ချင်းဝန်ကြီးချုပ် က ဌာနဆိုင်ရာလုပ်ရပ်များ လူထုရှေ့မှောက်တွင် စစ်ဆေးမေးမြန်း

ချင်းဝန်ကြီးချုပ် က ဌာနဆိုင်ရာလုပ်ရပ်များ လူထုရှေ့မှောက်တွင် စစ်ဆေးမေးမြန်း
by -
ခိုနူမ်ထုန် သတင်းဌာန

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က ချင်းပြည် နယ် ဟားခါးနှင့် ထန်တလန်မြို့ပေါ်ရှိ ဌာန ဆိုင်ရာ တာဝန်ရှိသူများအား မြို့တော်ခန်းမတွင် ခေါ်ယူပြီး ဌာနအတွင်း လုပ်ငန်းနှင့် ပါတ်သက်ပြီးမတရားလုပ် ဆောင်မှုများအပေါ် ၀န်ကြီး ချုပ်ဟုန်း ငိုင်ကစစ်ဆေး မေးမြန်း မှုပြုလုပ််ကြောင်း သိရသည်။

Chin-state-Chief-Minister-Hung-Ngaiစက်တင်ဘာလ ၂၁ ရက်နေ့က ဟားခါးမြို့နယ်အဆင့် စီအဲန်ပီပါတီမှ ဌာနဆိုင်ရာ ၀န်ထမ်းများ ၏ ပြည်သူထံ ငွေမတရားကောက်ခံမှုများအပေါ် အရေးယူပေးရေး တင်ပြချက်ကြောင့် ယခုကဲ့သို့ ခေါ်ယူခြင်းဖြစ်ပြီး ဟားခါးမြို့ပေါ် ရပ်မိရပ်ဖများလည်း ဖိတ်ကြားထားကြောင်း  ၀န်ကြီးအားလုံးစုံလင်စွာတက်ရောက် ကြောင်း သတင်းရရှိသည်။

ပြည်နယ်အစိုးရဟာ Clean Government , Good government ဖြစ်ဖို့လိုတယ်၊ ဌာနဆိုင်ရာ တွေအနေနဲ့ ၄င်းတို့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူထံ ငွေမတရားကောက်ခံနေတာကို ၀န်ကြီးချုပ်ထံ တင်ပြတယ်၊ ဗဟို အစိုးရကိုလည်း မိတ္တူပေးတယ်ပေါ့ ဟု ဟားခါးမြို့နယ် စီအဲန်ပီ လူကြီးတဦးက ပြောသည်။

စီအဲန်ပီ၏ စာထဲတွင် အဓိကအားဖြင့် အခွန်၊ စည်ပင်သာယာရေး၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေး ဌာနများမှ ပြည်သူအပေါ် ငွေကောက်ခံမှုနှင် ့ပါတ်သက်ပြီး အစိုးရက ကြပ်မတ်ပေးရန်နှင့် အိန္ဒိယထုတ် ခိုင်နီး၊ ရာဂျာများ ပိတ်ပင်တားဆီးပေးရေး၊ အိုဘီအရက်များ တားမြစ်ပေးရေးများ ပါရှိကြောင်း သိရ သည်။

စီအဲန်ပီ၏ စာထဲတွင် အခွန်ဦးစီးဌာနက အခွန်လွတ်ငြိမ်းခွင့်ပုံစံ (၁၇) ရယူလိုသူ များအပေါ် ကျပ်ငွေ (၂၀၀၀၀) ကောက် ခံခြင်း၊ အခွန်ကိစ္စဆင့်ခေါ်ခံရာတွင် အမှုတွဲထိန်းခ ဆိုပြီး အနည်းဆုံး ကျပ်ငွေ ၂၀၀၀မှ အထက် လစဉ် ကောက်ခံခြင်း၊ စည်ပင်သာယာက မြို့ပေါ် လမ်းမီးပုံမှန်မပေးပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း၊  အမှိုက်သိမ်း ကျုံးပေးခြင်းမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်းများအပေါ် ကြပ်မတ်ပေးရန် ဟု ပါရှိသည်။

၀န်ကြီးချုပ်မေးမြန်းချက်အပေါ် ” စည်ပင်မှူးက လမ်းမီးအတွက် တကျပ်တောင်မကောက်ဘူး၊ငယ်သားတွေ က ကောက် တာ ဖြစ်ယင် အရေးယူ ဆောင်ရွက်မယ် လို့  ပြန်ပြောတယ်”  ဟု ၀န်ထမ်းတဦးက ပြောပြသည်။

ကျောင်းဆရာများက ကျောင်းသားများထံ ထင်းမီးများ ကောက်ခံနေခြင်းအပေါ် မပြုလုပ်သင့်ကြောင်းအခွန် ဌာနက ပုံစံ ၁၇ အတွက် ကျပ်ငွေ ၂၀၀၀၀ ကောက်ခံမှုအပေါ် ၀န်ကြီးချုပ်က သုည တလုံး ထပ် ပေါင်းပြီး ကောက်ခံသင့်ကြောင်း ပြောသည်ဟု ကြားသိရသည်။

ခိုင်နီး၊ ရာဂျာနှင့်  ၉၂ ခိုးသွင်းလာသူများအတွက် သတင်းပေးသူအား ဆုငွေ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ဆုချသင့် ကြောင်း ၊ ယင်းကိစ္စအတွက် ရဲ၊ ပြည်သူမှာ တာဝန်ရှိကြောင်း ၀န်ကြီးချုပ်က ထပ်မံပြောသည်ဟု ပြောကြသည်။

ယင်းတွေ့ဆုံပွဲသည် သန့်ရှင်းတဲ့အစိုးရ တည်ဆောက်ရေးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်ကြောင်း အစိုးရနှင့် ပြည်သူအကြား ပထမအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း ဒီမိုကရေစီဆန်လာကြောင်း၊ သို့သော် ၀န်ကြီးချုပ်သည် စစ်သားပီပီ လူထုနှင့် ပြည်သူအား ပြောဆိုဆက်ဆံမှုသည် အမိန့်သံပါနေသေး ကြောင်း ဟားခါးမြို့ ရပ်မိရပ်ဖ တဦးက ပြောသည်။

Most read this week