ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ် ရခိုင်ခေါင်းဆောင် တချို့၏ တုန့်ပြန်မူများ

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ် ရခိုင်ခေါင်းဆောင် တချို့၏ တုန့်ပြန်မူများ
by -
နိရဥ္စရာ သတင်းဌာန

ကျောက်ဖြူမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင် အကွာ တွင် ရှိသော "ရွှေ" သဘာဝဓါတ်ငွေ့သိုက်မှ ရရှိလာသော သဘာဝဓါတ်ငွေ့များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေ ပေးရန် အစီအစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ aရက် နေ့က ကျင်းပခဲ့သော ပြည်သူ့လွတ်တော်တွင် မေးမြန်းခဲ့ပါသည်။

မောင်ရမ္မာ စုစည်း တင်ပြသည်။
----------------------------------
ကျောက်ဖြူမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင် ရှိသော "ရွှေ" သဘာဝဓါတ်ငွေ့သိုက်မှ ရရှိလာသော သဘာဝဓါတ်ငွေ့များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီအစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွတ်တော်တွင် မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်း ချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေးဖြေကြား ရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိလာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းက တဆင့် တရုတ်ပြည်ကို တင်ပို့သွားရန် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာချုပ်ဆိုထားသောစာချုပ် ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့များကို အသုံးပြု၍ မရဟု ဖြေကြားသွားခဲ့ပါသည်။

Hakuryu
ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင်ခေါင်းဆောင်များ နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

U-Aye-Tha-Aung-CRPP"ရခိုင်ပြည်ကထွက်တဲ့ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့စကားဟာ ရခိုင်ပြည်သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။ ထိခိုက်နစ်နာအောင် ပြောတဲ့စကားလို့ တိုတို တုတ်တုတ်နဲ့ ပြောချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ ထွက်လာတဲ့ သယံဇာ ပစ္စည်း အားလုံးဟာ ရခိုင်ပြည်နယ်သားတွေ အဓိကပိုင်ဆိုင် တယ်။ ရခိုင်ပြည်နယ်က ထွက်လာသမျှ ဂတ်စ်ဘဲ ဖြစ်ဖြစ်၊ ရေနံဘ ဲဖြစ်ဖြစ်၊ တခြား သစ်တော၊ ငါးပုဇွန်ထွက် လာသမျှရဲ့ သယံဇာတ ပစ္စည်းရဲ့ တန်ဖိုး ဟာ ရခိုင်ပြည်က ပိုင်ဆိုင်တာ ဖြစ်တယ်။ ရခိုင်ပြည်ဟာ အမှန် တကယ် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ် ဆိုလို့ ရှိရင် ဒီထွက်လာတဲ့ ပစ္စည်းရဲ့အချိုး ကျကိုတော့ ရခိုင်ပြည်နယ်က ခံစားခွင့် ရှိတယ်။ အဲဒါကြောင့် ဒီလို ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ဟာရခိုင်ပြည် မှာ အသုံးပြုရန် အစီအစဉ်မရှိလို့ ပြောတဲ့ ဟာသည် ရခိုင်ပြည်သူတွေ ကို စော်ကားလိုက်တဲ့ စကားလို့ဘဲ ကျွန်တော် မြင်ပါတယ်။"

-------------------------------------------------------------------

ဒေါက်တာအေးကျော်
(အမေရိကန်နိုင်ငံ)

DrAyeKyaw" ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်တွေ၊ သယံဇာတပစ္စည်းတွေဟာ ရခိုင်ပြည်သူပြည်သားအားလုံးရဲ့အကျိုးတရား ကို အခြေခံထားရမယ်။ ရခိုင်ပြည်ကထွက်တဲ့ ဟူသမျှဟာ အဲဒီလို ခံစားခွင့် မရတဲ့အတွက် ကြောင့်ပြည်ထောင် စု မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အဆင့် မဖြစ်လာဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ပြည် ထောင်စု မြန်မာနိုင်ငံလို့ ပြောနေတာဟာလည်းဘဲ အတု အယောင် ပြည်ထောင်စု မြန်မာနိုင်ငံသာဖြစ်နေ တယ်။ အဲဒါကြောင့် ရခိုင်ပြည်က ရတဲ့ ဂက်စ်၊ ရခိုင်ပြည်က ရတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုးတွေကို ရခိုင်ပြည်သူ ပြည်သားတွေကို ထိုက်သင့် အားလျော်စွာ အကျိုးခံစားခွင့်ရအောင် လုပ်ပေးရမယ်။ ဒါက ရခိုင်ပြည်တခု တည်းကို ပြောတာ မဟုတ်ဘူး။ တခြားပြည်နယ်တွေမှာလည်း ဒီအတိုင်း မူအရကျင့်ရမယ်။ ဒါမှကျွန်တော် တို့နိုင်ငံဟာ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာနိုင်မယ် ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲနဲ့ အတုအယောင် ပြည်ထောင်စ ုစနစ်မှာဘဲ ကျွန်တော်တို့ ရပ်တည်နေရဖို့ဘဲရှိပါ တယ်။"

