"ကျနော်တို့နဲ့ အိန္ဒိယကတော့ နည်းနည်းလေး သွေးအေးနေတယ်"

"ကျနော်တို့နဲ့ အိန္ဒိယကတော့ နည်းနည်းလေး သွေးအေးနေတယ်"
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ သမ္မတဦးသိန်းစိန်၏ ဒုတိယကြိမ်မြောက် နိုင်ငံခြားခရီးစဉ် အဖြစ် အိန္ဒိယ နိုင်ငံသို့အောက်တိုဘာလလယ်ပိုင်းတွင် သွားရောက်ရန်ရှိသည်ဟု သမ္မတ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်ကပြောဆိုသည်။

theinseintourindia

သမ္မတဦးသိန်းစိန်၏ အောက်တိုဘာလလယ်ပိုင်း အိန္ဒိယခရီးစဉ်အတွင်း နိုင်ငံရေးနှင့် စီးပွားရေးကိစ္စများကို အဓိက ထား ဆွေးနွေးဖွယ်ရှိပြီး နယ်စပ် လုံခြံုရေး ကိစ္စရပ်များလည်း ပါဝင်နိုင်သည်ဟု သိရသည်။

ယခုခရီးစဉ်မှာ သမ္မတသက်တမ်း ခြောက်လကျော်အတွင်း ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး မေလအတွင်းက တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

စက်တင်ဘာလ ၂၉  ရက်နေ့က တရုတ်နိုင်ငံနှင့် အကျိုးတူ လုပ်ကိုင်နေသည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဖြစ်ကြောင်း သမ္မတအမိန့်ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ခရီးစဉ် ထွက်ပေါ်လာခြင်းမှာ ထူးခြားချက် ဖြစ်နေကြောင်း သုံးသပ်မှုများရှိနေပြီး အိန္ဒိယနှင့် တရုတ်တို့အပေါ် အင်အားချိန်ခွင် လျှာညီမည့် ခရီးစဉ်ဟုလည်း
ဒေါက်တာနေဇင်လတ်က ရှုမြင်ထားသည်။

ခရီးစဉ်အတွင်း ဆွေးနွေးနိုင်သည့်အကြောင်းများ၊ အိန္ဒိယ-မြန်မာ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ၊ မြန်မာ့အရေးနှင့် အိန္ဒိယ၊ မြန်မာ တူညီသည့်အကြောင်းအရာ စသည်များနှင့် ပတ်သက်၍ ဒေါက်တာနေဇင်  လတ်အား မဇ္စျိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

အခု သမ္မတဦးသိန်းစိန်က အိန္ဒိယကို ခရီးထွက်မယ်လို့ သိရပါတယ်။ ဘယ်တော့လောက် သွားဖြစ်မလဲ။

“ဟုတ်ကဲ့။ အောက်တိုဘာလထဲမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ဘယ်နေ့ဘယ်ရက် အတိအကျဆိုတာ ကတော့ ကျနော့်တို့မှာလည်း ပြောပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတကာမှာလည်း သမ္မတရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောလေ့ပြောထ မရှိပါဘူး”

ခရီးစဉ်အတွင်းကော ဘာတွေ ဆွေးနွေးတိုင်ပင်မယ်လို့ သိထားရသလဲ။

“ဒီခရီးစဉ်အသေးစိတ်တော့ ကျနော် မသိပါဘူးဗျ။ သို့သော်လည်း ပုံမှန်အနေနဲ့ကတော့ နိုင်ငံရေး၊ စီးပွားရေးပေါ့နော်။ ဒါတွေကတော့ အဓိက ပါတယ်ပေါ့ဗျာ။ ဒီ Issue နှစ်ခုကတော့ ဘယ်နိုင်ငံက အကြီးအကဲကပဲ ဘယ်နိုင်ငံကိုပဲ သွားသွားပေါ့ဗျာ။ နိုင်ငံရေးနဲ့ စီးပွားရေးကတော့ ဒါကတော့ Basic (အခြေခံ) ပေါ့နော်။ ဒီဟာတွေ ဖြစ်ဖို့ များပါတယ်”

