မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တွေနဲ့ ပြည်နယ် အစိုးရငြိမ်းချမ်းရေးကော်မီတီတို့ဟာ မနေ့က မွန်ပြည် နယ်ရေးမြို့နယ် ခလရ ၆၁ တပ်ရင်းဧည့်ဂေ ဟာမှာပဏာမတွေ့ဆုံဆွေးနွေးရေးပြုလုပ်ခဲ့တယ် လို့ ပါတီရဲ့ ခေါင်းဆောင်တွေကပြောပါတယ်။
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရငြိမ်းချမ်းရေးကော်မီတီတို့ဟာ မနေ့က မွန်ပြည် နယ်ရေးမြို့နယ် ခလရ(၆၁)တပ်ရင်းဧည့်ဂေဟာမှာ ပဏာမတွေ့ဆုံဆွေးနွေးရေးပြုလုပ်ခဲ့တယ်လို့ ပါတီရဲ့ ခေါင်းဆောင်တွေကပြောပါတယ်။ မွန်ုပြည်သစ်ပါတီနဲ့မြန်မာအစိုးရတို့ အပစ်ခတ်ရပ်ဆဲရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း အခုလိုပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မွန်ပြည်သစ်ပါတီနဲ့ပြည်နယ်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာပါ၀င်တဲ့အချက်တွေကိုတော့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးနိုင်ဟံသာကအခုလို ပြောပါတယ်။
မွန်ပြည်သစ်ပါတီနဲ့မနေ့တုန်းက ပြည်နယ်အစိုးရပေါ့လေ လွှတ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ လူတွေသွား တွေ့တယ်။ အဓိကအားဖြင့်က တပြည်လုံးအပစ်ခတ်ရပ်ဆဲရေး ဖြစ်ပေါ်လာဖို့ နိုင်ငံရေးပြသနာကို UNFC ကျွန်တော်တို့တပ်ပေါင်းစုနဲ့ပေါ့နော်။ အဲတာလဲ ဗဟိုအစိုးရနဲ့ဆွေးနွေးဖို့ အဲတာကိုကျွန်တော်တို့ဘက်က တင်ပြတာပါ။ သူတို့ဘက်က ဒါအထက်ကိုတင်ပြပေးမယ်လို့ဘဲပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရေရေရာရာသဘောတူညီချက်တွေဘာမှမရရှိသေးသလို မွန်ပြည်သစ်ပါတီ အတွက် ဘာအခွင့်အရေးကိုမှ သီးခြားတောင်းဆိုတာမရှိဘူးလို့ နိုင်ဟံသာကပြောပါ တယ်။
မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းလာပေမဲ့ တဘက်မှာတခြားတိုင်းရင်းသား အဖွဲ့ တွေကို ထိုးစစ်ဆင်နေတဲ့အနေအထားကြောင့် UNFCအနေနဲ့သာဆွေးနွေးဖို့တောင်းဆိုရတယ်လို့ နိုင်ဟံသာ ကအခုလိုပြောပါတယ်။
တဖက်ကငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းနေပြီးတော့ တဖက်ကကချင်ပြည်နယ် ရှမ်းပြည်နယ်ဘက်မှာ ထိုးစစ်တွေအကြီးအကျယ်လုပ်နေတာ။ ဒါက မတူညီတဲ့လုပ်ရပ်တွေပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အဲဒီလို မဖြစ်စေချင်ဘူး။ အဲဒီလိုအဖြစ်မခံနိုင်အောင်လည်း ကျွန်တော်တို့ကUNFCအနေနဲ့ဘဲတွေ့ဆုံနေရာချချင် တယ် ဆိုတဲ့ဟာကိုကျွန်တော်တို့တောင်းဆိုနေပါတယ်။
