ပြည်သူ့များကို အခမဲ့ ဆက်လက် လုပ်အားပေး စေခိုင်နေဆဲ

ပြည်သူ့များကို အခမဲ့ ဆက်လက် လုပ်အားပေး စေခိုင်နေဆဲ
by -
ခိုင်သော်က

ရခိုင်ပြည်နယ် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ရှိရာ  အမ်းမြို့၌ ပွင့်လင်းရာသီ ကာလသို့ ရောက်ရှိ လာနေပြီဖြစ် ၍ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး နှင့် မြို့တော် သန့်ရှင်းရေးလုပ်ငန်း တို့တွင်ဒေသခံ  မြို့သူမြို့သားများကို အောက်တို့ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ

ရခိုင်ပြည်နယ် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ရှိရာ  အမ်းမြို့၌ ပွင့်လင်းရာသီ ကာလသို့ ရောက်ရှိ လာနေပြီဖြစ်၍ မီးဘေး အန္တရာယ်ကြို တင်ကာကွယ်ရေး နှင့် မြို့တော် သန့်ရှင်းရေး လုပ်ငန်းတို့တွင် ဒေသခံ  မြို့သူမြို့သားများကို အောက်တို့ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ  စည်ပင်သာယာရေး နှင့် ရဲအဖွဲ့ တို့ ပူးပေါင်းကာ အခမဲ့ အတင်း အားဓမ္မ ခေါ်ယူပြီး၊ပြည်သူ့လုပ် အား ကို အလွဲသုံးစား ဆက်လက် စေခိုင်းနေဆဲ ဟု  မြို့ခံတဦးမှ ပို့ပေးချက်အရ သိရသည်။

“မြိုု့တွင်း ရပ်ကွက်တို့တွင် တအိမ် တစ်ယောက်စီ အိမ်ပေါ်က အတင်းခေါ်ချပြီး မနက် ၆ နာရီမှ ၁၂ နာရီထိ မီးဘေး ကြိုတင် ကာကွယ်ရေး အနေဖြင့် လမ်းဘေး အမှိုက်တွေရှင်း ၊ မီးရှိုး ၊ ရေမြောင်းတူး တာတွေက အစ သူတို့က လုပ်ခိုင်းသမျှ ဘာမဆိုလုပ်ပေးခဲရပါတယ် ၊ နောက်ပြီး မိမိတို့အိမ်ခြံဝင်းမှာလည်း ဒီလိုမျိုး အမှိုတ်တွေကိုရှင်း ၊မီးရှိုး၊ မီးဘေးကာကွယ်ထားကြပါ၊ သက်ဆိုင်ရာက လာရောက်စစ်ဆေးတဲ့အခါ ရှင်းလင်း ထားတာကို မတွေ့ရင် အရေးယူ ခံရမည်လို့လည်း  မှာလိုက် ပါသေးတယ်လို့” လူငယ်တဦး၏ပြောပြချက် အရ သိရသည်။

“မြန်မာနိုင်ငံသည် ဒီမိုကရေစီ အရပ်သားအစိုးရ အဖြစ် ပြောင်းနေသော်လည်း  ပြည်သူ့များကို အခမဲ့ အတင်းအားဓမ္မ ခေါ်ယူပြီး ယခင် စစ်အာဏာရှင် အတိုင်း လုပ်ခိုင်းနေတာကို ပြည်သူတွေ့ကစိတ်မကောင်း ဖြစ်နေကြပါတယ်လို့” ရပ်ကွက်လူကြီးတဦးမှ ပြောပြသည်။