လူငယ်များ ၀တ်ထားသော ရွှေဂတ်် ဆန့်ကျင်ရေး တီရှပ်များ ရဲက သိမ်းဆည်း

လူငယ်များ ၀တ်ထားသော ရွှေဂတ်် ဆန့်ကျင်ရေး တီရှပ်များ ရဲက သိမ်းဆည်း
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် လူငယ်များဝတ် ထားသော ရခိုင်က ရွှေသဘာဝ ဓါတ်ငွေ့ရပ်တန့် ရေး စာတန်းပါ တီရှပ် အကျီင်္များကို ရဲကအတင်း ချွတ်ခိုင်းပြီးနောက် သိမ်းယူသွားကြောင်း သတင်း ရရှိသည်။

Rathidaung-285" ရွှေဂတ်စ် ရပ်တန့်ပါလို့ စာတန်းတွေ ရေးထိုးထားတဲ့့ အကျီင်္တွေ ၀တ်ထားတဲ့ လူငယ်တွေကို ရဲက အတင်း အကျင်္ီတွေ ချွတ်ခိုင်းပါတယ်။ ကျွန်တော်တို့ လူငယ် တစ်စုက အကျီင်္တွေကို ၀တ်ဆင်ပြီး လူပ်ရှားမူ စတင်ခဲ့တာ ဖြစ်ပါတယ်။ ရဲက သတင်းရသွားပြီး အကျီတွေကို ချွတ်ခိုင်းပြီး သိမ်းဆည်းသွားပါတယ်" ဟု ဦးဆောင် လူပ်ရှားရာတွင် ပါ၀င်သူ လူငယ် တစ်ဦးက ပြောသည်။

နယ်ထိန်း အဖွဲ့မှ ဒုရဲအုပ် ထွန်းသာနှင့် တပ်ကြပ် လှရွှေတို့မှ လူငယ်များ ၀တ်ထားသော အကျီ င်္များကို အတင်းချွတ်ခိုင်းကာ သိမ်းယူသွားခြင်း ဖြစ်ကြောင်း တခြား မျက်မြင် မြို့ခံ တစ်ဦးကလည်း ပြောသည်။

" လူငယ်တွေဆီက ၀တ်ထားတဲ့ ရွှေဂတ်ဆန့်ကျင်ရေး အကျီ င်္တွေကို သိမ်းယူသွားတာက နယ်ထိန်း အဖွဲ့က ဒုရဲအုပ် ထွန်းသာနှင့် တပ်ကြပ် လှရွှေတို့ ဖြစ်ပါတယ်။ လူငယ်တွေကိုလည်း ခြိမ်းခြောက် ကြိမ်းမောင်း သွားပါတယ်" ဟု ပြောသည်။

၎င်းပြင် ရဲအဖွဲ့က အကျီ င်္ဝတ်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့သော လူငယ်များ စာရင်းတွေကိုလည်း ယူဆောင် သွားခဲ့သည်။

" ကျွန်တော်တို့က နာမည်တွေ မေးတယ်။ စာရင်းတွေ လိုက်မှတ်တယ်။ လူငယ် တစ်ဆယ်ကျော် နာမည်ကို ယူသွားပါတယ်။ ပီးရင် ဒီရက်တွေ အတွင်းမှာ ဘယ်ကိုမှ မသွားရဘူးလို့ ပြောပါတယ်။ မြို့နယ်မှူးဆီက ခွင့်ပြုချက် မယူဘဲ ဘယ်ကိုမှ မသွွားရဘူးလို့ ပြောပါတယ်။ လိုအပ်ရင် စစ်ဆေးဖို့ ပြောပါတယ်" ဟု ဦးဆောင် လူပ်ရှားရာတွင် ပါ၀င်သူ လူငယ်က ဆက်ပြောသည်။

လူငယ်များ ၀တ်ဆင်ထားသော တီရှပ် ရှေ့ဘက်တွင် "ရွှေဂတ်စ် ရပ်တန့်ပါ" ဟု စာတန်းပါရှိပြီး နောက်ကျောဘက်တွင် စာလုံးအစိမ်းရောင်ဖြင့် အမျိုးသာ သဘာဝ သယံဇာ၊ အမျိုးသား အတွက် သုံးပါဟု ပါရှိကြောင်း သူက ဆက်ပြောသည်။

၎င်းပြင် တရုတ်ပြည်သူလူထု သာယာဝပြိုးရေး အတွက် ရခိုင်ပြည် သူလူထုအနေနဲ့ သဘာဝပတ်ဝန်းကျင် ၏ ဆိုးကျိုးကို ခံသင့်ပါသလား၊ မတော်လောဘကို လျော့ခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုးများကို ကာကွယ်ပါဆိုပြီး ရေးသားထားသော စာရွက်များကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

"လူပ်ရှားရတဲ့ ရည်ရွယ်ချက်ကတော့ တီရှပ် အကျီ င်္တွေမှာ ရေးသားထားတဲ့ အတိုင်း ဖြစ်ပါတယ်။ ဒီရွှေဂတ်စ် ဟာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ အခုအခါမှာ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ရခိုင်ပြည်သူတွေစတင်ခံစားနေ ကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူပ်ရှားမူကို ကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ ဘယ်လောက်ဘဲ တားတား နယ်တွေမှာလည်း ဆက်လက် လူပ်ရှားသွားဖို့ စီစဉ်ထားပါတယ်" ဟု သူက ပြောသည်။

အခု လူပ်ရှားမူကို ရသေ့တောင်မြို့မှ လူငယ် (၁၀) ကျော်ခန့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်တွေနှင့် ကျောက်ဖြူတို့တွင် လည်း ပြုလုပ်ရန် ့ အစီအစဉ် ရှိကြောင်း သိရသည်။

Most read this week