မကြာသေးခင်ကလည်း ကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့် အိန္ဒိယနဲ့ Trade Volume က နည်းသေးတယ် ဗျ။ ကျနော်တို့ ထိုင်း-မြန်မာ၊ ကျနော်တို့ အိမ်နီးနားချင်းဖြစ်တဲ့ China ပေါ့နော်။ Trade Volume ကတော်တော်မြင့် တယ်လေ။

က အိန္ဒိယနဲ့ စီးပွားရေးနှစ်ဆ တိုးမယ်လို့ ပြောထားတော့ ဒီခရီးစဉ်ကကော စီးပွားရေးခရီးစဉ်တခုလို့ဆိုနိုင်မ လား။

“ရနိုင်ပါတယ်။ ကျနော်တို့ အိန္ဒိယနဲ့ Trade Volume ကနည်းသေးတယ်ဗျ။  ကျနော်တို့ ထိုင်း-မြန်မာ၊ ကျနော်တို့ အိမ်နီးနားချင်း ဖြစ်တဲ့ China ပေါ့နော်။ Trade Volume က တော်တော်မြင့်တယ်လေ။ အိန္ဒိယ ကတော့ တော်တော်လေး နည်းတာပေါ့။ နည်းတဲ့ အတွက်ကြောင့်မို့လို့ သူ့ဘက်ကိုလည်း ညှိဖို့ အလားအလား တွေရှိတယ်လို့ ကျနော်တို့ ယူဆနိုင်ပါတယ်”

အိန္ဒိယနဲ့ စီးပွားရေးနှစ်ဆ တိုးမယ်လို့ အခုအချိန်ကျမှ ပြောလာတာ ဘာကြောင့်လို့ ခန့်မှန်း မိပါသလဲ။

“ဒါက ဒီလိုရှိတယ်ခင်ဗျ။ ကျနော်တို့က အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နောက်တခါ ဒီဘက်က China၊ ဒီဘက်ကြည့် မယ်ဆိုရင် Thailand ပေါ့။ အိမ်နီးနားချင်း နိုင်ငံတွေ ရှိတယ်ပေါ့ဗျာ။ ရှိတယ်ဆိုတော့ သာမန်အားဖြင့် နိုင်ငံ တနိုင်ငံ ကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်နီးနားချင်းတွေနဲ့ပေါ့။ နိုင်ငံရေး အရလည်း ပြေလည်ဖို့ ဆောင်ရွက် ရတာရှိသလို ပေါ့ဗျာ။ စီးပွားရေးအရလည်း ကျနော်တို့က သာမန်အားဖြင့်ကတော့ Trade Volume ကို ကျော်တက်အောင် လုပ်ရတဲ့ သဘောတော့ ရှိတယ်ဗျ။ ဆိုတော့အခုလောလောဆယ်မှာ တော့ ကျနော်တို့နဲ့ အိန္ဒိယကတော့ နည်းနည်းလေးသွေးအေးနေတယ် ဆိုတဲ့ သဘောမျိုး အကြမ်းဖျဉ်းပြောလို့ရ တာပေါ့ဗျာ။ Trade အရကော၊ နိုင်ငံရေးအရကောပေါ့ဗျာ။ အဲဒီအတွက်ကို မြှင့်တင်တဲ့ သဘောလို့ သုံးသပ်လို့ ရပါတယ်”

ဒါဆိုရင် သွေးအေးနေတဲ့ နိုင်ငံရေး၊ စီးပွားရေးအရ တိုးမြှင့်ဖို့အတွက် ရည်ရွယ်တဲ့ ခရီးစဉ် တခုပေါ့။

“ပြောနိုင်ပါတယ်။ ဒါမှမဟုတ် ယူဆနိုင်ပါတယ်။ ဘာလို့ဆိုတော့ အိမ်နီးနားချင်း နိုင်ငံတွေ အကုန်လုံးနဲ့ က တော့ ကျနော်တို့က တော်တော်လေး ထဲထဲဝင်ဝင်ပေါ့၊ ခိုင်ခိုင်မြဲမြဲပေါ့ဗျာ။ နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှု လိုသလိုပဲ တစုံတရာလည်း ကုန်သွယ်ရေးဘက်မှာလည်း မြှင့်တင်ဖို လိုပါတယ်ခင်ဗျာ”

