မဲခေါင်မြစ်အတွင်း ထိုင်းအာဏာပိုင်တို့ဖမ်းမိသော ယာဘဆေးပြား ၁ သန်းနီးပါးမှာ သတင်းများထွက် ပေါ် နေသည့် အတိုင်း မိမိတို့ပစ္စည်းမဟုတ်သည်ကို ရာခိုင် နှုန်းပြည့်ပြောနိုင်ကြောင်း မိုင်းလားတပ်ဖွဲ့ အကြီး အကဲ များက ပြောပါသည်။
“တခြားအဖွဲ့အစည်းအတွက်တော့ ကျနော်ပြောခွင့်မရှိဘူး။ ကျနော်တို့ မိုင်းလားတပ်ဖွဲ့အနေနဲ့တော့ ဒီ ယာဘ ဆေးပြားနဲ့ လုံးဝ မပတ်သက်ဘူးဆိုတာ ရာနှုန်းပြည့်ပြောနိုင်ပါတယ်” ဟုမိုင်းလားတပ်ဖွဲ့အတွင်း ရေးမှူး စဝ်ဆိုင် လားက သျှမ်းသံတော် ဆင့်သို့ ပြန်လည်ပြောပြသည်။
တရုတ်အာဏာပိုင်များအနေဖြင့်လည်း မိုင်းလားတပ်ဖွဲ့တို့ မူးယစ်ဆေးဝါးကူးသန်းရောင်း ဝယ်မှု နှင့် မပတ် သက် သည်ကို ယုံကြည်ပုံရှိကြောင်း၊ ထို့အတွက်ကြောင့် မိုင်းလားတပ်ဖွဲ့အား နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ နေ သကဲ့သို့ ရဲသား များအတွက် အသုံးအဆောင်ကိုလည်း ဆက်လက်ထောက်ပံ့ နေကြောင်း စဝ်ဆိုင် လား ကပြော သည်။
“ဒီအခုဖမ်းမိတဲ့ ဆေးပြားတွေကလဲဘာတံဆိပ်မှန်းခုထိ မသိရသေးဘူးလေ။ WY စာတန်းပါတိုင်း ဝ တပ်ဖွဲ့ရဲ့ ပစ္စည်းလို့ ပြောလို့မရဘူး။ ခုခေတ်မှာ WY စာတန်း က အတုတွေပေါမှပေါ။ စားကြည့်သုံးကြည့် မှ သိတာ။ အသားကျစ်လျစ်မှု နဲ့ အနံ့အသက် ကွာခြားတာ ၊ သုံးပြီးရင်း ခံစားချက်ခြင်းမတူတာအစရှိ သဖြင့်ပေါ့နော်” ဟု လည်း တာချီလိတ်နေ ကုန်သည်တဦးကပြောသည်။
မဲခေါင်မြစ်အတွင်း ထိုင်းအာဏာပိုင်များဖမ်းမိသည့် အဆိုပါ တရုတ်စက်လှေ ၂ စင်းပေါ်မှ ယာဘဆေးပြား ၉ သိန်း ၂ သောင်း လုံးကိစ္စမှာ သျှမ်းပြည်တပ်မတော် RCSS/SSA ပါမကျန် စွပ်စွဲခံရကြောင်း၊ ထို့အတွက် သျှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်မျက်နှာမှ ဒုဗိုလ်မှူးကြီး ဂွဏ်းဇင့်က မိမိတို့ သည်နမ့်လွေချောင်းတောင် ဖက် မိုင်းယောင်းမြို့နယ်မှ ပါလျော ၊ ကျိန်းလပ်ဒေသတဝိုက်အထိသာ လှုပ်ရှားနေကြောင်း ပြောသည်။
မဲခေါင်မြစ်အတွင်း ပဟေဠိဆန်ဆန် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး Mr Song Tao က လာအို (လောဝ်)၊ ထိုင်း နှင့် မြန်မာသံအ မတ်များကိုယခင်အပတ်ကဆင့် ခေါ်ကာ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေး၊ ထိုက်သင့်သောပြစ်ဒဏ်ချမှတ် ပေးရေးအတွက်ပြောဆိုတိုက် တွန်းလိုက်သည်။