ရခိုင်တွင် မုန်တိုင်းကြောင့် ထောင်ချီသော စိုက်ခင်းများ ပျက်စီးကာ လူသေဆုံးမူလည်း ရှိခဲ့

ရခိုင်တွင် မုန်တိုင်းကြောင့် ထောင်ချီသော စိုက်ခင်းများ ပျက်စီးကာ လူသေဆုံးမူလည်း ရှိခဲ့
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလျှံသဖြင့် ထောင်ချီသော စပါး စိုက်ခင်းများ ပျက်စီးကာ လူအသေအပျောက်များ လည်းရှိ ကြောင်း သတင်း ရရှိသည်။

မုန်တိုင်း တိုက်ခတ် အပြီး အောက်တိုဘာလ ၂၀ ရက်နေ့က လေးမြို့မြစ်ရေ လျှံတက်လာပြီး မှည့်စပြုနေပြီ ဖြစ်သော ထောင်ချီသော စပါးစိုက်ခင်းများကို ဖုံးလွှမ်း သွွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

" မင်းပြားမြို့နယ်က ပန်းမြောင်းကြီးချောင်း တလျှောက်နဲ့ ဖုံသာချောင်း တလျှောက် စပါး စိုက်ခင်းတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ ဖုံသာချောင်းနဲ့ အနီးတဝိုက်မှာ ဆိုရင် ဧက ၅၀၀၀ လောက် ရေနစ် ခံခဲ့ရတဲ့ အတွက် စပါး စိုက်တွေ အကုန်လုံး ပျက်စီး ကုန်ပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦး ကပြောသည်။

တခြား လေးမြို့ မြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းတွင် တည်ရှိသော စပါးစိုက်ခင်း အများ အပြားလည်းပျက်စီး သွားကြောင်း သိရသည်။

ပန်းမြောင်းမြို့ အထက် လေးမြို့မြစ် ချောင်းဖျားတွင် အနည်းဆုံး လူပေါင်း ၁၀ ကျော် သေဆုံးခဲ့သည်ဟု ပန်းမြောင်းစျေးမှ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

" ရေတွေ ပေါက်ကျလာတဲ့ အတွက် လေးမြို့မြစ် အထက်ပိုင်း လူးချောင်း၊ ၀က်ချောင်း၊ ရွှေလောင်ချောင်း ဘက်မှာ လူပေါင်း ၁၀ ကျော် သေဆုံးတယ်လို့ ကြားရပါတယ်။ အဲဒီနေ့က မိုးက အရမ်းရွာပြီး ရေတွေ လျှံတက်လာတဲ့ အတွက် ရေတွေထဲ ပါသွားပြီ လူတွေသေသွားတာ ဖြစ်ပါတယ်။ အလောင်း နှစ်လောင်း သုံးလောင်းတောင် အောက်ဘက်ထိ မျှောပါလာတာကို တွေ့ရပါတယ်" ဟု ပြောသည်။

ပန်းမြောင်းဘက်တွင် စပါးစိုက်ခင်းများ အကြီးအကျယ် မပျက်စီးသော်လည်း ကိုင်းခင်းများ ပျက်စီီးသွားသဖြင့် တောင်သူများ အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သူက ဆက်ပြောသည်။

" ကျွန်တော်တို့ဘက်မှာတော့ မြစ်ရေ ပေါက်ကျလာတဲ့ ကိုင်းခင်းတွေ တော်တော် ပျက်စီး သွားပါတယ်။ စိုက်ထားတဲ့ မြေပဲ၊ ငရုတ်၊ နှမ်း၊ ၀ါစတဲ့ စိုက်ခင်းတွေ အကုန်လုံး ရွှံ့နွံတွေ နစ်သွားခဲ့ပါတယ်။ လုံးဝပျက်စီး သွားတဲဲ့ အတွက် ကိုင်းသမားများ အထူးနစ်နာသွားပါတယ်" ဟု သူက ပြောသည်။

အလားတူ မင်းပြားမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော မင်းတပ်၊ ညောင်ခြံု၊ ကွမ်းချောင်းနှင့် ဥသတောင် စသည့် ကျေးရွာများတွင်လည်း မှည့်စပြုသော စပါး စိုက် ဧက ၁၀၀ ကျော်ခန့်ကို ရွွှံ့နွံ များဖုံးလွှမ်းသွား သဖြင့် ပျက်စီးသွားကြောင်း ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်ကြားသည်။

" မုန်တိုင်းနဲ့ မိုးရွာတော့ တောင်က မြေတွေပါ ပြိုကျပြီး စပါး စိုက်ခင်းတွေကို ဖုံးလွှမ်းသွားတာ။တချို့နေရာ တွေမှာ ဆိုရင် စပါးသီးတွေ အကုန်လုံး ကြွေကျသွားခဲ့တယ်။ လူတွေက အကုန်လုံး ဒုက္ခ ဖြစ်နေတယ်။ အစိုးရပိုင်းက ကူညီတာ ဘာမှ မရှိသေးဘူး။ ရွာသားတွေတော့ ရခိုင်ပါတီဆီ စာတင်ထားပါတယ်" ဟု ဆရာတော် မိန်းကြားသည်။

ယခုကဲ့သိုု့ ရေကြီးပြီး စိုက်ခင်းများ ပျက်စီးသွားသော်လည်း အာဏာပိုင်များက တစုံတရာ လာရောက် စစ်ဆေးခြင်း၊ မေးမြန်းခြင်းးများ မရှိသေးကြောင်း သိရသည်။ မုန်တိုင်းငယ်သညည် ရခိုင်ပြည်နယ် မြောက်ပိုင်း ကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ၀င်ရောက် ဖြတ်ကျော်စဉ် မိုးသည််းထန်စွာ ရွာသွန်းပြီး လေးမြို့ မြစ်ရေ မကြံုစဖူး လျှံတက်ခဲ့ကြောင်း သိရသည်။

Most read this week