ရခိုင်ပြည်နယ် အစိုးရ၏ ပထဆုံး သတင်းဂျာနယ် ထုတ်ဝေဖြန့်ချီ

ရခိုင်ပြည်နယ် အစိုးရ၏ ပထဆုံး သတင်းဂျာနယ် ထုတ်ဝေဖြန့်ချီ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် အစိုးရမှ "ရခိုင်ပြည်နယ် ဂျာနယ်" အမည်ရှိသော ၀ါဒဖြန့် သတင်း ဂျာနယ် တစ် စောင်ကို ယခုလ အတွင်း စတင် ထုတ်ဝေဖြန့်ချီ လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဂျာနယ်မှာ ရခိုင်ပြည်နယ် အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ထုတ်ဝေသော စာအုပ်ဖြစ်သည်။

" အဓိကတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို Information ပေးတဲ့ အဆင့့်လောက်ပါ။ သိပ်ထူးထူး ခြားခြားကြီးတော့ မဟုတ်ပါ။ လူထု အကျိုးပြုဆောင်းပါးတွေထက် သူတို့ လုပ်ဆောင်ချက်တွေကို အသားပေး ဖေါ်ပြထားတဲ့ ဆောင်ပါးတွေ ပိုများမယ်ထင်ပါတယ်" ဟု ဂျာနယ်ကို ဖတ်ရှု့ထားသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ဂျာနယ်တွင် ရခိုင်ပြည်နယ်၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ် တိုးတက်မှု သတင်းဆောင်းပါးများကို အဓိက ဖေါ်ပြထားသော်လည်း နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများနှင့် ဒေသခံ ပြည်သူများ၏ နစ်နာဆုံးရှုံးမှု များကို ဖေါ်ပြ ထားခြင်းမရှိကြောင်း တခြား စာဖတ် ပရိသတ်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် သတင်းဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဆရာကြီး ကံကြီးအောင်ဖြစ်ပြီး၊ အယ်ဒီတာအဖွဲ့ဝင်များ မှာ ဂနိုင်တင်(မန်အောင်)၊ ဗဂျီးကျော်(စစ်တွေ)။ သတင်း အဖွဲ့ဝင်များမှာ မောင်ကံ၊ ခိုင်မြတ်စံ၊ နုနုနွေ(ဓညဝ တီ)၊ မာန်ယုကျော် (ရွှေဝမြေ)နှင့် ကျော်ဇတို့ ဖြစ်ကြသည်။

Most read this week