ပြည်ပ အဖွဲ့အစည်သို့ အမျိုးသမီး လူသစ် တစ်ဦး ပေးပို့သူ လူကုန် ကူးမှု စွဲချက်ဖြင့် ဖမ်းဆီးခံရ

ပြည်ပ အဖွဲ့အစည်သို့ အမျိုးသမီး လူသစ် တစ်ဦး ပေးပို့သူ လူကုန် ကူးမှု စွဲချက်ဖြင့် ဖမ်းဆီးခံရ
by -
မောင်အေး

ရခိုင်ပြည်နယ် မောင်တောမြို့မှ လူသစ် အမျိုးသမီး ငယ် တစ်ဦးကို မိခင် ဖြစ်သူ၏သဘောတူညီချက် ဖြင့် ဘင်္ဂလာဒေ့ချ် အခြေစိုက် အဖွဲ့အစည်းတစ်ခု သို့ ပို့ပေးသူ အမျိုးသမီကြီး တစ်ဦးအား လူကုန် ကူးမူ စွဲချက်ဖြင့် အောက်တိုဘာ လ ၂၂ ရက်နေ့က ရဲက မောင်တောမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးကြီးမှာ အသက် (၅၀) အရွယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာမှ ဒေါ်မသိန်း ဖြစ်သည်။

ဒေါ် မသိန်းမှာ မောင်တောမြို့မှ အမျိုးသမီးငယ်တဦးကို ဘင်္ဂလာဒေချ့် အခြေစိုက် ရခိုင်အမျိုးသမီးအစည်း အရုံုးသို့ ပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင်ပေးသည့် အပေါ် ဖခင် ဖြစ်သူက မကျေနပ်သဖြင့် ရဲကိုတိုင် ကြားရာမှ အဆိုပါ အမျိုးသမီးငယ်အား ဒေါ်မသိန်းမှ ဘင်္ဂလာဒေချ့်မှ ပြန်လည်ခေါ်ပြီး မောင်တောမြို့ မိဘများသို့ ပြန်လည် ပို့ဆောင် ပေးစဉ် လူကုန်ကူးမူ စွဲချက်ဖြင့် ရဲက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာအခြေစိုက် ရခိုင်အမျိုးသမီး အစည်း အရုံး (RWU) ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ဒေါ်မသိန်း ဖမ်းဆီးခံရခြင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

" ဟုတ်တယ်။ အဲဒီကလေးမ ဒီကိုမလာမီကတည်းက မိခင်ဖြစ်သူက ဒီကို ဆက်သွယ်တယ်။ ကလေးမက ဆယ် တန်းအောင်ထားပြီးဆိုတော့ စာပေး စာယူ ဆက်တက်ဖို့ အစီအစဉ်ရှိတယ်။ အဲဒီကြားထဲမှာ ဒီမှာ အလုပ် တခုခု အောင်ဆိုပြီး ပို့ပေးတာဖြစ်တယ်။ ဒေါ်မ သိန်းက မိခင်ကိုယ်စား ဒီကိုလာပို့တာဖြစ်တယ်။ အဲဒီိလို ပို့တာကို ဖခင်ဖြစ်သူက မကျေနပ်တဲ့ အတွက် ကလေးမလေးကို ဒေါ်မသိန်းက ပြန်ခေါ်သွားစဉ်မှာမောင်တော ရဲက ဒေါ်မသိန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။

ဒေါ်မသိန်း ပြန်ခေါ်ယူသွားသော အမျိုးသမီးငယ်မှာ မောင်တောမြို့မှ ဒေါ် မခင်ဝင်း၏ သမီး မခင်မလှိုင် ဖြစ်သည်။

" ကျွန်မတို့ကလည်း မိခင်ဖြစ်သူက သဘောတူ ညီချက်အရ ခင်မလိူင်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူက အကြောင်း တစုံတစ်ခုကြောင့် အဲဒီကလေးမကို အိမ်မှာ မထားလိုတဲ့ သဘောရှိတယ်လို့လည်း ကျွန်မတို့သိရတယ်။ အခုလို လက်ခံပြီးတဲ့ နောက်ပိုင်းမှာ ခင်မလိူင်ရဲ့ ပထွေးဖြစ်သူက သမီးကို ခေါ်မပေးရင် သမီးကိုရောင်းစားမူနဲ့ ရဲစခန်းမှာ တိုင်ကြားမယ်ဆိုပြီး ခြိမ်းခြောက်တော့ သူမရဲ့ အမေကပြန်ခေါ်ပေးပါဆို လာတဲ့ အတွက် ဒေါ်မသိန်းက ပြန်လည် ခေါ်ယူသွားတာ ဖြစ်ပါတယ်" ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

ဒေါ်မသိန်းအား ဖမ်းဆီးစဉ် ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဖြန့်ဝေသည့် ဆင်ဖြူတော်ဖမ်းဆီးမှု ရပ်တန့် ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် ဖြန့်ချီသည့် စာရွက်စာတန်းတချို့ ဖမ်းဆီးရမိသည်ဟု သိရသည်။

" အဲဒီကိစ္စကိုတော့ ဒေါ်မသိန်းဆီမှာ ပါသွားသလား- မပါသွား ဆိုတာတော့ မသိဘူး။ တကယ်လို့ သူယူသွား တယ်ဆိုရင်လည်း အဲဒါတွေက RWU ကပေးတာမဟုတ်ဘူး" ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မောင်တောမြို့မှ ဒေါ်မခင်ဝင်းအားဆက်သွယ်သော် လည်း အဆက်အသွယ် မရရှိသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။

ဒေါ်မသိန်းမှာ ဆင်းရဲ နွမ်းပါးသူ အမျိုးသမီး တစ်ဦး ဖြစ်ပြီး လူကုန်ကူးနေသူ အမျိုးသမီး တစ်ဦးမဟုတ်ကြောင်း နှင့် ဒေါ်မခင်ဝင်းမှ အကူအညီတောင်းရာမှ သူမ၏ သမီးဖြစ်သူ မခင်မလိူင်အား ဘင်္ဂလာဒေချ့်ရှိ ရခိုင်အမျိုး သမီး အစည်းအရုံးသို့ ပို့ဆောင်ပေးရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဒေါ်မသိန်းအား ယခုအခါ မောင်တောမြို့ ရဲစခန်းတွင် ထိမ်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း မောင် တောမြို့မှ လာသည့် သတင်းများအရ သိရသည်။

Most read this week