အခု အိန္ဒိယ-မြန်မာပူးတွဲလုပ်နေတဲ့ ကုလားတန်မြစ်စီမံကိန်းဟာ တိုးတက်မှုနည်းနေတာ တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လို့ကော သိထားရပါသလဲ။

“အဲဒါကျတော့ဗျ…Specialist Issue တွေ ဖြစ်သွားပြီဗျ။ ဆိုတော့ ကျနော် ထင်တယ်… သက်ဆိုင်ရာဝန်ကြီး ဌာနတွေကတော့ ကျနော်တို့ထက် ပိုပြီးသိမယ်လေ။ ကျနော်တို့က နည်းနည်း အလှမ်းဝေးသွားတဲ့ အခါကျတော့ ကျနော်တို့ ဖြေရင်လည်း သိပ်ပြီးတော့ ပြည့်စုံလုံလောက်တဲ့ အဖြေမျိုး ပေးနိုင်မယ်လို့တော့ သိပ်မထင်ဘူးဗျ”

“အဲဒါက နှစ်ဖက်စလုံး ဖြစ်နိုင်တယ်လေ။ ဥပမာအားဖြင့် Project ကနေပြီးတော့ နိုင်ငံတခုကို ဘယ်လောက် အထိကောင်းရာကောင်းကျိုးတွေ ပြုနိုင်မလဲ၊  နောက်တခါ Project မှာ ထည့်သွင်းရမယ့် Investment တွေ ပေါ့ဗျာ။ Investment Sharing တွေမှာက တစုံတရာ အားနည်းမယ် ဆိုလို့ရှိရင်လည်း ဒီလိုမျိုး ဖြစ်နိုင်တယ်။ နောက်တခါနိုင်ငံရေး အရလည်း Delay (နောက်ကျ) ဖြစ်နိုင်တယ်ပေါ့။ Delay ဖြစ်နိုင်တဲ့အကြောင်းအရင်း ကလည်း အများကြီး ရှိပါတယ်။ အဲဒီထဲက တခုခုတော့ ဖြစ်လို့တော့ တူပါတယ်”

အိန္ဒိယအရှေ့မြောက်က သူပုန်ကိစ္စတွေနဲ့ပတ်သက်ပြီးလက်နက်ကိုင်ပြီးတော့ နိုင်ငံတနိုင်ငံမှာရှိတဲ့အစိုးရတရပ် ကို ဆန့်ကျင်တဲ့ အဖွဲ့တွေအစည်းတွေ ရှိမယ် ဆိုရင်တော့ ဒါကိုတော့ တတ်နိုင်သလောက်ပေါ့ဗျာ။ တတ်နိုင်ရင် လည်းပပျောက် အောင်ပေါ့ဗျာ။ မတတ်နိုင် တော့လည်း လျော့ ပါး သွားအောင်ပေါ့။ အဲဒီလို လုပ်လေ့လုပ်ထ ရှိတဲ့ အစီအစဉ်တွေတော့ ရှိတတ်ပါတယ်။ကောအခုခရီးစဉ်မှာ ထူးခြား တိုးတက်မှုတွေ ဘာတွေ ရှိလာနိုင် မလဲ။

“အကြီးအကဲတွေ သွားပြီဆိုရင်တော့ပေါ့ဗျာ…။ တကယ့် Major Issue ပေါ့။ နိုင်ငံတနိုင်ငံ တနိုင်ငံတိုင်းမှာ ရှိတဲ့ ခြိမ်းခြောက်မှု ရှိလာနိုင်တဲ့ ကိစ္စရပ်တွေ အကုန်လုံးကတော့ သာမန်အားဖြင့်တော့ ထည့်သွင်းဆွေးနွေး ကြလေ့ ရှိတယ်ဗျ။ ဒါလည်း One of the Major Issue မဟုတ်ပေမယ့်လည်း သိပ်ပေါ့ပေါ့တန်တန် Issue မျိုး တော့လည်း မဟုတ်ဘူးပေါ့ဗျာ။ ဒါတွေလည်း ပါရင်လည်း ပါလာနိုင်ကောင်းပါတယ်”