-------------------------------------------------------------------

ဒေါက်တာ ခင်မောင်
NUPA ဥက္ကဌ
ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ဒုဥက္ကဌ (၁)

Dr.Khine-Maung-NUPA" ၀န်ကြီးပြောသွားတာက ရခိုင်ပြည်ရဲ့ ရေထု၊ မြေထု၊ လေထု၊ သဘာဝ စွမ်းအင်အားလုံးဟာ သူတို့ရဲ့ လက် အောက်မှာရှိတယ်ဆိုပြီး ရခိုင်ပြည်အပေါ်မှာ ကျင့်သုံးတဲ့ပေါ်လစီကို ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောသွားတာ ဖြစ်ပါတယ်။ အမှန်က ဒီ ပိုင်ဆိုင်မှုတွေဟာ ရခိုင်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်။ဒါပေ မယ့် ရခိုင်ပြည်သူတွေမှာ မိမိကိုယ်ကို မိမိ ဆုံးဖြတ် ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အာဏာမရှိတဲ့ အတွက် မိမိတို့ ပိုင်ဆိုင်တဲ့ သယံဇာတတွေကို မိမိတို့ သုံးစွဲပိုင်ခွင့်မရှိ ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် လက်ရှိ အစိုးရကနေပြီးတော့ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတ တွေကို ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့် ဘဲနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ သဘောနဲ့ စွမ်းအင်ဝန်ကြီးကထုတ် ဖေါ် ပြောကြားလိုက်တာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။"

-------------------------------------------------------------------

ဒေါ်စောမြရာဇာလင်း
ဥက္ကဌ ( ရခို်င်အမျိုးသမီးများအစည်းအရုံး)

Soe-Mrarazar-Lunn" ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်မှာ သုံးစွဲဖို့အစီအစဉ်မရှိဆိုတာကို ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူလူထုတရပ်လုံးကို ရက်ရက်စက်စက် စော်ကား လိုက်တာဖြစ်တယ်လို့ပြောချင် ပါတယ်။ ဒီဂတ်စ်ကို ရခိုင်ပြည်ကပိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင် ပြည်သူလူထုတရပ်လုံးပိုင်တဲ့ ရေနံနဲ့သဘဝဓါတ်ငွေ့တွေကို ရခိုင်ပြည်မှာ အသုံးပြုရမယ်။ အခုလို ဒီမိုကရေစီက ခြေလှမ်းစနေတဲ့ အစိုးရက ဒီလိုပြောလိုက်ခြင်းသည်ပင်လျှင် ရခိုင်ပြည်သူ တရပ်လုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု တရပ်လုံးအနေနဲ့ ထိထိရောက်ရောက် ကန့်ကွက်သင့်ပါတယ်။ ရခိုင်ပြည်သူတရပ်လုံးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွား အတွက် အားလုံးသော ရခိုင်ပြည်သူ တရပ်လုံးဟာ မဏ္ဍိုင်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ရခိုင်ပြည်ရဲ့ အကျိုးကို ထိထိရောက်ရောက် ကာကွယ်သင့်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။"

-------------------------------------------------------------------

ကိုထွန်းဇော်
တွဲဘက်အထွေထွေအတွင်းရေးမှူး ( ၁)
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များကွန်ကရက်

Tun-Zaw-AASYC"ကျွန်တော်မြင်တာကတော့ ရခိုင်ပြည်ကထွက်တဲ့ စွမ်းအင်ကို ရခိုင်ပြည်သူလူထုတွေနဲ့ တတိုင်း ပြည်လုံးမှာ ရှိတဲ့ စွမ်းအင်လိုအပ်တဲ့ နေရာတွေမှာ မဖြည့်ဆည်းဘဲနဲ့ ပြည်ပကို အားလုံး ရောင်းချ ပစ်တာကတော့ ပြည်သူလူထုဆန္ဒကို မလေးစားလို့မြင်ပါတယ်။ သူတို့ပြောတာက ပြည်သူလူထုရဲ့ အသံကိုနားထောင်ဖို့၊ ပြည်သူကိုလေးစားတဲ့ ဒီမိုကရေစီအစိုးရဆိုပြီး ကြွေးကြော်နေတာဟာ အခု ဒီအချက်ကနေပြီးတော့ ဒီမိုက ရေစီအစိုးရမဟုတ်၊ ပြည်သူတွေအသံကို နားမထောင်ဆိုတာကို ဖေါ်ပြလိုက်တယ်လို့ဘဲ ကျွန်တော်မြင်ပါ တယ်။"
-------------------------------------------------------------------