ဒီဆွေးနွေးဖို့ကိုမွနိပြည်သစ်ပါတီက ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင်နိုင်တလညီခေါင်းဆောင်ပြီး ဗဟို ကော်မီတီဝင်နိုင်ဗညားလယ် ဒုဗိုလ်မှူးကြီးနိုင်ဟံသာတို့အဖွဲ့ဝင်အဖြစ်ပါ၀င်ခဲ့သလို ပြည်နယ်အစိုးရ ကိုယ်စား လှယ်ဘက်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်ဦးစီးပြီး အရှေ့တောင်တိုင်း စစ်ဌာန ချုပ်ကဗိုလ်မှူးကြီးထွန်းထွန်းညီအပါအဝင် ပြည်နယ်စည်ပင်သာယာရေးအရာရှိတွေပါ၀င်တယ်လို့ မွန်ပြည်သစ် ပါတီနိုင်ငံခြားဆက်ဆံရေးတာဝန်ခံနိုင်ဟံသာဗိုန်ခိုင်ကပြောပါ တယ်။
မြန်မာအစိုးရအနေနဲ့ မွန်ပြည်သစ်ပါတီအပေါ် ငြိမ်းချမ်းရေးအရတွေ့ဆုံဆွေးနွေးတာဟာ တိုင်းရင်းသား အချင်းချင်းကြားမှာသပ်သျှိုဖြိုခွဲတဲ့လုပ်ရပ်တစ်ခုလို့ OMCC လို့ခေါ်တဲ့နိုင်ငံတကာမွန်အမျိုးသားပူးပေါင်း ဆောင် ရွက်ရေးကော်မီတီရဲ့ဒုတိယဥက္ကဌ နိုင်သီရိမွန်ချမ်းက ပြောပါ တယ်။
မွန်ပြည်နယ်မှာရှိတဲ့ဒီကြံ့ဖွံ့အစိုးရရဲ့ မွန်ပြည်သစ်ပါတီအပေါ်တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာချက်အပေါ် ကျွန်တော်တို့ရဲ့ပြည်ပရောက် မွန်အမျိုးသားပူးပေါင်းဆောင်ရွက်ရေးကော်မီတီရဲ့အမြင်ကတော့ တွေ့ဆုံ ဆွေးနွေးရေးကမ်းလှမ်းချက်ဟာ ကျွန်တော်တို့ဗမာနိုင်ငံမှာနှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွါးနေတဲ့ပြည်တွင်းစစ်ကို အဆုံးသတ်စေချင်တဲ့သဘောမျိုးမပါဘဲနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအကြား တည် ဆောက် ထားတဲ့ညီညွတ်ရေးကိုဖြိုခွဲမယ်။ တိုက်ဖျက်မယ်။အဲဒီလိုအသုံးပြုမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့က ယုံကြည် ချက်မရှိဘူး။
မွန်ပြည်သစ်ပါတီဟာ(၂၀၁၀)ခုနှစ်စက်တင်ဘာလမှာ မြန်မာအစိုးရကနေတိုက်တွန်းထားတဲ့ ဌာနေပြည်သူ့ စစ်တပ်အသွင်ပြောင်းလဲရေးကိုလက်မခံငြင်းပယ်ခဲ့ပါတယ်။ ဒီတုန်းကမြန်မာစစ်တပ်ကနေထိုးစစ်ဆင်လာ မယ် ဆိုတဲ့သတင်းတွေကြောင့်ပါတီဗဟိုဝန်းကျင်ဒေသကရွာသား(၆၀၀)နီးပါးဟာထိုင်းနယ်စပ်ခလော့ခနီဒုက္ခ သည် စခမ်းနဲ့ ဗလဲ့ဒွန်ဖိုက်စခမ်းဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ပါတီရဲ့ ဖွံ့ဖြိုးရေးရုံး စီးပွါးရေးဌာန ဆက်ဆံ ရေး ဌာနတွေလဲပိတ်ပင်ခဲ့ရပါတယ်။
မွန်ပြည်သစ်ပါတီနဲ့မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်မှုပျက်ပြယ်သွားပြီးလို့ သတင်း တွေပေါ်ထွက်နေပေမဲ့ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုတော့မရှိခဲ့ပါဘူး။
မွန်ပြည်သစ်ပါတီဟာ(၁၉၉၅)ခုနှစ်ဇွန်လ(၂၉)ရက်နေ့မှာ မြန်မာစစ်အစိုးရနဲ့အပစ်ခတ်ရပ်ဆဲခဲ့ပြီး အပစ် ခတ်ရပ်ဆဲရေးသဘောတူညီချက်ကြောင့် မွန်ပြည်သစ်ပါတီအခြေခံဒေသတွေဖြစ်တဲ့ ရေးတောင်ပိုင်းဒေသ၊ ဘိတ်ခရိုင်နဲ့ မော်လမြိုင်-ထားဝယ် မော်တော်ကားလမ်းအနောက်ဘက်ဒေသတွေမှာစစ်ရေးအရသွားလာလှုပ် ရှား ခွင့် မရရှိတော့ဘဲကန့်သတ်ခံထားရပါတယ်။