ဆိုမာလီဓါးပြ အဖမ်းခံရတဲ့ လူလို ဖြစ်နေပါတယ် ဆို

ဆိုမာလီဓါးပြ အဖမ်းခံရတဲ့ လူလို ဖြစ်နေပါတယ် ဆို
by -
ကျော်ခ

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ရန်ကုန်မြို့နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော ဟာသ သရုပ်ဆောင် ဇာဂနာကို မဇ္ဈိမသတင်း ထောက် ကိုကျော်ခက တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်သည်။

zaganar1
ဒီကနေ့ လွတ်မြောက်မယ်ဆိုတာ ဘယ်လိုသိခဲ့ရပြီး ထွက်လာတော့ရော ဘာတွေလုပ်ခဲ့ရသေးလဲခင်ဗျ။

“ကျနော်တို့မနက် ငါးနာရီ ခွဲလောက်မှာ အိပ်နေတာ လာနှိုးပြီးတော့ ဒီနေ့ကျနော့်ကို လွှတ်ပါပြီလို့ လာပြောတယ်။ အဲဒါနဲ့ပဲ ထွက်လာတာ။ အဲဒီအချိန်ကတည်းက ထွက်နေတာ။ ခုထက်ထိ ထွက်နေတုန်းပဲ။”

ထောင်က မလွတ်ခင်အချိန်မှာ ထောင်က ထွက်လာခဲ့ရင် ဘာတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ထားခဲ့တာ ရှိလားခင်ဗျ။ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာကိစ္စတွေကိုရော ဆက်လုပ်ဖို့ရှိသေးလား။

“ခုပြောတဲ့ ကဏ္ဍသုံး ခုလုံးကို ကျနော်က လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒါကို ကျနော် ဆက်လုပ်သွားမှာပါ။ ကျနော်ဝါသနာပါတာကလည်း အဲဒီအလုပ်တွေပဲ ရှိတော့၊ အဲဒီအလုပ်တွေကိုပဲ ဆက်လုပ်သွားမှာပါ။”

ဦးဇာဂနာ အပါအဝင် နိုင်ငံရေးအကျဉ်းသား အချို့နဲ့ တခြား အကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးလိုက်တဲ့ အပေါ် ဘာလို့လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။

“အဲဒါကတော့ ဘာကြောင့် လွှတ်တယ် ဆိုတာကတော့ ဦးသိန်းစိန်ပဲ သိမှာပါ။ လွတ်လာတာကတော့ ကျနော်ဆိုတာသေချာတယ်။ ဘာကြောင့် ဆိုတာတော့ ကျနော်မသိဘူး။”

အစိုးရသစ်ရဲ့ လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ ဘယ်လိုမျိုးသိခဲ့ရလဲ။

“ထောင်ထဲမှာ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရပါတယ်။

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာမူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီး တော့ အားမရ ဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိ တို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓားမြ တွေအဖမ်းခံရတဲ့လူလိုဖြစ် နေတယ်။ ကျနော် တို့ကို ဘာနဲ့ပြန်ရွေးရမှာလည်း အဲလိုဖြစ်သွား ပြီ။”အဲဒီကနေသိရပါတယ်။”

အဲဒီလို ဖတ်သိရတယ်ဆိုတော့ အစိုးရသစ် အပေါ်မှာ အားရ ကျေနပ်မှု ရှိလား။

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”

အခု မြစ်ကြီးနားထောင်က လွတ်လာတာ ကိုဇာဂနာ နဲ့ တခြားနိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ပါသေးလဲ။ နောက်ပြီးတော့ ကျန်ခဲ့တဲ့လူတွေ ရှိလား။

