အငြိမ်းစားဝန်ထမ်းများကို နေအိမ် အတင်းအကြပ် ပြောင်းရွှေ့ခိုင်းနေ

အငြိမ်းစားဝန်ထမ်းများကို နေအိမ် အတင်းအကြပ် ပြောင်းရွှေ့ခိုင်းနေ
by -
နော်ဆဲကလယ်

စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်း များနှင့် ဆင်းရဲသားများ၏ အိမ်များကိုခရိုင်အုပ်ချုပ် ရေးမှူးက အတင်းအ ကြပ် ပြောင်းရွှေ့ပေးရန် ယခု အောက်တိုဘာလမှစ၍ ပြောဆို ဖိအားပေးခဲ့ ကြောင်း ပြောင်းရွှေ့ခံရသူအိမ်ရှင်အမျိုးသမီးတစ်ဦး က ကေအိုင်စီကို ပြောသည်။

သူမက “ပြီးခဲ့တဲ့လကတည်းက ရွှေ့ရမယ်လို့ ကြားတယ်။ ဒီနေရာက ကျမတို့ကို စာရွက်စာတမ်းတွေနဲ့ အကွက်ချပေးခဲ့တာပါ။ ဒီလို ခဏခဏ ဖြစ်နေတော့ ပြီးရင်ပြီးသွားမယ် ထင်တာလေ။ ကျမက မေးပါတယ်။ ဘာပြန်လုပ်ပေးမှာလဲဆိုတော့ သူတို့က တစ်နေ့ကို တစ်မျိုးဖြေနေတာ။ ဒီမှာက အားလုံးလိုလိုဆင်းရဲသား တွေ အများစုနေတာပါ၊”ဟု ဆိုသည်။

ပြီးခဲ့သည့်အပတ်က ပြောင်းရွှေ့ရမည့် နေအိမ်များကို ဖျက်မပေးပါက တရားစွဲမည်ဖြစ်ကြောင်းလာရောက် ပြော ဆိုမှုများ ရှိ သော်လည်း မိမိတို့စားဝတ်နေရေးပင် မလွယ်ကူဘဲဖြစ်နေသည့် အိမ်ပိုင်ရှင်များအဖို့မူ အခက်အခဲများ ကြံုတွေ့နေရသည်ဟု သိရသည်။

ယင်းသို့ လူနေအိမ် ဖျက်ခိုင်းသောနေရာမှာ ကသာမြို့၏ ရပ်ကွက်အမှတ်(၉) ဖြစ်ပြီး ကသာ-နဘား သွားရာ လမ်းပေါ်တွင် ရှိ သည်။ လူနေအိမ် ရာနှင့်ချီသည့် ထိုရပ်ကွက်၌ နေထိုင်ကြသူများမှာအငြိမ်းစားဝန်ထမ်းများ အပြင် လက်လုပ်လက်စား အများ စုဖြစ်ပြီး ဆောက်လက်စ အိမ်ခြေ ၅၀ကျော် ရှိသည်။

၎င်းရပ်ကွက်နေ အငြိမ်းစားဝန်ထမ်းတစ်ဦးကလည်း “လာပြောတဲ့ပုံစံက ခြိမ်းခြောက်တဲ့ပုံနဲ့ဗျ။ ကျနော်တို့ မဖယ်ပေးရင် ထောင် ဘယ်လိုချလို့ ရတယ်ဆိုပြီးတောင် ပြောတာ။ ဒီကိစ္စကို မပြောင်းဖြစ်အောင်ရပ်ကွက် ထဲက ဥပဒေ နားလည်တဲ့သူတွေတော့ ဦး ဆောင်ပြီး လုပ်ကြမယ် ပြောနေတယ်။”ဟု ပြောသည်။

အစိုးရသစ်တက်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသာအေးက ထိုရပ်ကွက်အ တွင်းရှိ အိမ်များကိုဖျက်ကာ အိုးအိမ်ဌာနမှ အိမ်ခန်းဆောက်လုပ်ရောင်းချသွားမည်ဟုပြော ကြောင်း မြို့ခံများက ပြောဆိုနေကြ သည်။

ထိုကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း၊ စည်ပင်သာယာရေးရုံးသို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာတာဝန် ရှိသူ အမျိုးသမီး တစ်ဦးက “ကျမတို့ ဒါကို မသိသေးပါဘူး။ အသစ်ပြောင်းလာတဲ့ခရိုင်အုပ်ချုပ်ရေးမှူး က လုပ်တာဖြစ်မှာပါ။”ဟု ပြန်လည် ဖြေ ကြားခဲ့သည်။

အဆိုပါရပ်ကွက်သည် လွန်ခဲ့သော နှစ် ၂၀မှစ၍ အာဏာပိုင်များက တရားဝင်နေရာချထားပေးခြင်းဖြစ် ကြောင်း DVB သတင်း ၌ ဖော်ပြထားသလို လက်ရှိအချိန်တွင် ပြောင်းရွှေ့ခံရမည့်အထဲ ပါ၀င်နေသည့် အိမ်ပိုင်ရှင်များမှာ အိုးအိမ်မဲ့ဖြစ်မည်ကို စိုးရိမ် နေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ရန်ကုန်တိုင်းအတွင်းရှိ ရထားဝန်ထမ်းအိမ်ယာရှိ၀န်ထမ်းမဟုတ်သူများ ကို တစ်လသာ ကြိုတင် အကြောင်းကြား၍ ပြောင်းရွှေ့ခိုင်းသဖြင့် မိသားစု ၁၀၀နီးပါးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။