ကချင်ပြည်သူများ လူ့အခွင့်အရေးချိုးဖောက် ခံနေရကြောင်း HRW ဆို

ကချင်ပြည်သူများ လူ့အခွင့်အရေးချိုးဖောက် ခံနေရကြောင်း HRW ဆို
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင် အသစ်တဖန် ပြန်လည်ဖြစ် ပွားနေ သောစစ်ပွဲ၌ မြန်မာအစိုးရတပ်မှတိုင်းရင်း သား ကချင်ပြည်သူများအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုများပြုလုပ်နေကြောင်း နိုင်ငံတကာလူ့ အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောသည်။

နယူးယောက်အခြေစိုက် Human Rights Watch ၏ အောက်တိုဘာ ၁၈ ယနေ့ ထုတ်ပြန်စာတွင် လွန်ခဲ့့ သည့် ၅ လကြာမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်ဖြစ်ပွားနေသောစစ်ပွဲတွင်ဒေသခံကချင်ပြည် သူများကို သတ်ဖြတ်တိုက်ခိုက်မှုများ၊ အတင်းအဓ္ဓမ လုပ်အားခိုင်းစေမှုများနှင့် ကျေးရွာများထဲ ခိုးယူ လုယက်မှုများအတွက် မြန်မာအစိုးရတပ်တွင်တာဝန်ရှိပြီး ယင်းကြောင့် ကချင်ပြည်သူ ၃၀၀၀၀ ခန့်ကိုလည်း နေရပ်စွန့်ခွာထွက်ပြေးစေသည် ဟု ဆိုထားသည်။
burmese-govt-propaganda
“ကချင်ပြည်နယ်တိုက်ပွဲသစ်တွေက မြန်မာစစ်တပ်ကနေ ကချင်ရွာသားတွေအပေါ် အသစ်သော လူ့အခွင့် ရေး ချိုးဖောက်မှုတွေဖြစ်နေသလို မြန်မာစစ်တပ်ကတိုက်ခိုက်မှာကိုကြောက်တဲ့အတွက် ထောင်နဲ့ချီတဲ့ လူတွေ မိုးတွင်းကြီး တောထဲ တောင်ထဲ ထွက်ပြေးနေကြတယ်” ဟု HRW ၏ အာရှရေးရာလက်ထောက် ညွှန်ကြားရေးမှူး Elaine Pearson ပြောသည်။

ကချင်စစ်ပွဲမှာ ကာလကြာရှည်နှိင်ငံရေးအငြင်းပွားမှုနှင့် ကြီးမားသည့်စီးပွားရေးဆက်နွယ်ပါ၀င်မှုတို့တွင် အခြေခံသည်ဟု HRW ကဆိုထားသည်။

ပင်လုံစာချုပ်ကို အခြေခံကာ ကိုယ်ပြဋ္ဌါန်းခွင့်တောင်းဆိုနေသာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ၁၉၆၁ ခုနှစ်တွင်စတင်ခဲ့ရာ မြန်မာအစိုးရနှင့် နှစ် ၃၀ ကျော် တိုက်ခိုက်ကြပြီးနောက် ၁၉၉၄ ခုနစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းခဲ့သည်။

၂၀၀၈ ခုနှစ်တွင် မြန်မာအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအတည်ပြုပြီး KIO အား နယ်ခြားစောင့်တပ် (Border Guard Force)အသွင် ပြောင်းစေသည်။

BGF အသွင်ပြောင်းရန် KIO ငြင်းဆန်သည့်အတွက် ၎င်းတို့အဖွဲ့မှ နှုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရန်ကြိုး ပမ်းသည့် KIO ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာ ဦးဆောင်သည့် Kachin State Progressive Party အား မြန်မာအစိုးရက ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့သည်။

ဆက်လက်၍ ၂၀၁၀ ခုနှစ်တွင် KIO ထိန်းချုပ်ရာဒေသများတွင် ရွေးကောက်ပွဲကျင်းပခြင်းမရှိဘဲ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ်လုံခြံုရေးအကြောင်းပြချက်ဖြင့်မြန််မာအစိုး ရနှင့် KIA ကြားတိုက်ပွဲစတင်လာသည်။

မေခ-မလိခ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကိုရပ်ဆိုင်းပေးရန်နှင့် ယင်းကြောင့် ပြည်တွင်းစစ်သို့ဦးတည်လာလျှင် ၎င်းတို့တွင်တာဝန်မရှိဟု KIO က တရုတ်သမ္မတဟူဂျင်တောင်၊ ရင်းနှီးမြှုပ်နှံသူ China Power Investment နှင့် Asia World ကုမ္ပဏီနှင့် မြန်မာအစိုးရထံသို့ စာရေးသားပေးပို့ပြီး ၃ လ အကြာစစ်ဖြစ်လာခြင်းဖြစ် သည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့သွယ်တန်းမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း မည့် ရှမ်းပြည်နယ်ရှိ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် KIA တပ်မဟာ (၄)  ထိန်းချုပ်ဒေသ များတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

Most read this week