“ကျနော်နဲ့အတူတူ ကိုမျိုးအောင်သန့် ပါလာပါတယ်။ သူကတော့ ၁၄ နှစ်လောက်ရှိပြီ ထောင်ထဲရောက် နေတာလေ။
နောက် ဇင်မင်းထွန်းဆိုတဲ့ ကလေးပါတယ်။ သူကတော့ သံဃာတော် အရေးတော်ပုံမှာ အဖမ်းခံရတာ သူကတော့
လေးနှစ်လောက် ရှိသွားပြီပေါ့နော်။ ကျန်တာကတော့ အများကြီးပဲ။ ဘုန်းကြီး လေးပါး ပါတယ်။ လူထဲကတော့ ဘိုကလေးက သီဟသက်ဇင်၊ ပဲခူးက ဇေယျာအောင်၊ ပုဂံက မျိုးမင်းသန်း၊ တောင်သာက ကြည်စိုး ကျန်ခဲ့တယ်။”

ကျန်ခဲ့တဲ့လူတွေအတွက် ဘာပြောချင်လဲ။

“အများကြီးကွာတယ်။ အရင်တုန်းကထက် အများကြီး တိုးတတ်လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အိုကေတယ်။ ဆရာဝန်တွေ ဘာတွေလဲ ရှိတယ်။ အဲဒါက တော့ ပြောစရာမလိုပါဘူး။ ကောင်းတယ်။ ကျနော် ထောင်လေးခါ ကျတဲ့အထဲမှာ ဒီတခေါက်ကျတာ ဓမ္မာရုံရောက်သလိုပဲ။”

“အကောင်းဆုံးကတော့ အကုန်လုံး လွတ်သွားတဲ့ အချိန်ကြရင် အကောင်းဆုံးပဲ။ အဲဒီအချိန်ကြရင် ပြောလို့ဆိုလို့ လုပ်လို့လည်းကောင်းမယ်။ ကျနော်ကတော့ အဲဒီအချိန်ကိုပဲ စောင့်မယ်။ အားလုံးလွတ်အောင်လဲ ကျနော်တို့ ကြိုးစားမယ်။”

ထောင်ထဲမှာရော၊ ကျန်းမာရေး စောင့်ရှာက်မှု၊ စားဝတ်နေရေးနဲ့ ကျန်မာရေးစောင့်ရှောက်ခွင့်တွေ ကောင်းကောင်း မွန်မွန် ရရဲ့လားခင်ဗျ။ တိုးတက်လာလား။

“အာ အများကြီးကွာတယ်။ အရင်တုန်းကထက် အများကြီး တိုးတက်လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး
တော့လည်း အိုကေတယ်။ ဆရာဝန်တွေ ဘာတွေလဲ ရှိတယ်။ အဲဒါကတော့ ပြောစရာ မလိုပါဘူး။ ကောင်းတယ်။ ကျနော် ထောင်လေးခါ ကျတဲ့အထဲမှာ ဒီတခေါက်ကျတာ ဓမ္မာရုံ ရောက်သလိုပဲ။”

ဦးဇာဂနာ မွေးထုတ်ပေးလိုက်တဲ့ သီးလေးသီး ဇာတ်အဖွဲ့တကွဲတပြားစီဖြစ်သွားတဲ့ အပေါ် ဦးဇာဂနာရဲ့သဘောထား က ဘယ်လိုရှိလဲခင်ဗျ။

“အခုကျနော့်ဘေးမှာကို စိန်သီးနဲ့ ဇီးသီးနဲ့ နှစ်သီးရှိတယ်။ တိုင်းပြည် ပြင်ပမှာ သွားသီးနေနဲ့ အသီးက ပန်းသီးရယ်။ ကြယ်သီးရယ်။ မီးသီးရယ် ဆိုတာရှိတယ်။ အကုန်လုံး အားလုံးပေါင်းပြီး ကနေတာကို တွေ့ကြရဦးမှာပေါ့။ ကျနော်
ပြန်ရောက်လာရင် အကုန်ဖြစ်သွားမှာပါ။ အားလုံးကို ကျနော်ဦးဆောင်ပါမယ်။”

Most read this week