ရွှေဝါရောင် ဦးကောဝိဒ အနီးကပ် စောင့်ကြည့် ခံနေရ

ရွှေဝါရောင် ဦးကောဝိဒ အနီးကပ် စောင့်ကြည့် ခံနေရ
by -
နိရဥ္စရာ သတင်းဌာန

အောက်တိုဘာလ ၁၂ ရက်နေ့က သရက်ထောင်မှ လွှတ်လာသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် သံယနာယက ဥက္ကဌဟောင်း ဆရာတော်ကောဝိဒ အား အာဏာပိုင်များက အနီးကပ် စောင့်ကြည့် နေကြောင်း သတင်း ရရှိသည်။

"သူတို့ စောင့်ကြည့်နေတာက သေချာနေပါတယ်။ မနေ့က ဆိုလို့ ရှိရင် ရဲ SB က ကျောင်းထဲကိုရောက် လာတယ်။ ဆရာတော်နဲ့တော့ မတွေ့လိုက်ရဘူး။ တခြား ဦးဇင်းတွေနဲ့ တွေ့သွားတယ်။ ဟိုတစ်နေ့ ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သိရတယ်" ဟု ဆရာတော် ဦးကောဝိဒက နိရဥ္စရာသို့ ပြောသည်။

ယခုကဲ့သို့ စောင့်ကြည့်နေသော အကြောင်းအရင်းကိုလည်း ဆရာတော်က ယခုလို ပြောသည်။

" အခု ဆရာတော်က သင်္ကန်းပြန်ဝတ်ပြီး ကျောင်းတိုက်ထဲမှာ နေနေတယ်။ ဒါကို သူတို့က သင်္ကန်း ပြန်ဝတ်တာကိုု စည်းကမ်းနဲ့ အညီ ဖြစ်စေလိုတယ်လို့ သိရတယ်။ ဆရာတော်က သင်္ကန်းအတင်းချွတ် ခံရတဲ့ အတွက် သင်္ကန်းကို ပြန်ဝတ်တာဟာ ၀ိနည်းတော်နဲ့ ညီတယ်။ ဒါကိုလည်း ဘုန်းကြီးတိုင်းသိပါ တယ်" ဟု ဆရာတော်က ဆိုသည်။

ဆရာတော်အား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ဆရာတော် သီတင််းသုံးရာ ဒဂုံမြို့သစ်အရှေ့ ပိုင်း တက္ကသီလာ မဟာ ပဓိပဌာန်ကျောင်းတိုက်မှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ၀င်များက ကျောင််းကို ၀ုိင်းပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့့ပြီး ပြည်ထဲရေးဝန်ကြီးဌာရုံးသို့ အရောက်တွင် သင်္ကန်းကိုအတင်းချွတ်ခိုင်း ခဲ့ကြောင်း ဆရာတော်က ပြောသည်။

" ဘုန်းဘုန်းတို့က ဘာမှ အပြစ် မရှိတဲ့ အတွက် သင်္ကန်း မချွတ်နိုင်ဘူးလို့ ပြောတဲ့ အခါ သူတို့က မင်းရဲ့ အမိန့်ဆိုပြီး အတင်းချွတ်ခိုင်းတယ်။ ဆရာတော်ကလည်း ကျောင်းတိုက်မှာ ဖမ်းဆီးခံရစဉ်ကတည်းက မျက်နာကို လက်သီးနဲ့့ အထိုးခံထားရတဲ့ အတွက် ငြင်းဆန်နေရင်လည်း ဘာမှ ထူးမှာ မဟုတ်တဲ့ အတွက် သင်္ကန်းချွတ်ပေးလိုက်တယ်။ ဒါကြောင့် သင်္ကန်း အတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာ ဖြစ်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထောင်ထဲမှာ နေခဲ့ရပေမယ့် ဘုန်းကြီး ဘဝနဲ့ ရှိနေတုန်းဘဲ ဖြစ်ပါတယ်။"

ဆရာတော်မှာ ထောင်ကလွှတ်လာပြီးနောက်ပိုင်း ယခုအခါ ဆီးချိုရောဂါကို ခံစားနေရသဖြင့် ဆေးရုံသို့ သွားပြနေရသည့်အထဲ ယခုကဲ့သို့ အာဏာပိုင်များက ကျောင်းတိုက်ထဲ ၀င်ရောက်ပြီး စောင့်ကြည့်နေ သဖြင့် စိတ်စနိုး စနှောင့် ဖြစ်နေကြောင်း သိရသည်။

ဆရာတော် ဦးကောဝိဒအား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း ရောက်မှ အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်ခံခဲ့ရကြောင်းသိရသည်။

" ဘုန်းဘုန်းတို့ကို ဒီအတိုင်းဘဲ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ်ချမှတ်လိုက်တာ ပါဘဲ။ ရှေ့နေတွေ ဌားရမ်းခွင့်လည်း မပေးခဲ့ဘူး။ ဆွေမျိုးတွေလည်း တက်ရောက် နားထောင်ခွင့် မပေးခဲ့ဘူး။ ထောင်ချတော့လည်း အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ တနှစ်အတွက် လျော့တွက်လည်းမရခဲ့ပါ ဘူး" ဟု ပြောသည်။

ထောင် ၄ နှစ်နှင့် သုံးလ ချမှတ်ခံခဲ့ရပြီး ၄ နှစ်နှင့် တစ်လ အရောက်တွင် ဆရာတော်မှာ သရက်ထောင်မှ လွှတ်ငြိမ်းချမ်းသာခွင့်ကို အကြောင်းပြုပြီး ပြန်လည် လွှတ်မြောက်လာခြင်း ဖြစ်သည်။ ဆရာတော်ဦးကော ၀ိဒမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဖြစ်သည်။

Most read this week