မြန်မာအစိုးရ သစ္စာခံ ကချင်ပြည်သူ့စစ်များ ပြန်လှည့်လာရန် KIO ဖိတ်ခေါ်

မြန်မာအစိုးရ သစ္စာခံ ကချင်ပြည်သူ့စစ်များ ပြန်လှည့်လာရန် KIO ဖိတ်ခေါ်
by -
ကချင်သတင်းဌာန

ကချင်တစ်မျိုးသားလုံး လွတ်မြောက်ရေးကိုရှေးရှု ပြီး မြန်မာအစိုးရ အသုံးတော်ခံ (သစ္စာခံ)ကချင်ပြည်သူ့ စစ် အဖွဲ့များအားလုံး အမြန်ဆုံး ပြန်လှည့် လာရန် KIO က အောက်တိုဘာ ၂၀ ရက်ကြေငြာ ချက်ဖြင့် ဖိတ်ခေါ်ခဲ့သည်။

5gen-cot2110
ယခု မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် အစိုးရတပ်နှင့် ကချင်ပြည်သူ့စစ်များ ပူးပေါင်း၍ KIO ကို တိုက်ခိုက်နေမှုရှိကြောင်း ကချင်ဘာသာဖြင့် ထုတ်ပြန်သော ကြေငြာချက်တွင် ဆိုထားသည်။

ထို့ကြောင့် “ယခု KIO ကိုတိုက်နေပြီဖြစ်သည့် ပြည်သူ့စစ်များအားလုံး အမြန်ဆုံး ပြန်လှည့်လာရန်နှင့် လက်ရှိ အခြေနေသည် ကချင်အဖွဲ့အစည်းများ တစုတစည်းနှင့် မြန်မာအစိုးရစစ်တပ် အား ခုခံရမည့်အချိန်ဖြစ် သည်” ဟု KIO က သတိပေးထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရသစ္စာခံ ကချင်ပြည်သူ့စစ်နှင့် လက်နက်ကိုင် အဖွဲ့အစည်း စုစုပေါင်း ရ ဖွဲ့ရှိရာ ယင်းတွင် ၄ ဖွဲ့မှာ ရှမ်းပြည်တွင် အခြေစိုက်သည်။

ကချင်ပြည်နယ်တွင် ခေါင်လန်ဖူး အခြေစိုက် စီးပွါးရေးသမား တန်ကူးတန် (အတန်) ဦးဆောင်သော သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ ခေါ် ရဝမ်ပြည်သူ့စစ်အဖွဲ့၊ လဝါယန်ဌာနေ ပြည်သူ့စစ်အဖွဲ့ (ယခင် ဗိုလ်မှူးကြီး လဆန်အောင်ဝါ ငြိမ်းချမ်းရေးအဖွဲ့)နှင့် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ် (ယခင်ဇခုန်တိန့် ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်) တို့ အခြေစိုက်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် ကချင်ပြည်သူ့စစ်တပ်ဖွဲ့များမှာ ဦးခွန်မြတ် ဦးဆောင်သောကွတ်ခိုင်ပြည် သူ့စစ် အဖွဲ့၊ ဦးလော်ယောင်း ဦးဆောင်သော ဖေါင်ဆိုင်းပြည်သူ့စစ်အဖွဲ့၊ ဦးကိန်မိုင်နှင့် ညီ ဒူမွန်း တို့ ဦးဆောင်သော မုန်ပေါ် ပြည်သူ့စစ်အဖွဲ့နှင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ (ယခင် မထုနော် ဦးဆောင်သော ကချင်ကာကွယ်ရေးတပ်ဖွဲ့) တို့ဖြစ်သည်။

ယင်း ရ ဖွဲ့အနက် လဝါယန်ပြည်သူ့စစ်အဖွဲ့၊ ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်နှင့် ကောင်းခါးပြည်သူ့ စစ်အဖွဲ့ စသည့် ၃ ဖွဲ့တို့သည် ယခင် မိခင် KIO/KIA အဖွဲ့မှ ခွဲထွက်ပြီး မြန်မာအစိုးရ သစ္စာခံအဖွဲ့များဖြစ် သည်။

ပြီးခဲ့သည့် ဇွန် ၉ ရက် မြန်မာအစိုးရက KIO အား စတင်တိုက်ခိုက်သည့်အချိန်မှ ယင်း ကချင်ပြည်သူ့စစ် အဖွဲ့များလည်း မြန်မာစစ်တပ်ကို စစ်ရေးအကူအညီ ပေးနေကြောင်း KIO အရာရှိများ ဆိုသည်။

Most read this week