ဂီရိ တနှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ထိုင်းနိုင်ငံတွင် ကျင်းပ

ဂီရိ တနှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ထိုင်းနိုင်ငံတွင် ကျင်းပ
by -
နိရဥ္စရာ သတင်းဌာန

ဂီရိ မုန်တိုင်း (၁) နှစ်မြောက်နေ့ ၀မ်းနည်းအောက် မေ့ဖွယ် ဆုတောင်းပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက် (ယနေ့တွင်) ထိုင်းနိုင်ငံ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပကျေးရွာ တောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
Cyclone-giri-victims-memorial
ဆုတောင်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အဆိုပါ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ကိုအောင်မင်းဦး က နိရဥ္စရာ သို့ ယခုလို ပြောသည်။

" ကျွန်တော်တို့ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂီရိမုန်တိုင်းနဲ့ပတ်သက်ပြီးတော့သတင်းမီတာ ယာ တွေက အလေးထားမှု အားနည်းတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဗမာ သတင်းမီဒီယာတွေအပါ အဝင် နိုင်ငံ တကာ သတင်းမီဒီယာတွေက အလေးထားလာအောင်နဲ့ ပြည်သူလူထုတွေကလည်းဂီရိမုန်တိုင်း မှာ အမှန်တကယ် ဖြစ်ခဲ့တာတွေကို သိရှိလာအောင် ရည်ရွယ်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ နောက်တခုက မြန်မာနုုိင်ငံပြည်ပအတုုိက်အခံ အင်အားစုုတွေကုုိလည်း သူတို့နုုိင်ငံရေးစည်းရုုံးရေးခရီးစဉ် တွေမှာဂီရိမုုန်တိုုင်း ခံ ရခုုိင်ပြည်သူများ အတွက် နုုိင်ငံတကာအသိုုင်းအဝုုိင်းမှ လူသားချင်စာနာထောက်ထားသည့်အကူအညီများ ရရှိလာဖုုိ့ အတွက် ကုုိယ်စား စည်းရုုံးလုုံ့ဆော်သွားကြဖို့အတွက်လည်းကို ရည်ရွယ်ပါတယ်။ "

ဆုတောင်းပွဲ အခမ်းအနားတွင် တက်ရောက်လာသူများက ပထမဆုံးအနေဖြင့် ဂီရိမုန်တိုင်းကြောင့်သေဆုံးသွား သူများ အတွက် ဖယောင်း တိုင်ထွန်းညှိပြီး စက္ကန် ၃၀ ခန့် ငြိမ်သက်ကာ မိမိကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်း ခဲ့ကြပြီး ယင်းနောက်ပိုင်း အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထိုင်မြန်မာနယ်စပ် ရွှေ့ပြောင်းစာသင်ကျောင်း(BHSOH) ကျောင်းမှ ကျောင်းအုပ်ကြီး ခိုင်ဦးမောင်က အခမ်း အနားဖွင့် မိန်းခွန်းပြောကြားရာတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်လာခြင်းသည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနေသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောကြားသည်။

" ကျွန်တော်တို့ငယ်ငယ်တုန်းက ရခိုင်ပြည်မှာ သဘာဝ ဘေးအန္တရာယ်ဆိုတာ တခါမှဘဲ ကျရောက်တတ်ပါ တယ်။ ခုလို ခဏခဏ မကျရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့ မကျရောက်သလဲဆိုရင် သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မရှိတဲ့ အတွက် ဖြစ်ပါတယ်။ အခု ရခိုင်ပြည်ကသဘာဝပတ်ဝန်း ကျင်ကို လောဘ သက္ကာယကြီးတဲ့ စစ်အာဏာရှင်တွေက နည်းမျိုးစုံနဲ့ ဖျက်ဆီးနေတာကြောင့် သဘာဝ ဘေးအန္တရာယ်တွေ ဆက်တိုက်ဆိုသလို ကျရောက်နေတာ ဖြစ်တယ်။"

အခမ်းအနားတွင် ကရင်တော်လှန်ရေးသမားတစ်ဦးလည်းဖြစ်၊ လက်ရှိမှာ ထိုင်းမြန်မာ နယ်စပ် ရွှေ့ပြောင်း စာသင်ကျောင်း CDC ကျောင်းအုပ်ဆရာကြီး ဦးရွှေနှင်းကလည်း ယခုလို ပြောသည်။
Cyclone-giri-victims-memorial-candle-light

