ဟားခါးမြို့မ စျေး လိုင်စင်စာအုပ် ပုဂ္ဂလိက လက်ထဲရောက်သွား

ဟားခါးမြို့မ စျေး လိုင်စင်စာအုပ် ပုဂ္ဂလိက လက်ထဲရောက်သွား
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင်တွင် ပြည်နယ်စည်ပင်မှ ဖွင့်လှစ်ထားသော မြို့မ စျေးလိုင် စင်စာအုပ် ပုဂ္ဂလိက ဆိုင်ရှင်တဦးက ယခုလ အတွင်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။

Hakha

လိုင်စင်စာအုပ်အသိမ်းခံရခြင်းမှာ ပြည်နယ်စည်ပင်မှူး ဦးတမ်အောင်က ပုဂ္ဂလိ ဆိုင်ရှင်တဦးထံ သိန်းပေါင်း ၆၀ ချေးယူ ထားသော ငွေမဆပ်နိုင် သောကြောင့် ဖြစ်ကြောင်း ကြားသိရသည်။

”စည်ပင်မှူးကတော့ စျေးလိုင်စင်စာအုပ်ပျောက်သွားတယ်လို့ ပြောပေမဲ့မဟုတ်ဘူး၊ သိန်း ၆၀အကြွေးရှင် ထံမှာ ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောသည်။

ပြည်နယ်စည်ပင်ဌာနသည် ဟားခါးမြို့ပေါ်ရှိ ကုန်သည်များ၊ နယ်မှ ကုန်သည်များထံ အတိုးနှုန်းဖြင့် သိန်းပေါင်း ၃၀၀- ၅၀၀ အကြားအတိုးဖြင့် ငွေချေးကြောင်း ချေးငွေကို မဆပ်နိုင်သောကြောင့် စည်ပင်ရုံးမှ အမျိုးသမီး ၀န်ထမ်းတဦးက လိုင်စင် စာအုပ်ကို ပုဂ္ဂလိက လက်ထဲအပ်ခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင် သွားကြောင်း ပြောကြ သည်။

“စည်ပင်ရုံးမှာလုပ်တဲ့ အမျိုးသမီးက ပြီးခဲ့တဲ့အပတ်ကပဲ မီဇိုရမ်ကို ရောက်လာတယ်၊” ဟု အိုင်ဇောလ် ရောက် ချင်းလူငယ် တဦးက ပြောသည်။

သို ့သော်အဆိုပါအမျိုးသမီးကို ယခုအထိမဆက်သွယ်နိုင်ပါ။

စည်ပင်အပါအဝင် ချင်းပြည်နယ်အစိုးရဌာနများမှ ပြည်သူထံ မတရားငွေကောက်ခံမှူကို ဟားခါးမြို့နယ် ချင်းအမျိုး သား ပါတီမှ ပြည်နယ်အစိုးရထံ စက်တင်ဘာအတွင်းက အသိပေးထားကြောင်း သိရသည်။

“အဲဒီကိစ္စအတွက်ပြည်နယ်ဝန်ကြိးချုပ်က ဦးတမ်အောင်အပါအဝင် ဌာနဆိုင်ရာလူကြီးတွေကို သတိပေး ခဲ့ဘူးပါတယ်၊  ဒီ ကိစ္စ ကို အလေးထား ဆောင်ရွက်မှူမရှိယင် ပူး တမ်အောင်နဲ့ ၀န်ကြီးတွေမှာတာဝန်ရှိ တယ်” ဟု ဟားခါးမြို့မှ ရပ်မိရပ်ဖ တဦးက ဆိုသည်။

ပြည်နယ်စည်ပင်ဌာနသည် မြို့ပေါ်လူထုထံ အခွန်အမျိုးမျိုးကောက်ခံသော်လည်း မြို့တော်စည်ပင် သာယာရေးအတွက် ဘာတခုမှ မလုပ်ကြောင်း ထပ်မံပြောကြသည်။

ပုဂ္ဂလိက လက်ထဲသို ့လိုင်စင်စာအုပ်ရောက်သွားခြင်းသည် ဒေသခံလူထုအတွက် အထိနာနိုင် ကြောင်း၊ ၄င်းမှကုန်ပစ္စည်း၊ အခွန်ငွေများ အဆမတန် ကောက်ယူနိုင်သောကြောင့် ယခုကဲ့သို ့ ပုဂ္ဂလိက လက်ထဲ ရောက် သွားခြင်းအပေါ် မကျေမနပ်ဖြစ်နေကြသည်။

Most read this week