“နိုင်ငံတခုပေါ့ဗျာ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပါ။ ကျနော်တို့နိုင်ငံမှ မဟုတ်ပါဘူးဗျ။ တခြားနိုင်ငံတွေလည်း ဒီအတိုင်း ပဲဗျ။ လက်နက်ကိုင်ပြီးတော့ နိုင်ငံတနိုင်ငံမှာရှိတဲ့ အစိုးရတရပ်ကို ဆန့်ကျင်တဲ့ အဖွဲ့တွေ အစည်းတွေ ရှိမယ် ဆိုရင်တော့ ဒါကိုတော့ တတ်နိုင်သလောက်ပေါ့ဗျာ။ တတ်နိုင်ရင်လည်း ပပျောက်အောင်ပေါ့ဗျာ။ မတတ်နိုင် တော့လည်း လျော့ပါး သွားအောင်ပေါ့။ အဲဒီလို လုပ်လေ့လုပ်ထရှိတဲ့ အစီအစဉ်တွေတော့ ရှိတတ်ပါတယ်။ ကျနော် ထင်တယ်… တစုံတရာ အတိုင်းအတာအထိတော့ ညှိနှိုင်းမှုတော့ရှိလာနိုင်ပါတယ်”

မြစ်ဆုံဆည်ရပ်ဆိုင်းထားပြီးတဲ့နောက် အခုလို အိန္ဒိယသွားမယ့်ခရီးစဉ်ဟာ နိုင်ငံရေးကြောင့် သွားရောက် တဲ့ခရီးစဉ်လို့ မပြောနိုင်ဘူးလား။

“မြစ်ဆုံနဲ့ကတော့ ဆက်စပ်မှု မရှိဘူးလို့ ကျနော်က ယူဆတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုရင် မြစ်ဆုံက ဖြစ်ခဲ့တာက ရက်ပိုင်းပဲ ရှိသေးတယ်လေ။ တနိုင်ငံနဲ့ တနိုင်ငံ ထိပ်သီးတွေပေါ့ဗျာ။ သွားကြ လာကြတယ် ဆိုတာကတော့ အစောကြီးကတည်းက ညှိနှိုင်းထားတဲ့ သဘောတွေ ရှိတယ်ခင်ဗျ။ အချိန်ကာလ တွက်မယ် ဆိုရင်တော့ မြစ်ဆုံကတော့ မနေ့၊ တနေ့ကမှ ဖြစ်တဲ့ကိစ္စဗျာ။ တနိုင်ငံနဲ့ တနိုင်ငံမှာ ခေါင်းဆောင်ချင်းတွေ လည်ကြ ပတ်ကြ၊ ချစ်ကြည်မှု လုပ်ကြတဲ့အခါမှာတော့ လလောက်နဲ့ ချီပြီးတော့မှ ညှိနှိုင်းထားတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ဆက်စပ်မှု တစုံတရာ ရှိမယ်လို့ ကျနော် မယူဆဘူးခင်ဗျ”

အခုသွားမယ့် အိန္ဒိယခရီးစဉ်ဟာ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ် ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် သွားတဲ့ခရီးစဉ် လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီတော့ ဆရာကကော ဘယ်လိုသုံးသပ်မိပါ သလဲ။

“နိုင်ငံကြီးတွေမှာတော့ ဒီမဟာဗျူဟာကတော့ ရှိတတ်တယ်၊ သုံးတတ်တယ်ဗျ။ အိန္ဒိယကလည်း ဘာပဲ ပြောပြော တဘီလျံလောက်ရှိတဲ့ Population (လူဦးရေတိုးတက်မှု) ရှိတဲ့ နိုင်ငံကြီးပေါ့ဗျာ။ သူ့လည်း အာရှ ဘက်မှာဆိုရင်နိုင်ငံကြီးထဲမှာ ပါတာပေါ့။ China ကလည်း ၁.၃ ဘီလျံ ကျော်ကျော်ရှိတဲ့ နိုင်ငံကြီးဆို တော့ သူတို့နိုင်ငံကတော့ လူဦးရေ အရကပဲ ပြောပြော၊ Per Capital အရပဲ ပြောပြောဗျ၊ GDP အရပဲ ပြောပြောဗျ။ တော်တော်လေးကို သူ့တို့က ကြီးတဲ့ နိုင်ငံတွေကိုးဗျ။ ကျနော်တို့ နိုင်ငံမှတင် မဟုတ်ပါဘူး။ တခြားဘယ်နိုင် ငံပဲ ဖြစ်ဖြစ်ပါဗျ။ တဘက်ဘက်နဲ့ သိပ်ပြီး  နီးကပ်တယ်လို့ ယူဆရင်တော့ ကျန်တဲ့ဥစ္စာကတော့ Balance လုပ်တတ်တဲ့ သဘာဝတော့ ရှိတယ်ခင်ဗျ”“ကျနော်တို့ နိုင်ငံငယ်တွေကလည်း ဒီအတိုင်းပဲပူပင်ရ တယ်ခင်ဗျ။ ကျနော်တို့ နိုင်ငံတွေကလည်း အဲဒီလိုပေါ့။  ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ ရင်းနှီးအောင်နေရတဲ့ သဘောတော့ ရှိတယ်ခင်ဗျ။ အဲဒီသဘောပါပဲ”

