တရုတ်စစ်သား၂၀၀၀ကျော် မြန်မာနယ်စပ်သို့ရောက်

တရုတ်စစ်သား၂၀၀၀ကျော် မြန်မာနယ်စပ်သို့ရောက်
by -
ကချင်သတင်းဌာန

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်သည့်ရှမ်းနှင့် ကချင် နယ်စပ်တစ်လျှောက်တွင် အောက်တိုဘာ လဆန်းပိုင်းမှ တရုတ်စစ်သားများ ရောက်ရှိနေ သည်ဟု ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ၀င်ဟောင်း ဘွမ်ထွယ်ပြောသည်။

border-oct19myen

အထူးသဖြင့် ဂျန်ခေါင်၊ လားယိန်း၊ မန်ဟို်င်း(ယခင် ဗကပ ဌာနချုပ်) နှင့် Xiao Zhai တွင်တရုတ်စစ်သားများ တပ်ချနေသည်ဟု ဆိုသည်။

ထို့အတူ နယ်စပ်တစ်လျှောက် KIA ၏ အခိုင်အမာတပ်စခန်းများအနီးသို့ တရုတ်တပ်များ ရောက်ရှိနေသည်ဟု KIA အရာရှိများလည်း အတည်ပြုပြောဆိုသည်။

များမကြာမီ ဆောက်လုပ်ပြီးစီးခဲ့သည့် မန်ဟိုင်းတရုတ်စစ်စခန်းမှာလည်း တရုတ်စစ်သား ၃၀၀ကျော်ရောက် ရှိနေသည်ဟု တစ်ဖက်မြန်မာဘက်ကမ်း မုံးကိုးဒေသခံများ ပြောသည်။

ဇွန် ၉ ရက် မြန်မာအစိုးရတပ်က KIA ကို ထိုးစစ်ဆင်လာချိန်ကတည်းက တရုတ်စစ်သား ၁၀၀ ကျော်မန်ဟိုင်း စခန်းသို့ရောက်ရှိနေပြီဟု ဘွမ်ထွယ် ထပ်ပြောသည်။

သူက “ဒါပုံမှန်မဟုတ်ဘူး။ တရုတ်စစ်သား ၂၀၀၀ ကျော် မြန်မာနယ်စပ်ကို တပ်ချလာတဲ့ကိစ္စက။ သူတို့ တရုတ်နိုင်ငံထဲ ကချင်စစ်ပြေးဒုက္ခသည်တွေဝင်လာမှာကို ပိတ်ချင်လို့ထင်တယ်။” ပြောသည်။

လက်ရှိ နယ်စပ် KIA ထိန်းချုပ်ဒေသမှ ဒုက္ခသည် ၂၀၀၀၀ ကျော်မှာ တရုတ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံခွင့်မရှိ သည့်အပြင် ၎င်းတို့အတွက် တရုတ်နိုင်ငံထဲမှ အစားအစာ ဆေးဝါးပစ္စည်းများအမြောက်အများဝယ်ယူခွင့်ကို လည်း တရုတ်အာဏာပိုင်များက ပိတ်ပင်ထားသည်ဟု အကူအညီပေးသည့်အဖွဲ့များက ပြောသည်။

ထပ်မံ၍ ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ပွဲဇုံများမှ ဒုက္ခသည် ထောင်ပေါင်းများစွာလည်း KIA ထိန်းချုပ်ဒေသရှိ ယာယီစခန်းများအပြင်  မြန်မာအစိုးရထိန်းချုပ်ဒေသသို့လည်း ရောက်ရှိ ခိုလှုံလာနေကြဆဲဖြစ်သည်ဟု ဆက်ဆိုသည်။

Most read this week