နယူးဒေလီ (မဇ္ဈိမ) ။ ။ ချက်သမ္မတနိုင်ငံတွင် ပြုလုပ်မည့် ကွန်ဖရင့်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါရန် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တိဘက် ဘာသာရေး ခေါင်းဆောင်ဒလိုင်းလားမား က ဖိတ်ကြားစာ တစောင် ရေးသားပေးပို့လိုက် သည်။
အမျိုးသာ းဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ မကြာမီက လက်ခံရရှိထားပြီး ဖြစ်သော စာအရ ဒီဇင်ဘာလဆန်းပိုင်း တွင် ချက်သမ္မတနိုင်ငံ၊ ပရဂ်မြို့၌ ကျင်းပရန် စီစဉ်ထားသည့် နိုဗယ်ဆုရှင်များ ကွန်ဖရင့်နှင့် အခြားကမ္ဘာ့ ခေါင်းဆောင်များတွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်မန္တက ပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ မှစ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လာပြီးနောက် ပြည်ပခရီးစဉ် တခါမျှ ပြန်လည် မထွက်ခွါခဲ့ဖူးပေ။
သူသည် ၁၉၉၁ နိုဗယ်ငြိမ်းချမ်းရေးဆုကြီး အပါအဝင် နိုင်ငံတကာဆုပေါင်း တရာခန့်ချီးမြှင့်ခံထားရသော် လည်း မည်သည့်ဆုကိုမျှ ကိုယ်တိုင်လက်ခံရယူနိုင်ခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံ တခုခုအား သွားရောက် လည်ပတ်ပါက မြန်မာပြည်ဝင်ခွင့်ဗီဇာ ပြန်လည် မရရှိနိုင်မည့် စိုးရိမ်မှုများ ရှိနေသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတကာ တွေ့ဆုံပွဲများအား ဗီဒီယို သတင်းစကားဖြင့်ပေးပို့လေ့ ရှိပြီး ရံဖန်ရံခါ online တိုက်ရိုက် ဆွေးနွေးမှုများလည်း ပြုလုပ်လေ့ရှိသည်။