ရခိုင် လူ့အခွင့်အရေး အဖွဲ့ ဖွဲ့စည်း

ရခိုင် လူ့အခွင့်အရေး အဖွဲ့ ဖွဲ့စည်း
by -
မောင်ရမ္မာ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်လူငယ် များ စုပေါင်းပြီး ရခိုင်ပြည်၏ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကိုလုပ်ဆောင်နိုင် ရန် အတွက် "ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုး တက်ရေး အဖွဲ့" ကို ဖွဲ့စည်းသည်ဟုအဖွဲ့တာဝန်ရှိ သူက ပြောသည်။

AHRDO
အဖွဲ့၏ တာဝန်ရှိသူ ဒါရိုက်တာ ကိုအောင်မင်းဦးက ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဥ္စရာသို့ ယခုလို ပြောသည်။

" အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ သဘာဝ ပတ်ဝန်း ကျင်ပျက်စီးမှုတွေကို ကျွန်တော်တို့က နိုင်ငံတကာနဲ့ မြန်မာ ပြည်သူ ပြည်သား တွေကို အသိ ပေးချင်တယ်။ မျှဝေချင်တယ်။ နောက်တခုက ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ လာတဲ့ ရခိုင် အမျိုးသားတွေရဲ့ လူမှု ဘဝ အခက်အခဲတွေကို တတ်နိုင်သမျှ အကူအညီပေးသွား ချင်တယ်။ ဒီလို ရည်ရွယ်ချက်တွေကြောင့် ဖွဲ့စည်းရတာ ဖြစ်ပါတယ်။"

အဖွဲ့အစည်းကို လုပ်ငန်းဌာန ၉ ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းလုပ်ငန်းဌာန တခုချင်းစီတွင် လျင်မြန်စွာ လုပ်ကိုင် နိုင်ရန် အတွက် ဒါရိုက်တာ၊ တွဲဖက် ဒါရို်က်တာနှင့် လုပ်ငန်းအဖွဲ့ဝင် (၉)ဦးနှင့် အကြံပေး အဖွဲ့ဝင် ရ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

အဖွဲ့၏ ရှေ့လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုအောင်မင်းဦးက ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာရှိနေတဲ့ "ရွေ"သဘာဝ ဓါတ်ငွေ့ စီမံကိန်း၊ ကုလားတန်မြစ်ကြောင်း စီမံကိန်းနဲ့ တခြား ရေကာတာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ရှေ့ထားပြီးတော့ မြန်မာပြည်သူတွေနဲ့ နိိုင်ငံတကာ အသိုင်းအဝိုင်းတွေက သိလာအောင် သုတေသန လုပ်သွားမယ်။ စာအုပ် စာတမ်းတွေ ဖြန့်ဝေ သွားဖို့ဖြစ်ပါတယ်။ ပြည်သူလူထုကိုလည်း အဲဒါတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုဆိုင်ရာတွေကို အသိပညာပေးသွားဖို့ ဖြစ်ပါတယ်။"

အဖွဲ့၏ အင်တာနက်စာမျက်နှာဖွင့်ပွဲ အခမ်းအနားနှင့် သတင်းစာ ရှင်းလက်းပွဲကိုလည်း အောက်တိုဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မဲဆောက်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဌာနအလှုပ်အမှုဆောင်များမှာ သတင်းနှင့်ပြန်ကြားရေး အောင်မင်းဦးနှင့် သဇင်ခိုင်၊ သုတေသနနှင့်မှတ် တမ်း မင်းခန့်နှင့်ဘနေထူး၊ ကျန်းမာရေးနှင့်ပညာရေး အုပ်စိုးခိုင်နှင့်ခိုင်အောင်စိုး၊ စာပေနှင့် ယဉ်ကျေးမှု ကျော် ခိုင်ထွန်းနှင့် ပန်းနုစံ၊ လူ့အခွင့်ရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေး ၀င်းကိုနိုင်နှင့် ပွင့်ဖြူကျော်၊ သဘာဝပတ်ဝန်းကျင် နှင့်ဂေ ဟစနစ်ထိန်းသိမ်းကာကွယ်ရေး ခိုင်ဝေဇော်နှင် အောင်ကျော်မင်း၊ စည်းရုံးရေးနှင့် ပြည်သူ့ဆက်ဆံရေး နေမင်း ထွန်းနှင့် မင်းနိုင်ထွန်း၊ အမျိုးသမီးရေးရာ မြတ်ဆွေဇံနှင့်မြတ်ဆုဝေ၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး အောင်ဇော်နိုင် နှင့်လှယိုင်ဖြူတို့ ဖြစ်ကြသည်။

အကြံပေးအဖွဲ့များမှာ ဆရာတော်ဦးသီဟ၊ ဦးကျော်ဟန်၊ ဦးခိုင်ဆန်းအောင်၊ ဦးဌေးဝင်း၊ ဦးအဦးမောင်၊ ဦးအောင် စံသိန်း၊ ဦးသာကျော်လှတို့ဖြစ်ကြသည်။

Most read this week