ကချင်စစ်ပြေးဒုက္ခသည်များအတွက် အလှုငွေစတင်ကောက်ခံနေပြီ

ကချင်စစ်ပြေးဒုက္ခသည်များအတွက် အလှုငွေစတင်ကောက်ခံနေပြီ
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းခရစ်ယာန် အသင်းတော်များက ယခုလ (၁၆)ရက်နေ ့မှစ၍ တရုတ် နယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည်များ လူမှုအခက်အခဲ အတွက် ကူညီနိုင်ရန် အလှုငွေ စတင် ကောက်ခံနေပြီဖြစ်သည်။

အောက်တိုဘာလအတွင်း မီဇိုရမ် ပြည်နယ် မြို့တော် အိုင်ဇောလ်အခြေစိုက် ချင်းခရစ်ယာန် အသင်းတော် အနည်းဆုံး (၄)ခုဖြစ်ကြသည့် Bethel Baptish Church, Lairam Issue Krita Baptish Kohran, Carson Baptish Church နှင့် Myanmar Christian Fellowship တို ့မှ ကချင်စစ်ပြေးဒုက္ခသည်ကူညီရေးကော်မီတီ ဖွဲ့စည်းပြီးလုပ်ဆောင်ခြင်းဖြစ်သည်။
kachin_refugee_laiza21
အလှုကောက်ခံခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အိုင်ဇောလ်မြို ့ရှိ ချင်းအိမ်ထောင်စုများထံတအိမ် တက်တအိမ်ဆင်းစနစ်ဖြင့် ကောက်ခံ နေကြောင်း၊ လိုအပ်သလို မီဇိုရမ်ပြည်နယ် အခြားမြို ့ နယ်များအထိ တိုးချဲ ့ကောက်ခံနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

“ညီအကို ကချင်တွေ သောင်းနဲ့ချီပြီး စစ်ပြေးဒုက္ခသည်ဘဝရောက်နေတာ က ၀မ်းနည်းစရာပါ၊တတ်နိုင် သလောက် ကူညီဖို့ဆိုပြီး လုပ်ရတာ ဖြစ် တယ်” ဟု ကော်မီတီ ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပရှိ ချင်းခရစ်ယာန်အသင်းတော်များသည် ကချင်ဒုက္ခသည်များကိုလူမှုရေး ထောက်ပ့ံမှူ ပြုလုပ် နေကြောင်း ပြောကြသည်။

” ဘုရားက ပေးတဲ့ ကောင်းချီးကို ဒုက္ခရောက်နေတဲ့ တပါးသူတွေ ဝေမျှရတာက ကုသိုလ်ပါ၊ အဲဒါ ဘုရားက ယုံကြည် သူတွေလုပ်စေချင်တဲ့ အရာလည်း ဖြစ်တယ်” ဟု တရားဟောဆရာတဦးက ပြောသည်။

၂၀၁၀ခုနှစ် မီဇိုရမ်ပြည်တွင် အကြီးဆုံး NGO ဖြင့်သည့် Young Mizo Association စစ်တမ်းကောက်ယူချက် အရ ချင်းဒုက္ခသည်ပေါင်း ၈၀၀၀၀ မှ ၁၀၀၀၀၀ အကြား နေထိုင်ကြသည်ဟု ခန် ့မှန်းထားကြ သည်။

နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိအစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃)သောင်း ခန့် ရှိနေပြီဟု သိရပြီး ဒုက္ခသည်တနေ့ထက်တနေ့ တိုးလာနေ ကြောင်း ပြည်တွင်းက လာတဲ့သတင်း များအရ သိရသည်။

ကချင်နှင့် ချင်းလူမျိုးများသည် တအူတုံဆင်းညီအကိုများဖြစ်ကြကြောင်း သမိုင်းရေးသားချက်များအရ သိရသည်။

Most read this week