အိန္ဒိယနဲ့ ခုလို ဆက်ဆံရေးတိုးတော့ တရုတ်နဲ့ ဆက်ဆံရေး စီးပွားရေးမှာကျတော့လည်း အိမ်နီးနားချင်း
နိုင်ငံတွေက Trade ကို Volume ညှိကျရမယ့် သဘောပေါ့ဗျာ။ နောက် ချစ်ချင်ခင်ခင်၊ ကြင် ကြင်နာနာလေး ပိုပြီးတော့ ရှိကြရမယ့် သဘောပေါ့ဗျာ။ တနိုင်ငံနဲ့ တနိုင်ငံ Understanding တွေ ပိုရမယ့်သဘောပေါ့ဗျာ။ အဲဒါတွေ အပိုင်း မှာတော့ ကျနော် ထင်တယ်… ဘုံရှိနေမှု တော်တော် များများတော့ တူသွားပါပြီဗျ
မှာကောထိခိုက်လာနိုင်မလား။

“ဘယ်လို ပြောမလဲဆိုရင်တော့ အင်အားကြီးသွားတဲ့ နိုင်ငံတွေရဲ့ သဘော သဘာဝပေါ့နော်။ တရုတ်ရယ်၊ အိန္ဒိယ ရယ် ဆိုပြီး တော့ ခွဲတော့ မပြောတော့ဘူးပေါ့။ အင်အားကြီးသွားတဲ့ နိုင်ငံတွေကတော့ ဘာပဲပြောပြော တော့ဗျာ…နိုင်ငံတနိုင်ငံက ကိုယ့်ဘက်ကို ယိမ်းတာတော့ ပိုသဘောကျ ကျတယ်။ ဥပမာ တချိန်တုန်းက ဆိုရင် ကျနော်တို့က တဘက်က အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်စနစ် ရှိတယ်၊ နောက် ဆိုဗီယက်ရုရှား ဦးဆောင် တဲ့ ကွန်မြူနစ် စနစ် တခုရှိတယ်ဗျ။ အဲဒီအင်အားကြီးနှစ်ခုမှာဆိုရင် တတ်နိုင်သလောက် နိုင်ငံငယ်လေး တွေကို ဆွဲထားတတ်လေ့ ရှိတယ်။ သူက အရင်းရှင်စနစ်ကို ပိုယိမ်းတဲ့နိုင်ငံ၊ တတ်နိုင်သလောက် Organize လုပ်တယ်။ တဖက်ကလည်း ဆိုဗီယက် ရုရှား ကလည်း ကွန်မြူနစ်စနစ်ကို လက်ခံအောင်လို့ ကျနော်တို့ တတိယနိုင်ငံ၊ ဒုတိယနိုင်ငံတွေကို ဆွဲပြီး စည်းရုံးတဲ့ သဘောတော့ ရှိတယ်”

“နိုင်ငံကြီးလာပြီဆိုခဲ့လို့ရှိရင်တော့ ကိုယ်နဲ့ပိုပြီးတော့ နိုင်ငံတနိုင်ငံက ပိုရင်းနှီးတာမျိုးကိုတော့ လိုချင်ကြတယ်ဗျ။ ဒီသဘာဝလေးတွေတော့ ရှိကြပါတယ်။

