ဒုက္ခသည်များအား အကူအညီ မပေးရန် မြန်မာအစိုးရ ပိတ်ပင်

ဒုက္ခသည်များအား အကူအညီ မပေးရန် မြန်မာအစိုးရ ပိတ်ပင်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရသူစစ်ပြေး ဒုက္ခသည်များအား မြန်မာပြည်တွင်း ကယ်ဆယ်ရေး အေဂျင်စီများက အကူအညီမပေးရန် အစိုးရက ပိတ်ပင်ထားသည်ဟု ကချင်အမျိုးသမီးအစည်း အရုံး(ထိုင်းနိုင်ငံ) က ပြောဆိုလိုက်သည်။

senghkawnmai

အောာက်တိုဘာ ရ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်သည့် KWAT (Kachin Women’s Association Thailand) ၏ အစီရင်ခံစာ အရေးပေါ်သတင်းထုတ်ပြန်ချက်ရှင်းလင်းပွဲတွင် ပြောခွင့်ရသူများရှင်းလင်း ပြောဆိုသွား သည်။

“ကျမတို့ UNHCR ရန်ကုန်ကို ဆက်သွယ်ကြည့်ပါတယ်။ သုူတို့ cross border ကို ဘယ်လိုမှ မကူညီနိုင်တာကို ပြောပါတယ်။ အစိုးရကနေ ခွင့်ပေးမယ်ဆိုရင် သူတို့ သွားပြီးမှ ကူညီနိုင်ပါတယ်ဆိုပြီး ကျမကို အသိအလင်း ပြောခဲ့ပါတယ်။ ကူညီနိုင်အောင်ကြိုးစားနေဆဲပဲလို့ ပြောခဲ့ပါတယ်” ဟုု KWAT တွဲဖက်တာဝန်ခံ မခေါန်ဆိုင်း ပန် ပြောဆိုသွားသည်။

refugeeပြည်တွင်း အေဂျင်စီများက နယ်စပ်ရောက်ဒုက္ခသည်များကို အကူအညီ ပေးနိုင်ခြင်း ရှိ မရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာအခြေစိုက် ဒုက္ခသည်အရေးဆောင်ရွက်နေသည့် RANIR (Relief Action Network for IDP and Refugee) တာဝန်ခံ ဆလန် လရစ်ကို ဆက်သွယ်မေးမြန်းရာ မရှိသေးကြောင်းကချင်သတင်းဌာန သို့ ပြောဆိုသည်။

“မြန်မာစစ်အစိုးရသည် ပြည်သူများအား သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့် ပြစ်မှုများကို အစီအစဉ်ရှိရှိ ပစ်မှတ်ထား ကျူးလွန်နေသည့် အကျိုးဆက်အဖြစ် လွန်ခဲ့သော ၄ လအတွင်း ဒေသခံပြည်သူ ၂၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်လာသည်” ဟု KWAT မှ အရေးပေါ်သတင်း ထုတ်ပြန်ထားသည်။

ပဋိပက္ခဖြစ်ပွားသည့် ပထမနှစ်လအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ် (၃၇) ဦးမုဒိမ်းကျင့်ခံခဲ့ရပြီး ထိုအထဲမှ (၁၃) ဦး အသတ်ခံခဲ့ရသည်ကိုလည်း “မြန်မာပြည် ဖုံးကွယ်စစ်ပွဲ။ ကချင်လူမျိုးများအပေါ် ရက်စက်မှုများ” အမည်ဖြင့် KWAT က အစီရင်ခံစာ ပြုလုပ်ထားသည်။

အစီရင်ခံစာတွင် လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသအား မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာရာ အိုးအိမ်စွန့်ထွက်ပြေးလာသူ ဒုက္ခသည်ထောင်ချီ ထပ်မံ တိုးလာသည် ကိုလည်း ဖော်ပြထားသည်။

ထို့အပြင် စက်တင်ဘာ (၂၄) ရက်နေ့က မြန်မာအစိုးရစစ်သားများက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် မုဒိမ်းမှု ၃ ခု ကျူးလွန်ခဲ့ရာ အသက် ၁၄ နှစ်၊ ၁၇ နှစ်အရွယ် မိန်းကလေး ၂ ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတဦး ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းမခံရသေးသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုများအတွက် ကူညီဖြေရှင်းပေးရန် နိုင်ငံတကာ အစိုးရများထံ KWATက မေတ္တာရပ်ခံထား သော် လည်း တုန့်ပြန်မှု မရရှိသေးဟု ဆိုသည်။

Most read this week