေကလက်နက်ကိုင် ခုခံတော်လှန်းနေတဲ့ကိစ္စကိုလည်း သူတို့နားလည်အောင် ကျွန်တော်တို့တက်နိုင်သလောက် ပြောပေးပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် လူပ်ရှားမူကို အမြင်တစ်မျိုးနဲမြင်လာတယ် အရင်ကလိုအနူတ်လက္ခဏာမျိုးလိုမမြင်ပဲနဲ့ ဒီနေ့ဟာ မြန်မာနိုင်ငံထဲက အဓိကပြဿနာ က တိုင်းရင်းသားပြဿနာတစ်ခုပါဝင်တယ်ဆိုတာ သူတို့ကပြောဆိုလာတယ် ကျွန်တော်တွေ့ရပါတယ်။

အီးအန်စီသည် မြန်မာစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လုံးဝလက်မခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက်အရွေးခံမည့် တိုင်းရင်းသားအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲ ပေးမည့်ပြည်သူလူထုကို ဆန့်ကျင်တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယခင်ကသဘောထားထုတ်ပြန်ခဲ့ပါ သည်။

တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ)- Ethnic Nationalities Council (Union of Burma)ကို တိုင်းရင်းသားပြည်နယ် ရ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ နှင့်ဖွဲ့စည်းထား သည်။