ရခိုင်ဂတ်စ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး လူပ်ရှားမူ စတင်

ရခိုင်ဂတ်စ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး လူပ်ရှားမူ စတင်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်ဖြင့် ရခိုင်ပြည်နယ် တဝန်းလုံး လျှပ်စစ်မီး ရရှိရေး လူပ်ရှားမူ တစ်ရပ်ကို ရခိုင်ပြည်နယ် အဝန်းတွင် လူငယ် တစ်စုက စတင် လူပ်ရှားနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Poster-Arakan" ကျွန်တော်တို့ လူပ်ရှားတာက ပိုစတာ ကပ်ပြီး လူထုုတွေ ပါ၀င်လာအောင် ဆောင်ရွက်တဲ့နည်းနဲ့ လူပ်ရှား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပိုစတာထဲမှာတော့ ရခိုင်လို - ငါရို့ဂတ်(စ်) ငါရို့သုံးခွင့်ရှိရမည်။ ချက်ချင်း ၂၄ နာရီ မီးပေးပါ- ဆိုတဲ့ စာရေးသားထားပါတယ်။ ဒီပိုစတာကို မြို့နယ် အနှ့ံမှာ ကပ်ပြီး လူပ်ရှားတာ ဖြစ်ပါတယ်" ဟု လူပ်ရှားရာတွင် ပါ၀င်သူ လူငယ် တစ်ဦးက ပြောသည်။

အဆိုပါ လူပ်ရှားမူအား အောက်တိုဘာလ ၁၂ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က စတင် လူပ်ရှားခဲ့ခြင်း ဖြစ်ပြီး ပိုစတာများကို ရွှေဂတ်စ် စီမံကိန်း တည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အဓိကထား ဖြန့်ဝေခဲ့သည်ဟု သိရသည်။

" အဓိက ကျောက်ဖြူမြို့နယ်မှာ လူပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်က မဒဲကျွန်း၊ မလာကျွန်း တွေမှာလည်း အဲဒီ ပိုစတာတွေကို ကပ်ပြီး လူထုကို လုံ့ဆော်ခဲ့ပါတယ်။ ဒီဘက်မှာတော့ ရမ်းဗြဲ၊ တောင်ကုတ်ဘက်မှာလည်း စာရွက်တွေကို ကပ်ပြီး လူပ်ရှားခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ပိုစတာ စာရွက်များမှာ တောလက်ကျေးရွာများ အနှံ့တွင်လည်း ပျံ့နေကြောင်းသိရ သည်။

စွမ်းအင်ဝန်ကြီး ဦးသန်းဌေးမှ ရခိုင်ပင်လယ်ပြင်မှ ထွက်သော ဂတ်စ် ကို ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ် မရှိကြောင်း လွှတ်တော်တွင် များမကြာမှီက ထုတ်ဖေါ် ပြောကြားပြီးနောက် ရခိုင်က ထွက်သော ဂတ်စ်ဖြင့် ရခိုင်ပြည်နယ်တွင် (၂၄) နာရီ လျှပ်မီးရရှိရေး လူပ်ရှားမူကို ရခိုင်လူငယ်များက စတင်လာခြင်း ဖြစ်သည်။

လက်ရှိ အစိုးရ အနေဖြင့် ရခိုင်ပြည်မှ ထွက်ရှိသော ဂတ်စ်များအား တရုတ်ပြည်သို့ တင်ပို့ပြီး တခြား ဂတ်စ်များအားလည်း အစိုးရနှင့် စစ်တပ် အရာရှိများပိုင် စက်ရုံများတွင် အသုံးပြုရန် စီစဉ်နေသော သတင်းများလည်း ထွက်ပေါ်နေသဖြင့် ရခိုင်လူထု အကြားတွင် မကျေနပ်မူများ တိုးပွားနေသည်။