မြန်မာ့နိုင်ငံရေးကို စဉ်းစားကြတဲ့အခါ အိန္ဒိယကော မြန်မာပါ တူညီတဲ့ဧရိယာဟာ ဘာလို့ ပြောနိုင်မလဲ။

“အခုဆိုရင်တော့ ရှင်းသွားပါပြီ။ အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ဒီမိုကရက်တစ် နိုင်ငံ ဖြစ်တာကိုး။သန်းတထောင် ကျော် ရှိတဲ့ ဒီမိုကရက်တစ် နိုင်ငံပေါ့ဗျာ။ နိုင်ငံရေးအရဆိုရင် ကျနော်တို့ကလည်း ဒီမိုကရက်တစ်လုပ်ငန်း စဉ်ကို သွားပြီလေ။ သွားတဲ့ အခါကျတော့ ဒီမိုကရေစီ အရေးကတော့ ဘုံတူညီတဲ့ အမြင်ပေါ့ဗျာ။ ဘုံတူညီတဲ့ ရပ်တည်ချက် ပေါ့ဗျာ။ ဆိုတော့ ဘုံသဘောမျိုးတော့ ကျနော်တို့ ပြောလို့ရသွားပါပြီ။ ဒီအမြင်မှာတော့ ရသွားပြီပေါ့”

“နောက်တခုက စီးပွားရေးမှာကျတော့လည်း အိမ်နီးနားချင်းနိုင်ငံတွေက Trade ကို Volume ညှိကျရမယ့် သဘော ပေါ့ဗျာ။ နောက် ချစ်ချင်ခင်ခင်၊ ကြင်ကြင်နာနာလေး ပိုပြီးတော့ ရှိကြရမယ့်သဘောပေါ့ဗျာ။ တနိုင်ငံနဲ့ တနိုင်ငံ Understanding တွေ ပိုရမယ့်သဘောပေါ့ဗျာ။ အဲဒါတွေအပိုင်းမှာတော့ ကျနော် ထင်တယ်… ဘုံရှိနေမှု တော်တော် များများတော့ တူသွားပါပြီဗျ”

ဒီခရီးစဉ်မှာကော မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးရလဒ်ရှိမယ်လို့ မျှော်လင့်ထားလဲ။

“ရှိနိုင်တယ်ဗျ။ အနည်းဆုံးကတော့ Trade ပိုင်းဆိုင်ရာမှာတော့ Volume ကြီးသွားနိုင်တယ်။ နောက်တခါ သမ္မတကြီး တွေ အဆင့် သွားကြပြီဆိုတဲ့ အခါကျတော့ တနိုင်ငံနဲ့ တနိုင်ငံကတော့ ပိုပြီးတော့ နားလည်မှုတွေ ရှိလာနိုင်တယ်။ ယုံကြည်မှုတွေ နိုင်ငံရေးအရလည်း ပိုရှိလာနိုင်တယ်။ စီးပွားရေးအရကော၊ နိုင်ငံရေး အရကောပေါ့ဗျာ။ နှစ်ဖက်စလုံး မှာတော့ နှစ်နိုင်ငံလုံးပေါ့ဗျာ အကျိုးအမြတ်တော့ ပိုရှိလာနိုင်တယ်ပေါ့”

“စီးပွားရေးကျတဲ့အခါကျတော့ ဒါက Technology Advantage ရှိတဲ့သူကတော့ ပိုအကျိုး အမြတ်ရှိတာပေါ့ဗျာ။
နောက် Raw Material ထွက်ပြီးတော့မှ Technolgy Add လုပ်ပြီးတဲ့အခါမှ ပို့နိုင်တဲ့သူ ကတော့ အကျိုးအမြတ် ပိုရှိမှာပေါ့နော်။ ဒါ အိန္ဒိယပိုင်းက သာတယ်ဆိုရင်တော့လည်း အိန္ဒိယက အကျိုး အမြတ် ပိုရှိမယ်။ မြန်မာဘက်
က သာတယ်ဆိုရင်တော့လည်း မြန်မာဘက်က ပိုပြီး အကျိုးရှိမှာပေါ့”