ကန့်ကွက်မူများကြောင့့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

ကန့်ကွက်မူများကြောင့့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်
by -
မောင်အေး

ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက် တွင် အန်နာဂျံုး ( Anna Jones) ဆိုသူ သတင်း သမား တစ်ယောက်ရေးသားသော သတင်းတပုဒ် ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲဖေါ်ပြရာ တွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင် လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲရိုဟင််ဂျာပုံ ကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့် ကွက်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခဲ့သည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။

BBC-Inaccuate"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခဖြစ်နေကြသော လူနည်းစုများမှလူသိများ သော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။

အဆိုပါ ကိစ္စနှင့့် ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဥ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" အဲဒါကလေ ကျွန်တော်တို့ ဘီဘီစီ Facebook မှာလည်း ရေးထားပြီးပါပြီခင်ဗျာ။ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ဘီဘီစီ Facebook မှာ အထက် အရာရှိတွေရဲ့ ဖြေရှင်းချက်ကို ရေးထားပြီးပါပြီ ခင်ဗျာ။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့ Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည််နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင််မြင် သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူပ်ရှားရာတွင် ပါ၀င်သူ အမေရိကားမှ ကိုကျော်ထူးအောင််က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။

BBC-Inaccuate-Map" သူတို့က ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်တယ်။ ရည်ရွယ်ချက်မရှိဘူး ဘက်မလိုက်ဘူး ဆိုရင် ဘာလို့ တရားဝင် မတောင်းပန်သေးတာလဲ။ လူတိုင်းဟာ အမှား လုပ်တတ်ပါတယ်။ မှားတာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါတယ်" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရေးသားကာ ဘင်္ဂလာဒေချ့်- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနှင့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခဲ့မူ အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနေပြီး အများစု စာများမှာ အဆိုပါ သတင်းနှင့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနှင့် အတူ ရင်ဖွင့်လာရာတွင်စာရေး ဆရာ၊ ကဗျာဆရာနဲ့ ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါ၀င်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဒီသတင်းကို တွေ့တွေ့ချင်း စိတ်အင်မတန်မှ ဆိုးမိပါတယ်။ အဲဒါကြောင့် ကျနော်ဒီလိုလုပ်နေ တာပေါ့။ စော်ကားခံရတယ် လို့သဘောထားပါတယ်" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒီလို ခွင့်လွတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းအမှားတွေ၊ ဓါတ်ပုံအမှားတွေတင်ထားပြီး လူမျိုးရေးကို စော်ကားတာ အသည်း တစ်စက်စက် နာတယ် ” ဟု သူမအမြင်ကို ရင်ဖွင့်သွားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

Most read this week