ယခု ရခိုင်က ဂတ်စ်ဖြင့် ရခိုင်ပြည်နယ် တဝန်းလုံးမီးလင်းရေးတွင် မြို့နယ်တိုင်းမှ လူငယ်များ ပါ၀င်နေပြီး စျေးနုန်း သက်သာစွာဖြင့် ရခိုင်ပြည်နယ် တဝန်းလုံး လျှပ်စစ်မီးရရှိအောင် အရေးဆို တိုက်ပွဲဝင်သွားရန် ပထမ ခြေလှမ်းဖြစ်ကြောင်း သူက ပြောသည်။

" ကျွန်တော်တို့ ပြည်သူတွေသိအောင် ပထမဆုံး ပိုစတာတွေ ကပ်ပြီး လူပ်ရှားမယ်။ ပီးရင် ဒီလူပ်ရှားမူမှာ ရခိုင်ပြည်သူတွေ ပါ၀င်အောင် စည်းရုံးသွားမယ်။ ဒီကတဆင့်တက်ပြီး ပြည်တွင်း ပြည်ပ ဆက်စပ်ပြီး လူပ်ရှား ဆောင်ရွက်သွားပါမယ်" သူက ပြောသည်။

ရခိုင်က ထွက်သော ဂတ်စ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးကို စစ်တွေ အပါအဝင် မြို့နယ်တိုင်းလိုလိုတွင် လူပ်ရှား ဆောင်ရွက်သွားမည် ဖြစ်ပြီး ရခိုင်ပြည်သူ တစ်ရပ်လုံး သူတို့ လူပ်ရှားမူတွင်ပူးပေါင်းပါ၀င်လာ မည်ဟု လူပ်ရှားသူ လူငယ်များက မျှော်လင့်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား အနည်းဆုံးသုံးသော ပြည်နယ် တစ်ခုဖြစ်ပြီး လက်ရှိသုံးစွဲနေသော လျှပ်စစ်မီးမှာလည်း ဒီဇယ်နှင့် ဓါတ်ဆီသုံး ဂျင်နရေတာ မီးစက်များမှ ဖြန့်ဖြူးသော လျှပ်စစ်မီးဖြစ်သည်။

၎င်းပြင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး စျေးအကြီးဆုံး ၀န်ဆောင်မူ ပေးနေရသော ပြည်နယ် တစ်ခုဖြစ်ပြီး မီတာခ တယူနစ်ကို ကျပ် ၄၀၀ မှ ၆၀၀ ထိပေးဆောင်ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မီတာခ တယူနစ် ၂၈ ကျပ်သာရှိပြီး လုပ်ငန်းသုံး လျှပ်စစ်မီး တယူနစ်ကို ကျပ် ၅၀ သာရှိသည်။

ဂျင်နရေတာ မီးစက်များမှ ဖြန့်ဖြူးသော လျှပ်စစ် ဓါတ်အားမှာ စက်မူ လက်မူ လုပ်ငန်းငယ်များကိုပင် လည်ပတ်ရန်ထိ အားမရှိသည့်အပြင် သုံးစွဲပါက မီတာခမှာလည်း အလွန်တရာ စျေးကြီးသဖြင့် မည်သူမှ မသုံးစွဲနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ လျှပ်စစ်မီးကြောင့် ရခိုင်ပြည်နယ် တိုးတက်ရန် အခက်အခဲ ဖြစ်နေသော်လည်း အုပ်ချုပ်သူ အစိုးရ အဆက်ဆက်မှ ရခိုင်ပြည်နယ် အတွင်း တစုံတစ်ရာ လျှပ်စစ်မီးရရှိအောင် မဆောင်ရွက်သည့် အပြင် ရခိုင်ပြည်နယ်မှ ထွက်ရှိသော ဂတ်စ်အားလည်း ရခိုင်ပြည်နယ်တွင် တစ်စုံတရာ မသုံးဘဲ တရုတ်သို့ ရောင်းစားထားသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြားတွင် အုပ်ချုပ်သူများ၏ လုပ်ရပ်ကို အထူး မကျေမနပ် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

Most read this week