ကိုဝင်းအောင်
ရွှေဂတ်စ်လှုပ်ရှားမှှုတာဝန်ခံ

Wong-Aung-SGM" ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ ပညာ ရေးဘဲဖြစ်ဖြစ်၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလုပ်ပေးတာကို အများကြီး ကြိုဆိုလက်ခံပါတယ်။ ဒါပေ မယ့် ရခိုင် ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ဟာ ဘီလီယံ ထောင်နဲ့ ချီပြီး တန်ဖိုးရှိပါတယ်။ အဲဒီအထဲက ဒေသခံ တွေ အတွက် မလုပ်မဖြစ်တဲ့ ကျောင်းတွေ၊ ဆရာဝန်မရှိ၊ ဆေးမရှိတဲ့ ဆေးခန်းတွေဆောက်ပေးရုံနဲ့ ကျွန် တော်တို့ ကျေနပ်ရောင့်ရဲလို့မရပါ။ သူတို့ ပံ့ပိုး နေတာကလည်း တကယ့်လက်တွေ့မှ အလုပ်မဖြစ်ပါ။ ရွှေဂတ်စ် စီမံကိန်းကြောင့် ရခိုင်ပြည်သူများမှာ ဘိုးဘွားပိုင် လယ်ယာမြေများဆုံးရှုံးပြီး လယ်မဲ့ယာမဲ့ဘဝကိုသာ ရောက်သွားခဲ့ရတယ်။ ဘိုးစဉ် ဘောင်ဆက် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်လာကြ တဲ့လယ်မြေတွေကို အသိမ်းခံရတာ ရှိပါတယ်။ လယ်လုပ်တဲ့သူတွေမှာ ဘာတခုမှ ငြင်းပယ်နိုင်ခွင့်မရှိပါ။ အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီက ဖြစ်ဖြစ် သူတို့တောင်းတဲ့လယ်ယာမြေတွေကို သူတို့ပေးတဲ့ငွေနဲ့ရောင်းစားနေကြရတယ်။ အဲဒီ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အရေး ဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်၊ ဂတ်စ်ဖြစ်ဖြစ် ဘာတခုမှ ကျန်မှာမဟုတ်ပါ။ ဒီကထွက်တဲ့ဂတ်စ် တချို့တဝက်ကို အစိုးရနဲ့ ဆက်စပ်တဲ့ စီးပွားရေး သမားတွေရဲ့ စက်ရုံအလုပ်ရုံကို ပံ့ပိုးမှာဖြစ်ပြီးတော့ ကျန်တာတွေကို တရုတ်ကို ရောင်းဖို့ ဖြစ်ပါတယ်။ ဒေသခံတွေမှာတော့ ဘိုးဘွားစဉ်ဆက်ပိုင် လယ်ယာမြေတွေ အပါအဝင် လုပ်ကိုင်စား သောက်တဲ့ အခွင့်အလမ်းတွေ ပျက်သွားရတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အပြင် လူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ တွေ ပျောက်ကွယ်သွားဖို့ အခြေအနေဘဲ ရှိပါတယ်။"

-------------------------------------------------------------------

ရွှေသဘာဝ ဓါတ်ငွွေ့ စီမံကိန်း အကျဉ်း

"ရွှေ" သဘာဝဓါတ်ငွေ့ စီမံကိန်းကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင် ခဲ့ရာမှ စီးပွားဖြစ်သဘာဝဓာတ်ငွေ့သိုက် "ရွှေ" ကို ၂၀ဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့စီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၀၀ ကျော်ရရှိဖို့ဖြစ်ပါပြီး အဆိုပါ ၀င်ငွေများထဲမှ တချို့တဝက်ကို ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် သုံးစွဲသင့်ကြောင်း ရခိုင်အမျိုးသား များက ယုံကြည်နေကြသည့်အချိန်တွင် ယခုကဲ့သို့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရခိုင်ပြည်မှ ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်အတွက်အသုံးစွဲရန် အစီအစဉ်မရှိဟု ပြောဆို လိုက်သည့်အပေါ် ရခိုင်ပြည်သူများ အထူး မကျေနပ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။

Most read this week