ကရင်နီပြည်ရေလွမ်းမိုးမှု၌ သူခိုးများ အခွင့်ကောင်းယူ

ကရင်နီပြည်ရေလွမ်းမိုးမှု၌ သူခိုးများ အခွင့်ကောင်းယူ
by -
ဖဲမော့

မိုးဗြဲရေကာတာ ဆည်ရေဖောက်ချမှုကြောင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမောဆိုမြို့နယ်ရှိ ရွာများအတွင်း ရေကြီး၍ အချိန်မှီရွေ့ပြောင်းနိုင် ခြင်းမရှိသည့် ဒေသခံတို့၏အဖိုးတန်ပစ္စည်းများ အား သူခိုးများမှ အခွင့်ကောင်းယူ၍ ခိုးယူနေ ကြောင်း သိရသည်။

လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းနေသော ဘီလူးချောင်း ရေကြီးကာ မြေနိပ်ပိုင်းရှိ ရပ်ကွက်တချို့မှ လူနေအိမ်များ ရေနှစ်မြုတ်ခံနေရသည်။ ရေများသည် တရှိန်ထိုးကြီမားလာခြင်းမျိုးမဟုတ်ပဲ တဖြေးဖြေး ချင်းသာ ကြီးမားလာသောကြောင့် တချို့ ဒေသခံများက မိမိတို့ပစ္စည်းများကို မရွေ့ပြောင်းလိုသောကြောင့် ယခုကဲ့သို့ သူခိုး ခိုးခံခဲ့ရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

ရေဘေးဒုက္ခသည်များသည် မိမိတို့၏ ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ကုန်းမြင့်သော နေရာများ၌ အလှူရှင်များပေးလှူထားသော မိုးကာများဖြင့် တဲဆောက်နေကြရသည်။

တချို့လူများသည် နေအိမ်များ ရေနှစ်မြုတ်၍ နေစရာမရှိသည့်အပြင် စားစရာများမရှိတော့၍သူများကျွေး သည့် အစားအစာများကို စားသောက်နေရသောသူများလည်း ရှိသည်။

“မနက်စာကို ၁၁ နာရီလောက်မှ သူတို့စားရတာလေး သူများလာကျွေးတာ” ဟု လွိုင်ကော်မြို့သူတဦးက ပြောပါသည်။

ရေဘေးဒုက္ခသည်များအတွက် World vision, Care Myanmar, ကယားဖူး၊ ကယားမိုဘွာ စသည့် လွိုင်ကော်မြို့ပေါ်ရှိ ဘာသာရေး အသင်းအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများက ဆန်များ၊ မိုးကာများ၊အလှူ ငွေများ၊ သောက်သုံးရေသန့်နှင့် ချက်ပြုတ်ရန်ပစ္စည်းများ ကူညီပေးနေသော်လည်းရေဘေးဒုက္ခသည် များ အတွက်လုံလောက်မှုမရှိကြောင်း သိရသည်။

အကူအညီအထောက်အပံ့များ ရရှိသော်လည်း လုံလောက်မှုမရှိသောကြောင့် ပင်ကိုယ်ကတည်းကဆင်းရဲမွဲ တေလျက်ရှိသော တချို့သောသူများသည် မိမိတို့ဝမ်းရေးအတွက် လူမနေဘဲ

ခိုးယူရလွယ်ကူသော ရေဘေးသင့်ခံ မြို့သူမြို့သားများ အချင်းချင်းတို့၏ အိမ်ထဲမှ မရွေ့ပြောင်းနိုင်သော တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

“အခွင့်အခါကောင်းလို့ ခိုးတာလေ လူတွေမရှိတော့ ခိုးတာလို့ထင်တယ်” ဟု လွိုင်ကော်မြို့နေအမျိုးသမီး တဦးက ပြောပါသည်။

ဤကဲ့သို့ ပစ္စည်းပျောက်ရှမှုများကြောင့် ရေနှစ်မြုတ်ခံနေရသော အိမ်များတွင်စောင့်အိပ်သူများရှိလာ ကြောင်း သိရသည်။

ယမန်နေ့ညနေက လွိုင်ကော်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ဘီးလူးချောင်းရေမှာတိုးလာ ခြင်းမရှိကြောင်း မြို့ခံတို့က ပြောသည်။ သို့သော် မိုးဗြဲဆည်မှ ဆည်ရေများ အဆက်မပြတ်ဖောက်ချက် လျက် ရှိ သည်ဟု ဆိုသည်။