သျှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင်ဘိန်းစိုက် ပျိုးမှုတိုးတက်မြင့်မားလာသဖြင့်ဒေသအတွင်းမူး ယစ် ဆေးဝါး ပြဿနာဖြေရှင်းပေးရန်ခေတ်ပညာ တတ် ပလောင် သံဃာတော်များကသျှမ်းပြည်ဝန် ကြီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်းသိရ သည်။
“မန်တုံမြို့နယ်ထဲက အိမ်ခြေ ၄၀ ရှိတဲ့ရွာတရွာက မူးယစ်ဆေးဝါးမပတ်သက်တာ ၂ အိမ်ဘဲရှိတယ်။ ဆရာတော် များတရားဟောဆုံးမပေမယ့် မရတဲ့အခြေအနေရောက်နေလို့ ဒကာတော်ကြီးသျှမ်းပြည် ဝန်ကြီးချုပ်ထံ မေတ္တာ ရပ်ခံစာပေးပို့ရတာဖြစ်တယ်” စသဖြင့် သျှမ်းပြည်ဝန်ကြီးချုပ်ထံအိပ်ဖွင့်ပေးစာ တွင်ဖေါ်ပြထားပါသည်။
အောက်တိုဘာ ၂၄ ရက်နေ့ရက်စွဲဖြင့် သျှမ်းပြည်ဝန်ကြီးချုပ်ထံ ဘုန်းတော်ကြီးများ မေတ္တာရပ်ခံစာပေး ပို့ခဲ့ခြင်း ဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ မူစယ်၊ နမ့်ခမ်း၊ နမ္မတူ အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်ဖက်၌ မူးယစ်ဆေးဝါး ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးရောင်းဝယ် သုံးစွဲလာကြ သဖြင့် ကူညီဖြေရှင်းပေးစေ လိုကြောင်းပါရှိသည်ဟု မန့်တုံမြို့နယ်ကဘုရားဒကာတဦးက ပြောသည်။
“မန်တုံမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ကြား ကျနော်တို့ဘက်မှာ ဘိန်းမစိုက်တဲ့အိမ်မရှိ သလောက်ဘဲ။ ယာဘမသုံး တဲ့ လူငယ်လဲမတွေ့ရသလောက် သာရေး၊ နာရေးပွဲတွေမှာ ဒီအတိုင်းဘဲ ဝေနေတယ်။ နာရေး ပွဲမှာ ယာဘ မကျွေးရင် အလောင်း အိပ်စောင့်တဲ့သူ၊ ထမင်းကူပေါင်းပေးတဲ့သူတောင်မရှိတော့ဘူး။ ဒါကြောင့် သျှမ်းပြည် ဝန်ကြီးချုပ် ဆီကို ကြောင်းကြားမေတ္တာရပ်ခံစာပို့ရတာ ဖြစ်ပါတယ်”
ပလောင်ဒေသအတွင်း မူးယစ်ဆေးဝါး၊ ဘိန်းစိုက်ပျိုးမှု တိုးတက်များပြားလာရခြင်းမှာ လွှတ်တော် အတွင်း ရောက် နေသော ပြည်သူ့စစ်ခေါင်းဆောင်များကြောင့် ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက် ကထုတ်ဝေ သောပလောင် အမျိုးသမီး အဖွဲ့ချုပ်၏ အဆိပ် သင့် နေဆဲ Still Poisoned အစီရင်ခံစာ၌ ဖော်ပြထား သည်။