" ပြည်သူပြည်သားတွေအားလုံး လွတ်ငြိမ်းဖို့ရေ၊ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် တနင်္ဂနွေ နေ့တိုင်း ဆုတောင်းပါတယ်။ ပထမဆုံးတော့ ၂၀၀၇ ရွေဝါရောင် တော်လှန်ရေးကို အခြေခံပြီးတော့ ဆုတောင်းပွဲ တွေလုပ်ကြတယ်။ နောက်ပိုင်း နာဂစ်တို့၊ ဂီရိတို့ဝင်လာတော့ အဲဒါတွေအတွက်ပါ ဆုတောင်းကြတယ်။ ဘာဘဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေ သဘာဝ ဘေး အန္တရာယ်က ကင်းလွတ်ဖို့၊ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့၊ တိုင်းပြည်အေးချမ်းဖို့၊ တိုင်းပြည်ဖွံ့ဖြိုးပြီး ပြည်သူ ပြည်သားတွေစိတ်ချမ်းမြေ့ဖို့ဆိုတာ တွေကို ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရမှာ ဖြစ်ပါတယ်။"

အခမ်းအနားတွင် ဂီရီမုန်တိုင်းကြောင့် ပျက်စီးသွားပုံများကို ရိုက်ကူးထားသော ဗွီဒီယိုများကို ၁၅ မိနစ်ခန့် ပြသပြီး ဂီရိဒေသမှ ဓါတ်ပုံ ၃၀၀ ကျော်ကိုလည်း ပြသခဲ့သည်ဟု သိရသည်။

အခမ်းအနားကို တိုင်းရင်းသားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ရခိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တသီး ပုဂ္ဂလိက များနှင့် ရခိုင်အလုပ်သမားများအပါအဝင် စုစုပေါင်း ၁၂၀ခန့် တက်ရောက်ခဲ့သည်။

၎င်းအပြင် ထိုင်းနိုင်ငံ ပူကတ်မြို့တွင်လည်း လေးဝတီ ရခိုင်မျိုးချစ် လူမှုရေးအသင်းမှ ဦးဆောင်ပြီး ကျင်းပခဲ့ရာ လူပေါင်း ၈၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ကျင်းပရသည့် ရည်ရွယ်ချက်ကို လေးဝတီ ရခိုင်မျိုးချစ် လူမှုရေးအသင်းမှ ဥက္ကဌ ကိုစိုးမြင့်က နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ လွန်ခဲ့တဲ့ တနှစ်က ဂီရိမုန်တိုင်းကျခဲ့တဲ့ တနှစ်ပြည့် အထိမ်းအမှတ် တခုပါ။ ရခိုင်ပြည်မှာ မုန်တိုင်းကြောင့် သေဆုံးသွားတဲ့ လူတွေ၊ အခုလက်ရှိ ဆင်းရဲဒုက္ခဖြစ်နေတဲ့ လူတွေရဲ့ ဘဝ အခြေအနေတွေကို ၀မ်းနည်းမှု တခုအနေဖြင့် လုပ်ရတာဖြစ်ပါတယ်။"

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိ ဆိုင်ကလုန်မုန်တိုင်း တစ်နှစ်ပြည့် ၀မ်းနည်းဖွယ် ဆုတောင်းပွဲအခမ်းအနားများကို ပြည်ပတွင် သာမက ပြည်ထဲရှိ ကျောက်ဖြူမြို့နှင့် တောင်ကုတ် မြို့များတွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။

ဂီရိမုန်တိုင်းသည် ၂၀၁၀ ခုနှစ်က အောက်တိုဘာလ ၂၂ ရက်နေ့ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ အမ်းမြို့နယ်များကို ၀င်ရောက် တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးကာ လူပေါင်း၂၆၀၀၀၀ ကို ထိခိုက်စေခဲ့သည်။ လူပေါင်း ရ၀၉၇၅ ဦးကို အိုးမဲဲ့ အိမ်မဲ့ ဖြစ်စေခဲ့သည်။

Most read this week