နောက်ဆုံး ရရှိသော မုန်တိုင်းသတင်း

နောက်ဆုံး ရရှိသော မုန်တိုင်းသတင်း
by -
နိရဥ္စရာ သတင်းဌာန

ယခုတိုက်ခတ်နေသော မုန်တိုင်းသည် ညနေ ၃ နာရီခန့်မှ စတင်ပြီး ပေါက်တောမြို့နယ်နှင့်မင်းပြား မြို့နယ် အကြား ဖြတ်သန်း တိုက်ခတ်နေဟုသိရ သည်။

ပေါက်တောမြို့နယ် (ချောင််းရှည် ကျေးရွာ)

ပေါက်တောမြို့နယ် ချောင်းရှည် ကျေးရွာမှ ရွာသား တစ်ဦးအား မေးမြန်းရာ သူက ယခုလို ပြောသည်။

" အခု တစ်နာရီကို မိုင် ၅၀၊ ၆၀ နုန်းဖြင့် တိုက်ခတ်နေပါတယ်။ အခု စပြီး တိုက်ခတ်နေပါတယ်။ အခု အချိန်ထိတော့ အခြေအနေ မဆိုးရွားသေးပါဘူး။ ဒီထက် ပိုတိုက်ခတ်လာရင်တော့ ဘုန်းတော်ကြီး ကျောင်းတွေကို သွားရောက်ခိုလုံဖို့တော့ လုပ်ထားပါတယ်။ ညကျရင် ဒီထက် အခြေအနေဆိုးမှာကို စိုးရိမ်ရပါတယ်။ အပင်တွေလဲတာ၊ အိမ်တွေ ပြိုတာတော့ မရှိသေးပါဘူး။ တိုက်နေတုန်းဘဲ ရှိသေးတယ်။ လေက ပြန်မကျသေးဘူး" ဟု ပြောသည်။

မင်းပြား

ဆက်သွယ်၍ မရသေးပါ။

စစ်တွေ

စစ်တွေတွင် မုန်တိုင်း အဖျားခတ် တိုက်ခတ်နေပြီး ပြင်းထန်မူ မရှိကြောင်း သိရသည်။ ယနေ့ ညနေ (၄) နာရီ အချိန် ဆက်သွယ်မေးမြန်းချက်အရ စစ်တွေတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်း မိုင်းသက် ကျရောက်နေကြောင်း ၊ မုန်တိုင်း ၀င်ရောက် တိုက်ခတ်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း မြေနိ်မ့်ပိုင်း ဒေသများတွင် ရေတက်နိုင်သဖြင့် ရွေ့ပြောင်းမူ တချို့တော့ ပြုလုပ်နေကြောင်း သိရသည်။

မောင်တော

" ၁ နာရီ မိုင် သုံးဆယ်၊ လေးဆယ်နုန်း တိုက်ခတ်ခဲ့့ပါတယ်။ အခုတော့ လေငြိမ်သွားပါပြီ။ ဒီမှာက မုုန်တိုင်းလို့တော့ ပြောလို့ မရဘူး။ အခု နေတောင် ထွက်နေပါပြီ။ စိုးရမ်စရာ မရှိပါဘူး" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ (ဆင်မဖြူကျွန်း)

" သစ်ပင် ငယ်လေးတွေ ကျိုးကျသွားတယ်။ တစ်နာရီ ၆၀ မိုင်နုန်းလောက်ရှိမယ် ထင်ပါတယ်။ အခုတော့ လေအားက ကျသွားအပြီ။ မိုးတော့ ရွာနေပါတယ်။ ပင်လယ်ပြင်မှာလည်း လိုင်းတွေ ကြီးနေပါတယ်" ဟု ပြောသည်။

Most read this week